• Follow Us on

Home ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ႀကိဳတင္မဲစာအိတ္အဆင့္အတန္းသည္ အေပါစားဆန္ေနေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဒုတိယဥကၠ႒ေျပာ

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ႀကိဳတင္မဲစာအိတ္အဆင့္အတန္းသည္ အေပါစားဆန္ေနေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဒုတိယဥကၠ႒ေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၃၀

၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲအတြက္ မဲေပးရာ၌ ျပည္ပအပါအဝင္၊ ျပည္တြင္းမဲေပးမႈမ်ားတြင္ မဲစာအိတ္မ်ားပြင့္ ေနျခင္း၊ မဲပုံးမ်ား၏ လုံၿခဳံေရး ႀကိဳးအမွတ္အသားျပတ္ေတာက္ျခင္းစသည္မ်ားျဖစ္ေပၚေနလ်က္ရွိသည္။

ရန္ကုန္တိုင္းေဒသႀကီး မဲဆႏၵနယ္မ်ားတြင္ အထက္ကဲ့ျဖစ္စဥ္မ်ားရွိၿပီး ယင္းအနက္ ဒဂုံၿမိဳ႕နယ္တြင္ ျဖစ္ ေပၚေနေသာ မဲစာအိတ္မ်ားပြင့္ေနျခင္းကိစၥအပါအ၀င္ လာမည့္ ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ ျပည္သူ႔ေရွ႕ ေဆာင္ပါတီ ဒုဥကၠ႒ ဦးေက်ာ္ေဇယ်အား People Media မွ ဆက္သြယ္ေမးျမန္းခဲ့သည္။

“၂၀၁၅ ထဲက ပိုသာေအာင္လုပ္မယ္လို႔၊ ၂၀၁၀ ထက္၊ ၂၀၁၅ ထက္ ၂၀၂၀ မွာ ပိုသာေအာင္လုပ္ျပမယ္လို႔ သူတို႔က ေႂကြးေၾကာ္ခဲ့တာပဲ၊ အခုၾကေတာ့ လက္ေတြ႕ေတြ႕ေနရတယ္၊ ပိုၿပီးေတာ့အေျခေနဆိုးေနတယ္၊ ဒါကို အန္ကယ္တို႔အေနနဲ႔ စိုးရိမ္ေနပါတယ္” ဦးေက်ာ္ေဇယ်(ျပည္သူ႔ေရွ႕ေဆာင္ပါတီ)

People Media ။ ။ ႀကိဳတင္မဲေတြေပါက္ေနတာေတြ၊ မဲပုံးေတြရဲ႕ လုံၿခဳံေရးႀကိဳးေတြ ျပတ္ေတာက္ေနတာက ဒါေတြက UEC မွာ တာ၀န္႐ွိတာလား၊ ဒါမွမဟုတ္ ဘယ္သူဆီမွာ တာ၀န္႐ွိေနတာလဲ။
ဦးေက်ာ္ေဇယ် ။ ။ ႀကိဳတင္မဲေပါက္တဲ့ဟာက ဂ်ပန္မွာေပးထဲက အေ၀းေရာက္မဲေပးထဲက လွမ္းေျပာေနၿပီသား ၊ ဒါေတြဟာ UEC က အေလးထားရမွာေလ၊ အခုလည္းဆက္ၿပီးေတြ႕ေနရတုန္းပဲ၊ ေတြ႕ရေတာ့ အခုျဖစ္ေနတဲ့ အန္ကယ္တို႔ ဒဂုံမွာဆိုရင္ ၿမိဳ႕နယ္ေကာ္မ႐ွင္ ဥကၠ႒ရဲ႕သေဘာထားကို ခ႐ိုင္က လက္မခံဘူး၊ အ့ဲေတာ့ အန္ကယ္ေျပာမယ္ NLD က ကန္႔ကြတ္တယ္၊ ဒါကတပ္ကမဲ၊ တပ္ကမဲဆိုေတာ့ သူက ေသခ်ာတယ္ တပ္ကမဲ ႀကိဳတင္မဲျဖစ္တဲ့အတြက္ဆိုၿပီး ကန္႔ကြက္တယ္။ အန္ကယ္ေျပာခ်င္တာက ခုစာအိတ္ေတြေပါက္ေနၿပီ ေတြ႕တဲ့ မဲကို UEC ကေသခ်ာေလး အတည္ျပဳခ်က္ထုတ္သင့္တယ္။ ဥပမာ – စာအိတ္ေပါက္တယ္၊ စာအိတ္ေပါက္ရင္ မေရေတာ့ဘူး၊ ဘယ္မဲမွမေရနဲ႔ တပ္မဲလည္းမေရနဲ႔ အေ၀းေရာက္မဲလည္း မေရနဲ႔ အသက္ေျခာက္ဆယ္ေက်ာ္မဲ လည္းမေရနဲ႔ အဲဒါေလးေတြ ျဖစ္သင့္တယ္။ ေပါက္တဲ့မဲေတြကေပါက္ ေပါက္ေပါ့ကြာ ဒါဆိုမသမာမႈမဟုတ္ဘူး၊ ေရမယ္ဆိုရင္လည္း အကုန္ေရ၊ ဒါေလးေတြကေတာ့ UEC က တိတိက်က် ထုတ္သင့္ၿပီလို႔ အန္ကယ္ထင္ တယ္၊ အခုဟာၾကေတာ့ သေဘာထားေတြက ကြဲလြဲေနတယ္၊ တစ္ၿမိဳ႕နယ္၊ တစ္ၿမိဳ႕နယ္မတူဘူး၊ အဲ့ေတာ့ အန္ကယ္တို႔က တကယ္ေတာ့ ဒါႀကီးျဖစ္လာတဲ့အခါၾကေတာ့ အမွန္စလုပ္ထဲကိုက UEC အားနည္းခ်က္ပဲေလ၊ ေကာ္ကပ္တာမကပ္တာ၊ စာအိတ္ေတြရဲ႕ အေနထား၊ အဆင့္အတန္းက အေပါစားႀကီးျဖစ္ေနတာကိုး၊ အဲေတာ့ ခုေတ့ာ ျဖစ္လာတဲ့အခါၾကေတာ့ တစ္ခုခုကို ဆုံးျဖတ္ရေတာ့မယ္၊ ေပါက္တဲ့စာအိတ္မွန္သမွ် မဲေရတြက္စာရင္း မသိရ အမိန္႔တရား၀င္ထုတ္ရင္လည္းထုတ္၊ ခုၾကေတာ့ ၿမိဳ႕နယ္ေကာ္မ႐ွင္တို႔၊ ခ႐ိုင္ေကာ္မ႐ွင္တို႔၊ တိုင္းေကာ္မ ႐ွင္တို႔က တိတိက်က် ဒါကိုဘယ္လိုလုပ္မယ္ဆိုတာလည္း အန္ကယ္တို႔ မသိရဘူး၊ ကိုယ္စားလွယ္ေတြက ထည့္ေရခ်င္ေရမယ္၊ ထည့္မေရခ်င္မေရဘူး သူတို႔လုပ္ခ်င္တာလုပ္ေနတယ္၊ သေဘာထားကေတာ့ အဲဒါပါပဲ၊ ဘာေပးရမွန္းကိုမသိေတာ့ဘူး။

People Media ။ ။ လြတ္လပ္ၿပီး တရားမွ်တတဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲကို အန္ကယ္ဘယ္ေလာက္ေမွ်ာ္မွန္း ထားလဲ၊ အခုအေျခအေနေတြေၾကာင့္ ေမွ်ာ္မွန္းခ်က္ေတြ ကုန္ဆုံးေနၿပီလား။
ဦးေက်ာ္ေဇယ် ။ ။ အန္ကယ္ကေတာ့ ၂၀၁၅ ေ႐ြးေကာက္ပြဲ၀င္တဲ့ကိုယ္စားလွယ္ဆိုေတာ့ ယွဥ္ၾကည့္ရမွာေပါ့၊ ၂၀၁၅ တုန္းကလည္း ဥပေဒေရး ဦးစီးတဲ့ေကာ္မ႐ွင္ကိုလည္းေျပာၾကတယ္၊ မဲစာရင္းေတြမွားတယ္ျပဳတယ္လို႔၊ ကဲဟုတ္ၿပီ ၂၀၂၀ နဲ႔ ယွဥ္ၾကည့္တဲ့အခါ ဦးတင္ေအးလက္ထက္မွာ အန္ကယ္ထင္တယ္၊ အန္ကယ္လည္း ေသခ်ာကို မွတ္မိပါတယ္၊ စာအိတ္ေပါက္တာ၊ ျပဳတာေတြ၊ ႀကိဳတင္မဲေတြမွာ ျပႆနာေတြမတတ္ဘူး၊ တတ္တာ နည္းတယ္၊ မ႐ွိဘူး၊ အသံမၾကားမိဘူး၊ ႀကိဳတင္မဲပိတ္တယ္၊ ခ်ိတ္ပိတ္ထားတယ္၊ ဖြင့္တယ္၊ ပုံးေတြ အန္ကယ္တို႔လည္း ေတြ႕ေနရတယ္ေပါ့ေနာ္၊ အားနည္းခ်က္ကမ႐ွိဘူးေပါ့၊ အခုၾကမွ ပိုတိုးတတ္လာမွာေလ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္ကေျပာထားတယ္၊ ဒီ ၂၀၂၀ ေ႐ြးေကာက္ပြဲကို စံျပလုပ္မယ္၊ စံျပမလုပ္ဘူး၊ ပိုသာရမယ္ ေပါ့၊ ၂၀၁၅ ထဲက ပိုသာေအာင္လုပ္မယ္လို႔၊ ၂၀၁၀ ထက္၊၂၀၁၅ ထက္ ၂၀၂၀ မွာ ပိုသာေအာင္လုပ္ျပမယ္လို႔ သူတို႔က ေႂကြးေၾကာ္ခဲ့တာပဲ၊ အခုၾကေတာ့ လက္ေတြ႕ေတြ႕ေနရတယ္၊ ပိုၿပီးေတာ့အေျခေနဆိုးေနတယ္၊ ဒါကို အန္ကယ္တို႔အေနနဲ႔ စိုးရိမ္ေနပါတယ္”လို႔ ေျပာပါတယ္။

People Media ။ ။ အကယ္၍ NLD ႏိုင္ခဲ့မယ္ဆိုရင္ ဒီမဲေတြက ဆုံး႐ူံးမဲ့ မဲေတြလား၊ ပယ္မဲျဖစ္ေနမလား။ ဦးေက်ာ္ေဇယ် ။ ။ NLD က အရင္ကမဲေတြတုန္းကလည္း ေ႐ြးေကာက္ပြဲတစ္မဲႏိုင္ရင္ႏိုင္ၿပီေပါ့၊ ဒါေတြဟာ အခုဒီလိုမ်ဳိးျဖစ္လာေတာ့ အာဏာရပါတီရဲ႕ ၀ွက္ဖဲသေဘာမ်ဳိးလား၊ ႀကိဳတင္စီမံသလားဆိုတာကိုေတာ့ အန္ကယ္တို႔က ဒါစဥ္းစားစရာေတြျဖစ္လာၿပီေပါ့၊ ႀကိဳတင္ၿပီး ဒါသူတို႔ရဲ႕ စြတ္စြဲသေဘာမ်ဳိးနဲ႔ ဒီႀကိဳတင္မဲကို ဟထားသလား၊ ေရမွာလား၊ မေရဘူးလား ဘယ္လိုမဲေတြလည္း၊ အခုဆိုဘဲ ဒီေန႔ အန္ကယ္တို႔ လွည့္ပတ္ ေနတာေလ၊ တစ္ခ်ဳိ႕ၿမဳိ႕နယ္ မဂၤလာဒုံၿမိဳ႕နယ္မွာ အသက္ေျခာက္ဆယ္ေက်ာ္ ႀကိဳတင္မဲေတြလိုက္ေကာက္တ ယ္၊ လိုက္ေကာက္တဲ့အခါမွာလည္း ကိုယ္စားလွယ္ရဲ႕ကိုယ္စားလွယ္ေခၚတာေပါ့၊ မလိုက္ရင္ေလ သူတို႔က ပိုေကာင္းေလပဲ (သို႔ေသာ္လည္းပဲ) NLD ဘက္က ျပည့္ျပည့္၀၀ အားခဲၿပီးလိုက္တယ္၊ အသက္ေျခာက္ဆယ္ ေက်ာ္မဲကိုလိုက္ၿပီးေတာ့ယူတယ္၊ ယူတဲ့အခါမွာလည္းပဲ ဘယ္လိုျဖစ္မလဲဆိုေတာ့ အဲမွာ ခ႐ိုင္ကမွဴးႀကီးေတြ အိမ္တစ္အိမ္ေရာက္ၿပီ ႀကိဳတင္မဲေကာက္ေတာ့မယ္ဆိုရင္ ေ႐ွ႕မွာသြားေနတယ္ ဆိုက္ကားေတြနဲ႔ ေအာင္ႏိုင္ေရး သီခ်င္းေတြဖြင့္ေနတယ္၊ လုပ္ေနတယ္ ဒါကလည္းတစ္မ်ဳိးေပါ့၊ တကယ္တမ္းၾကေတာ့ ျပတ္ျပတ္သားသားနဲ႔ လုပ္သင့္တဲ့ဟာေတြ ကိုယ္စားလွယ္ေလာင္းမ်ားဟာ ႀကိဳတင္မဲေပးသင္တဲ့အေရတြက္မ်ားေလ ကိုယ္စားလွယ္ ေလာင္းမ်ားက ပို၀န္ပိေလပဲ ၊ မသမာမႈမ်ားႏိုင္ေလပါပဲ။

People Media ။ ။ ေနာက္ဆုံးအေနနဲ႔ ဘာျဖည့္စြတ္ေျပာခ်င္တာ႐ွိလဲ။
ဦးေက်ာ္ေဇယ် ။ ။ Covid-19 နဲ႔ ေလ်ာ္ညီစြာ သူတို႔သ႐ုပ္ျပပြဲေတြ လုပ္ေနတယ္၊ ေနရာတိုင္း၊ ေနရာတိုင္း၊ တစ္ႏိုင္ငံလုံး မဲ႐ုံေတြမွာ အဲ့ဒီလိုသ႐ုပ္ျပၾကေတာ့ စနစ္က်မွာပဲ၊ အဲ့ဒီသ႐ုပ္ျပၾကေတာ့ စနစ္က်မွာပဲ လူႀကီးကိုျပတာကိုး၊ တာ၀န္႐ွိတဲ့သူက UEC ဥကၠ႒ ဦးစီးၿပီးျပတာကိုး အန္ကယ္ထင္တယ္၊ တစ္ႏိုင္ငံလုံးက အဲလိုသ႐ုပ္ျပမဲ႐ုံေတြကို ဒီ Social Distancing မလုပ္ႏိုင္ဘူး၊ အဲဒါေလးေလးေတြက အန္ကယ္ရင္ေလးစရာေပါ့။

#PeopleMedia

(unicode)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြိုတင်မဲစာအိတ်အဆင့်အတန်းသည် အပေါစားဆန်နေကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌပြော
…………………………………………………

ရန်ကုန်၊ အောက်တိုဘာ ၃၀

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးရာ၌ ပြည်ပအပါအဝင်၊ ပြည်တွင်းမဲပေးမှုများတွင် မဲစာအိတ်များပွင့် နေခြင်း၊ မဲပုံးများ၏ လုံခြုံရေး ကြိုးအမှတ်အသားပြတ်တောက်ခြင်းစသည်များဖြစ်ပေါ်နေလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်များတွင် အထက်ကဲ့ဖြစ်စဉ်များရှိပြီး ယင်းအနက် ဒဂုံမြို့နယ်တွင် ဖြစ် ပေါ်နေသော မဲစာအိတ်များပွင့်နေခြင်းကိစ္စအပါအဝင် လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူ့ရှေ့ ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျအား People Media မှ ဆက်သွယ်မေးမြန်းခဲ့သည်။

“၂၀၁၅ ထဲက ပိုသာအောင်လုပ်မယ်လို့၊ ၂၀၁၀ ထက်၊ ၂၀၁၅ ထက် ၂၀၂၀ မှာ ပိုသာအောင်လုပ်ပြမယ်လို့ သူတို့က ကြွေးကြော်ခဲ့တာပဲ၊ အခုကြတော့ လက်တွေ့တွေ့နေရတယ်၊ ပိုပြီးတော့အခြေနေဆိုးနေတယ်၊ ဒါကို အန်ကယ်တို့အနေနဲ့ စိုးရိမ်နေပါတယ်” ဦးကျော်ဇေယျ(ပြည်သူ့ရှေ့ဆောင်ပါတီ)

People Media ။ ။ ကြိုတင်မဲတွေပေါက်နေတာတွေ၊ မဲပုံးတွေရဲ့ လုံခြုံရေးကြိုးတွေ ပြတ်တောက်နေတာက ဒါတွေက UEC မှာ တာဝန်ရှိတာလား၊ ဒါမှမဟုတ် ဘယ်သူဆီမှာ တာဝန်ရှိနေတာလဲ။
ဦးကျော်ဇေယျ ။ ။ ကြိုတင်မဲပေါက်တဲ့ဟာက ဂျပန်မှာပေးထဲက အဝေးရောက်မဲပေးထဲက လှမ်းပြောနေပြီသား ၊ ဒါတွေဟာ UEC က အလေးထားရမှာလေ၊ အခုလည်းဆက်ပြီးတွေ့နေရတုန်းပဲ၊ တွေ့ရတော့ အခုဖြစ်နေတဲ့ အန်ကယ်တို့ ဒဂုံမှာဆိုရင် မြို့နယ်ကော်မရှင် ဥက္ကဋ္ဌရဲ့သဘောထားကို ခရိုင်က လက်မခံဘူး၊ အဲ့တော့ အန်ကယ်ပြောမယ် NLD က ကန့်ကွတ်တယ်၊ ဒါကတပ်ကမဲ၊ တပ်ကမဲဆိုတော့ သူက သေချာတယ် တပ်ကမဲ ကြိုတင်မဲဖြစ်တဲ့အတွက်ဆိုပြီး ကန့်ကွက်တယ်။ အန်ကယ်ပြောချင်တာက ခုစာအိတ်တွေပေါက်နေပြီ တွေ့တဲ့ မဲကို UEC ကသေချာလေး အတည်ပြုချက်ထုတ်သင့်တယ်။ ဥပမာ – စာအိတ်ပေါက်တယ်၊ စာအိတ်ပေါက်ရင် မရေတော့ဘူး၊ ဘယ်မဲမှမရေနဲ့ တပ်မဲလည်းမရေနဲ့ အဝေးရောက်မဲလည်း မရေနဲ့ အသက်ခြောက်ဆယ်ကျော်မဲ လည်းမရေနဲ့ အဲဒါလေးတွေ ဖြစ်သင့်တယ်။ ပေါက်တဲ့မဲတွေကပေါက် ပေါက်ပေါ့ကွာ ဒါဆိုမသမာမှုမဟုတ်ဘူး၊ ရေမယ်ဆိုရင်လည်း အကုန်ရေ၊ ဒါလေးတွေကတော့ UEC က တိတိကျကျ ထုတ်သင့်ပြီလို့ အန်ကယ်ထင် တယ်၊ အခုဟာကြတော့ သဘောထားတွေက ကွဲလွဲနေတယ်၊ တစ်မြို့နယ်၊ တစ်မြို့နယ်မတူဘူး၊ အဲ့တော့ အန်ကယ်တို့က တကယ်တော့ ဒါကြီးဖြစ်လာတဲ့အခါကြတော့ အမှန်စလုပ်ထဲကိုက UEC အားနည်းချက်ပဲလေ၊ ကော်ကပ်တာမကပ်တာ၊ စာအိတ်တွေရဲ့ အနေထား၊ အဆင့်အတန်းက အပေါစားကြီးဖြစ်နေတာကိုး၊ အဲတော့ ခုတေ့ာ ဖြစ်လာတဲ့အခါကြတော့ တစ်ခုခုကို ဆုံးဖြတ်ရတော့မယ်၊ ပေါက်တဲ့စာအိတ်မှန်သမျှ မဲရေတွက်စာရင်း မသိရ အမိန့်တရားဝင်ထုတ်ရင်လည်းထုတ်၊ ခုကြတော့ မြို့နယ်ကော်မရှင်တို့၊ ခရိုင်ကော်မရှင်တို့၊ တိုင်းကော်မ ရှင်တို့က တိတိကျကျ ဒါကိုဘယ်လိုလုပ်မယ်ဆိုတာလည်း အန်ကယ်တို့ မသိရဘူး၊ ကိုယ်စားလှယ်တွေက ထည့်ရေချင်ရေမယ်၊ ထည့်မရေချင်မရေဘူး သူတို့လုပ်ချင်တာလုပ်နေတယ်၊ သဘောထားကတော့ အဲဒါပါပဲ၊ ဘာပေးရမှန်းကိုမသိတော့ဘူး။

People Media ။ ။ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၂၀ ရွေးကောက်ပွဲကို အန်ကယ်ဘယ်လောက်မျှော်မှန်း ထားလဲ၊ အခုအခြေအနေတွေကြောင့် မျှော်မှန်းချက်တွေ ကုန်ဆုံးနေပြီလား။
ဦးကျော်ဇေယျ ။ ။ အန်ကယ်ကတော့ ၂၀၁၅ ရွေးကောက်ပွဲဝင်တဲ့ကိုယ်စားလှယ်ဆိုတော့ ယှဉ်ကြည့်ရမှာပေါ့၊ ၂၀၁၅ တုန်းကလည်း ဥပဒေရေး ဦးစီးတဲ့ကော်မရှင်ကိုလည်းပြောကြတယ်၊ မဲစာရင်းတွေမှားတယ်ပြုတယ်လို့၊ ကဲဟုတ်ပြီ ၂၀၂၀ နဲ့ ယှဉ်ကြည့်တဲ့အခါ ဦးတင်အေးလက်ထက်မှာ အန်ကယ်ထင်တယ်၊ အန်ကယ်လည်း သေချာကို မှတ်မိပါတယ်၊ စာအိတ်ပေါက်တာ၊ ပြုတာတွေ၊ ကြိုတင်မဲတွေမှာ ပြဿနာတွေမတတ်ဘူး၊ တတ်တာ နည်းတယ်၊ မရှိဘူး၊ အသံမကြားမိဘူး၊ ကြိုတင်မဲပိတ်တယ်၊ ချိတ်ပိတ်ထားတယ်၊ ဖွင့်တယ်၊ ပုံးတွေ အန်ကယ်တို့လည်း တွေ့နေရတယ်ပေါ့နော်၊ အားနည်းချက်ကမရှိဘူးပေါ့၊ အခုကြမှ ပိုတိုးတတ်လာမှာလေ ရွေးကောက်ပွဲကော်မရှင်ကပြောထားတယ်၊ ဒီ ၂၀၂၀ ရွေးကောက်ပွဲကို စံပြလုပ်မယ်၊ စံပြမလုပ်ဘူး၊ ပိုသာရမယ် ပေါ့၊ ၂၀၁၅ ထဲက ပိုသာအောင်လုပ်မယ်လို့၊ ၂၀၁၀ ထက်၊၂၀၁၅ ထက် ၂၀၂၀ မှာ ပိုသာအောင်လုပ်ပြမယ်လို့ သူတို့က ကြွေးကြော်ခဲ့တာပဲ၊ အခုကြတော့ လက်တွေ့တွေ့နေရတယ်၊ ပိုပြီးတော့အခြေနေဆိုးနေတယ်၊ ဒါကို အန်ကယ်တို့အနေနဲ့ စိုးရိမ်နေပါတယ်”လို့ ပြောပါတယ်။

People Media ။ ။ အကယ်၍ NLD နိုင်ခဲ့မယ်ဆိုရင် ဒီမဲတွေက ဆုံးရူံးမဲ့ မဲတွေလား၊ ပယ်မဲဖြစ်နေမလား။ ဦးကျော်ဇေယျ ။ ။ NLD က အရင်ကမဲတွေတုန်းကလည်း ရွေးကောက်ပွဲတစ်မဲနိုင်ရင်နိုင်ပြီပေါ့၊ ဒါတွေဟာ အခုဒီလိုမျိုးဖြစ်လာတော့ အာဏာရပါတီရဲ့ ဝှက်ဖဲသဘောမျိုးလား၊ ကြိုတင်စီမံသလားဆိုတာကိုတော့ အန်ကယ်တို့က ဒါစဉ်းစားစရာတွေဖြစ်လာပြီပေါ့၊ ကြိုတင်ပြီး ဒါသူတို့ရဲ့ စွတ်စွဲသဘောမျိုးနဲ့ ဒီကြိုတင်မဲကို ဟထားသလား၊ ရေမှာလား၊ မရေဘူးလား ဘယ်လိုမဲတွေလည်း၊ အခုဆိုဘဲ ဒီနေ့ အန်ကယ်တို့ လှည့်ပတ် နေတာလေ၊ တစ်ချို့မြို့နယ် မင်္ဂလာဒုံမြို့နယ်မှာ အသက်ခြောက်ဆယ်ကျော် ကြိုတင်မဲတွေလိုက်ကောက်တ ယ်၊ လိုက်ကောက်တဲ့အခါမှာလည်း ကိုယ်စားလှယ်ရဲ့ကိုယ်စားလှယ်ခေါ်တာပေါ့၊ မလိုက်ရင်လေ သူတို့က ပိုကောင်းလေပဲ (သို့သော်လည်းပဲ) NLD ဘက်က ပြည့်ပြည့်ဝ၀ အားခဲပြီးလိုက်တယ်၊ အသက်ခြောက်ဆယ် ကျော်မဲကိုလိုက်ပြီးတော့ယူတယ်၊ ယူတဲ့အခါမှာလည်းပဲ ဘယ်လိုဖြစ်မလဲဆိုတော့ အဲမှာ ခရိုင်ကမှူးကြီးတွေ အိမ်တစ်အိမ်ရောက်ပြီ ကြိုတင်မဲကောက်တော့မယ်ဆိုရင် ရှေ့မှာသွားနေတယ် ဆိုက်ကားတွေနဲ့ အောင်နိုင်ရေး သီချင်းတွေဖွင့်နေတယ်၊ လုပ်နေတယ် ဒါကလည်းတစ်မျိုးပေါ့၊ တကယ်တမ်းကြတော့ ပြတ်ပြတ်သားသားနဲ့ လုပ်သင့်တဲ့ဟာတွေ ကိုယ်စားလှယ်လောင်းများဟာ ကြိုတင်မဲပေးသင်တဲ့အရေတွက်များလေ ကိုယ်စားလှယ် လောင်းများက ပိုဝန်ပိလေပဲ ၊ မသမာမှုများနိုင်လေပါပဲ။

People Media ။ ။ နောက်ဆုံးအနေနဲ့ ဘာဖြည့်စွတ်ပြောချင်တာရှိလဲ။
ဦးကျော်ဇေယျ ။ ။ Covid-19 နဲ့ လျော်ညီစွာ သူတို့သရုပ်ပြပွဲတွေ လုပ်နေတယ်၊ နေရာတိုင်း၊ နေရာတိုင်း၊ တစ်နိုင်ငံလုံး မဲရုံတွေမှာ အဲ့ဒီလိုသရုပ်ပြကြတော့ စနစ်ကျမှာပဲ၊ အဲ့ဒီသရုပ်ပြကြတော့ စနစ်ကျမှာပဲ လူကြီးကိုပြတာကိုး၊ တာဝန်ရှိတဲ့သူက UEC ဥက္ကဋ္ဌ ဦးစီးပြီးပြတာကိုး အန်ကယ်ထင်တယ်၊ တစ်နိုင်ငံလုံးက အဲလိုသရုပ်ပြမဲရုံတွေကို ဒီ Social Distancing မလုပ်နိုင်ဘူး၊ အဲဒါလေးလေးတွေက အန်ကယ်ရင်လေးစရာပေါ့။

#PeopleMedia


Share this post