• Follow Us on

Home “ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်းနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမဖြစ်စေရန်နှင့်ဖောက်ဖျက်သူများ ကို တပ်မတော်မှ တာဝန်ယူတားဆီးမည်ဟု တပ်မတော်ထုတ်ပြန်”

“ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်းနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမဖြစ်စေရန်နှင့်ဖောက်ဖျက်သူများ ကို တပ်မတော်မှ တာဝန်ယူတားဆီးမည်ဟု တပ်မတော်ထုတ်ပြန်”

Share this post

ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်များတွင် AA၊ TNLA၊ MNDAA မှ ဝင်ရောက်တိုက်ခိုက်မှု ကို တပ်မတော် ရှင်းလင်းချက်

ရန်ကုန်၊ သြဂုတ် -၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ် နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်တစ်ခုတို့အား ယနေ့နံနက် ၅ နာရီခွဲခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများ က လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် တပ်မတော်သား  ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့အရပ်သားဝန်ထမ်း ၁ ဦး သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့ရှိ  တပ်မတော်နည်းပညာတက္ကသိုလ်အား အဆိုပါကျောင်း၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကား လမ်း၏ အရှေ့ဘက်ခြမ်းမှ ၁၀၇ မမ ရှော့တိုက်ဒုံးသီးများဖြင့်လည်းကောင်း၊ အေးရှားဝေါလ်တိုးဂိ တ်နှင့်   အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်တို့အား မော်တော်ယာဉ် ၁ စီးပေါ်မှ အရပ်ဝတ်  ဝတ်ဆင်ထားသူ ၂ ဦးမှ အာရ်ပီဂျီဖြင့်လည်းကောင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲကင်းစခန်း ၊ ကျောက်မဲသို့အထွက် နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်အား နံနက် ၅ နာရီခွဲခန့်တွင်  တစ်ချိန်တည်းတပြိုင်တည်း အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက် ပစ်ခတ်ခဲ့သဖြင့်  မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ချင်း တပ်မတော်စစ်ကြောင်းများက ဂုတ်တွင်းရဲကင်းစခန်း၊ နောင်ချိုတိုး ဂိတ် နှင့် အေးရှားဝေါလ်တိုးဂိတ်တို့အား စစ်ကူများသွားရောက် ပူးပေါင်းခဲ့ပြီး ဆက်လက်နယ်မြေ ရှင်းလင်းစဉ်  တပ်မတော်နည်းပညာတက္ကသိုလ်၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်မှ ဘတ္ထရီအိုး၊ ဝါယာကြိုးများနှင့် ချိတ်ဆက်ထားသည့် Type 63 ၁၀၇ မီလီမီတာ အမျိုးအစားဒုံးသီး ၆ လုံး၊ရှော့တိုက်ဒုံးများ ပစ်ခတ်ရန် အသင့်ပြုလုပ်ထားသည့် နေရာများနှင့်  ဘတ္ထရီအိုး  ၁ လုံးတို့အား တွေ့ရှိရသည်။

နောင်ချိုမူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် ဂုတ်တွင်းရဲကင်းစခန်းနေရာများတွင် မိ မိ တပ်မတော်  စစ်ကြောင်းများနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိပြီး အသေးစိတ်သတင်းများ ရရှိပါက  ဆက်လက်၍ သတင်းထုတ်ပြန်သွားမည်ဖြစ်သည်။

ယခုဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာ  အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါးစုစုပေါင်းတန်ဖိုး ငွေကျပ်  ၁၆ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးရိုက်စက်အပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက်စခန်းများအား လည်းကောင်း၊ သြဂုတ်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတို င် ကျေးရွာမှ  မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအားလည်း ကောင်း တပ်မတော်မှ  သိမ်းဆည်းရရှိခဲ့သည့်အပေါ် ကျေနပ်မှုမရှိခြင်း၊ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ  ထိခိုက်ကျဆုံးမှုများပြားပြီး စစ်ရေးအရ အရေးနိမ့်လာခြင်းတို့ ကြောင့် AA ၊ TNLA ၊ MNDAA အဖွဲ့မှ တရားဥပဒေစိုးမိုးမှုကို ထိပါး နှောင့်ယှက်ကာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်လာခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရ သည်။ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ် ပြန်ချက်စာပိုဒ်(၇)၌ “ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်မှုယန္တရားအဆင့်တွင်လည်းကော င်း၊ လမ်းပန်းဆက်သွယ်မှုလုံခြုံ ချောမွေ့ေ စရေးတွင် လည်းကောင်း၊ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်းနှင့် အကျိုးစီးပွားများကို လည်းကောင်း  ထိခိုက်မှုမဖြစ်စေရန်အတွက် တာဝန်ယူရမည် ” ဖြစ်ကြောင်းနှင့် ဖောက်ဖျက်လာပါက တပ်မတော်  အနေဖြင့် လိုအပ်သလို တားဆီးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ လိုအပ်သည်များ  ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


Share this post