• Follow Us on

Home ပြည်သူအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်ဟု တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း ပြော

ပြည်သူအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်ဟု တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂ (People Media)

အစိုးရက တောင်ကိုရီးယားပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေး မည်ဟု သမ္မတ မွန်ဂျေအင်က ယနေ့ ပြောကြားလိုက်သည်။

“ဦးစားပေးသတ်မှတ်ချက်တွေနဲ့အညီ ပြည်သူအားလုံးကို အခမဲ့ ကာကွယ်ဆေးထိုးနှံပေးဖို့ အစိုးရက လုပ်ဆောင်မှာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဖေဖော်ဝါရီလမှာ စတင်မှာဖြစ်ပါတယ်” ဟု နှစ်သစ်ကူးမိန့်ခွန်းအတွင်း ၎င်းက ပြောသည်။

ဂျိုးဘိုင်ဒင်ဦးဆောင်သော အစိုးရလက်ထက်တွင် တောင်ကိုရီး ယား-အမေရိကန် မဟာမိတ်ပြုမှု တိုးမြှင့် မည်ဟု သူက ဆိုသည်။ ရပ်တန့်နေသော မြောက်ကိုရီးယား-အမေရိကန် ဆွေးနွေးမှုနှင့် ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးမှု ပြန်လည်စတင်ရန် ကြိုးပမ်းမည်ဟု မွန်ဂျေအင်းက ပြောသည်။

“ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိက မောင်းနှင်အားက တွေ့ဆုံဆွေးနွေးမှုနဲ့ နှစ်ဦး နှစ်ဖက်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံက ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေး ဘက်စုံပါဝင်သော သဘောတူညီ ချက် (CPTPP) တွင်ပါဝင်ရေး စဉ်းစားမည် ဖြစ်သလို ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဥဇဘတ်ကစ္စတန်နိုင်ငံတို့နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီ ချက်များရရှိစေရန် တွန်းအားပေးလုပ်ဆောင်မည်ဟု ၎င်းက ပြော သည်။

ယခုနှစ်က တောင်ကိုရီးယားနိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းမှ ပြန်လည် ထူထောင်ပြီး ဦးဆောင်နိုင်ငံတစ်ခု ဖြစ်လာစေရန် ကြိုးပမ်းရမည့်နှစ်တစ်နှစ်ဟု သူက ဆိုသည်။

ကိုးကား – ယွန်ဟပ်

Ref; Moon says all S. Koreans will be given free COVID-19 vaccines

(unicode)
……………………………………………..









Ref; Moon says all S. Koreans will be given free COVID-19 vaccines


Share this post