• Follow Us on

Home ျပည္ထဲေရးဝန္ႀကီးဌာန အမည္ခံ၍ KTV ၌ အလွဴေငြ ေကာက္ခံသူေလးဦးကုိ ရဲတပ္ဖြဲ႕မွ စုံစမ္းေထာက္လွမ္း၍ ဖမ္းဆီးလုိက္ၿပီ

ျပည္ထဲေရးဝန္ႀကီးဌာန အမည္ခံ၍ KTV ၌ အလွဴေငြ ေကာက္ခံသူေလးဦးကုိ ရဲတပ္ဖြဲ႕မွ စုံစမ္းေထာက္လွမ္း၍ ဖမ္းဆီးလုိက္ၿပီ

Share this post

ရန္ကုန္၊ ဇြန္ – ၂၅

ျပည္ထဲေရးဝန္ႀကီးဌာန အမည္ခံ၍ KTV ၌ အလွဴေငြ ေကာက္ခံသူေလးဦးကုိ ရဲတပ္ဖြဲ႕မွ စုံစမ္းေထာက္လွမ္း၍ ဖမ္းဆီးလုိက္ၿပီျဖစ္ပါတယ္။

ျဖစ္စဥ္မွာ ရန္ကုန္ၿမိဳ႕တြင္ ျပည္ထဲေရးဝန္ႀကီးဌာန အမည္ခံ၍ လိမ္လည္အလွဴခံမႈရွိေနေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းမႈမ်ား ျပဳလုပ္ခဲ့ရာ ရန္ကင္းၿမိဳ႕နယ္အတြင္းရွိ Perfect KTV တြင္ အမ်ိဳးသားေလးဦးက “ျပည္ထဲေရးဝန္ႀကီးဌာန ပရဟိတအဖြဲ႕မွျဖစ္ေၾကာင္း၊ ကေလးသူငယ္မ်ားအား စာေရးကိရိယာ၊ အာဟာရဒါနႏွင့္ သံဃာေတာ္မ်ားအတြက္ အလွဴခံသည္”ဟု ေျပာဆို၍ ေငြက်ပ္ ၅၀၀၀၀ အား လိမ္လည္အလွဴခံသြားေၾကာင္း သတင္းရရွိခဲ့ၿပီး လိမ္လည္အလွဴခံသြားသူေလးဦးအား ဥပေဒႏွင့္အညီ အေရးယူႏုိင္ေရး ဆက္လက္စုံစမ္းရွာ ေဖြမႈမ်ားျပဳလုပ္ခဲ့ပါတယ္။

ထုိေနာက္ ဆက္လက္စုံစမ္းရာ၌ ဇြန္ ၂၃ ရက္ ည ၈ နာရီခန႔္တြင္ မရမ္းကုန္းၿမိဳ႕နယ္ သမိုင္းဘူတာ႐ုံလမ္းမ ေပၚ၌ လိမ္လည္အလွဴခံသူမ်ားျဖစ္သည့္ ၿမိဳ႕ေဟာင္းအေရွ႕ ရပ္ကြက္သန္လ်င္ၿမိဳ႕နယ္ေန ေဝၿဖိဳးေအာင္ (၂၅ႏွစ္)၊ (၁၆၈)ရပ္ကြက္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ေန ေအာင္မ်ိဳးဦး(၂၃ႏွစ္)၊ ဘုရားကုန္းေက်း႐ြာ သန္လ်င္ၿမိဳ႕နယ္ ေန မ်ိဳးကိုကို (၂၈ႏွစ္)ႏွင့္ (၁၂)ရပ္ကြက္ သာေကတၿမိဳ႕နယ္ေန ထြန္းဝင္းေဇာ္(ခ)ကိုထြန္း (၂၅ႏွစ္) တို႔ကို ပ႐ုိ ေဘာက္ယာဥ္တစ္စီးႏွင့္အတူ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျပည္တြင္းအသင္းအဖြဲ႕ မွတ္ပုံတင္စိစစ္ေရးကတ္တစ္ခု၊ အလွဴခံစာ႐ြက္စာတမ္းအတုမ်ားႏွင့္ ဖမ္းဆီးရမိခဲ့ပါတယ္။

လက္ရွိအခ်ိန္၌ က်ဴးလြန္သူမ်ားကုိ ရန္ကင္းၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူေဆာင္႐ြက္လ်က္ရွိပါတယ္။

#PeopleMedia #ျပည္ထဲေရး #အလွဴေငြ

(unicode)
ပြည်ထဲရေးဝန်ကြီးဌာန အမည်ခံ၍ KTV ၌ အလှူငွေ ကောက်ခံသူလေးဦးကို ရဲတပ်ဖွဲ့မှ စုံစမ်းထောက်လှမ်း၍ ဖမ်းဆီးလိုက်ပြီ
……………………………………………………

ရန်ကုန်၊ ဇွန် – ၂၅

ပြည်ထဲရေးဝန်ကြီးဌာန အမည်ခံ၍ KTV ၌ အလှူငွေ ကောက်ခံသူလေးဦးကို ရဲတပ်ဖွဲ့မှ စုံစမ်းထောက်လှမ်း၍ ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန အမည်ခံ၍ လိမ်လည်အလှူခံမှုရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ရန်ကင်းမြို့နယ်အတွင်းရှိ Perfect KTV တွင် အမျိုးသားလေးဦးက “ပြည်ထဲရေးဝန်ကြီးဌာန ပရဟိတအဖွဲ့မှဖြစ်ကြောင်း၊ ကလေးသူငယ်များအား စာရေးကိရိယာ၊ အာဟာရဒါနနှင့် သံဃာတော်များအတွက် အလှူခံသည်”ဟု ပြောဆို၍ ငွေကျပ် ၅၀၀၀၀ အား လိမ်လည်အလှူခံသွားကြောင်း သတင်းရရှိခဲ့ပြီး လိမ်လည်အလှူခံသွားသူလေးဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်စုံစမ်းရှာ ဖွေမှုများပြုလုပ်ခဲ့ပါတယ်။

ထိုနောက် ဆက်လက်စုံစမ်းရာ၌ ဇွန် ၂၃ ရက် ည ၈ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းမ ပေါ်၌ လိမ်လည်အလှူခံသူများဖြစ်သည့် မြို့ဟောင်းအရှေ့ ရပ်ကွက်သန်လျင်မြို့နယ်နေ ဝေဖြိုးအောင် (၂၅နှစ်)၊ (၁၆၈)ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ်နေ အောင်မျိုးဦး(၂၃နှစ်)၊ ဘုရားကုန်းကျေးရွာ သန်လျင်မြို့နယ် နေ မျိုးကိုကို (၂၈နှစ်)နှင့် (၁၂)ရပ်ကွက် သာကေတမြို့နယ်နေ ထွန်းဝင်းဇော်(ခ)ကိုထွန်း (၂၅နှစ်) တို့ကို ပရို ဘောက်ယာဉ်တစ်စီးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်စိစစ်ရေးကတ်တစ်ခု၊ အလှူခံစာရွက်စာတမ်းအတုများနှင့် ဖမ်းဆီးရမိခဲ့ပါတယ်။

လက်ရှိအချိန်၌ ကျူးလွန်သူများကို ရန်ကင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါတယ်။

#PeopleMedia #ပြည်ထဲရေး #အလှူငွေ


Share this post