• Follow Us on

Home ျပည္ေထာင္စု အစုိးရ၏ ခြင့္ျပဳခ်က္ျဖင့္သာ ေရြွတိဂုံ ေစတီေတာ္ ျပန္လည္ဖြင့္လွစ္ႏုိင္မည္

ျပည္ေထာင္စု အစုိးရ၏ ခြင့္ျပဳခ်က္ျဖင့္သာ ေရြွတိဂုံ ေစတီေတာ္ ျပန္လည္ဖြင့္လွစ္ႏုိင္မည္

Share this post

ရန္ကုန္၊ဇူလုိင္-၃၀

ေရ ႊတိဂုံေစတီေတာ္သည္ ျပည္ေထာင္စုအစုိးရ၏ စီမံခန္႔ခြဲမႈေအာက္၌ ရွိသည့္ ေစတီေတာ္ ျဖစ္ေနျခင္းေၾကာင့္ ျပည္ေထာင္စု အစုိးရ၏ ခြင့္ျပဳ႕ခ်က္ျဖင့္သာ ျပန္လည္ဖြင့္လွစ္ႏုိင္မည္ျဖစ္ေၾကာင္း ေရြတိဂုံေဂါပက အဖြဲ႔ဝင္တစ္ဦးက ေျပာပါတယ္။

ေရြွတိဂုံေစတီေတာ္ ျပန္လည္ဖြင့္လွစ္ႏုိင္ေရးအတြက္ ရန္ကုန္တုိင္းေဒသၾကီးအစုိးရအဖြဲ႔ ဝန္ၾကီးအခ်ဳိ႕သည္ ဇူလုိင္ (၂၉)ရက္၌ ေရြွတိဂုံေစတီေတာ္သုိ႔ လာေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေရြွတိဂုံ ေပါပကအဖြဲ႔ဝင္တစ္ဦးက ဆုိပါတယ္။

“ရန္ကုန္မွာ ရွိတဲ့ ေစတီေတာ္ေတြက တုိင္းအစုိးရရဲ႕ စီမံခန္႔ခြဲမႈ ေအာက္မွာရွိတဲ့ ေစတီေတြရွိပါတယ္။သုိ႔ေသာ္လည္း ေရႊတိဂုံ ေစတီေတာ္က ျပည္ေထာင္စုအစုိးရအဖြဲ႔ရဲ႕ စီမံခန္႔ခြဲမႈ ေအာက္မွာ ရရွိရတာျဖစ္တယ္။ယေန႔ထိေတာ့ ျပန္ဖြင့္ဖုိ႔ ညႊန္ၾကားခ်က္ မေရာက္ေသးဘူး”လုိ႔ ေရြွတိဂုံေဂါပကအဖြဲ႔ဝင္ တစ္ဦးက ေျပာပါတယ္။

ရန္ကုန္ျမိဳ႕ရွိ ေရႊတိဂုံေစတီေတာ္အပါအဝင္ အျခားေသာ ေစတီေတာ္၊ဘုရားမ်ားကုိ COVID-19 ေၾကာင့္ ဧျပီလ မွ စတင္ျပီ ယေန႔အထိ ပိတ္ထားခဲ့တာလည္း ျဖစ္ပါတယ္။

#PeopleMedia #ေရႊတိဂုံေစတီေတာ္ #COVID

(Unicode)
ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့်သာ ရွှေတိဂုံ စေတီတော် ပြန်လည်ဖွင့်လှစ်နိုင်မည်
……………………………………….

ရန်ကုန်၊ဇူလိုင်-၃၀

ရွှေတိဂုံစေတီတော်သည် ပြည်ထောင်စုအစိုးရ၏ စီမံခန့်ခွဲမှုအောက်၌ ရှိသည့် စေတီတော် ဖြစ်နေခြင်းကြောင့် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြု့ချက်ဖြင့်သာ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ရွေတိဂုံဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရွှေတိဂုံစေတီတော် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးအချို့သည် ဇူလိုင် (၂၉)ရက်၌ ရွှေတိဂုံစေတီတော်သို့ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရွှေတိဂုံ ပေါပက အဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

“ရန်ကုန်မှာ ရှိတဲ့ စေတီတော်တွေက တိုင်းအစိုးရရဲ့ စီမံခန့်ခွဲမှု အောက်မှာရှိတဲ့ စေတီတွေရှိပါတယ်။သို့သော်လည်း ရွှေတိဂုံ စေတီတော်က ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရရှိရတာဖြစ်တယ်။ယနေ့ထိတော့ ပြန်ဖွင့်ဖို့ ညွှန်ကြားချက် မရောက်သေးဘူး”လို့ ရွှေတိဂုံဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်အပါအဝင် အခြားသော စေတီတော်၊ဘုရားများကို COVID-19 ကြောင့် ဧပြီလ မှ စတင်ပြီ ယနေ့အထိ ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

#PeopleMedia #ရွှေတိဂုံစေတီတော် #COVID


Share this post