• Follow Us on

Home မြစ်ကြီးနားမြို့၌ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးနှစ်ဦး ဆွဲကြိုးနှင့် နားကပ် လုယက်ခံရစဉ် ပြန်လည်ခုခံမှု ကြောင့် ဆွဲကြိုးတစ်ဝက်သာပါသွားခဲ့

မြစ်ကြီးနားမြို့၌ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးနှစ်ဦး ဆွဲကြိုးနှင့် နားကပ် လုယက်ခံရစဉ် ပြန်လည်ခုခံမှု ကြောင့် ဆွဲကြိုးတစ်ဝက်သာပါသွားခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈ (People Media)

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဆိုင်ကယ်မောင်းသူ အမျိုးသမီးနှစ်ဦးကို စိစစ်ဆဲ အမျိုးသားနှစ်ဦးက ဆွဲကြိုး နှင့် နားကပ် လုယက်မှုဖြစ်စဉ် စက်တင်ဘာ ၁၇ ရက်နေ့က ဖြစ်ပေါ်ခဲ့သည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက် ညနေ ၆:၀၀ နာရီအချိန်၌ မြို့နယ်ပညာရေးမှူးရုံး လမ်းကြား(ရန်ကြီးအောင် ယက်ကန်းကျောင်းရှေ့)၌ အမျိုးသမီးနှစ်ဦးသည် ဆိုင်ကယ်မောင်းနှင်းနေစဉ် ဘေးမှ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လုယက်ခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ လုယက်ခံရမှုကြောင့် အမျိုးသမီးနှစ်ဦးမောင်းနှင်သည် ဆိုင်ကယ်သည် တိမ်းမှောက်ခဲ့ပြီး လုံးထွေး ပုတ်ခတ်ဖြစ်ပေါ်ခဲ့သည်။

 

ထိုသို့ လုံထွေးပုတ်ခတ်မှုကြောင့် ဆွဲကြိုးတစ်ဝတ်သာ ပြတ်တောက်လုယူခြင်းခံခဲ့ရပြီး နားကတ်လုယူခြင်းကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

“အလုခံရတဲ့ အမျိုးသမီးနှစ်ဦးကိုတော့ သွားရောက်ကူညီပေးခဲ့ပါတယ်။ ကြီးကြီးမားမားဒဏ်ရာရတယ်လို့တော့ မရှိပါဘူး ပွန်းတာ ရှတာလောက်ပဲရှိပါတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကချင်ပြည်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန်၌ လုံးထွေးပုတ်ခတ်မှုကြောင့် ရရှိသော ဒဏ်ရာအချို့ကြောင့် အမျိုးသမီးငယ်သည် ဆေးဝါး ကုသမှုခံယူရလျက်ရှိသည်။

 

#PeopleMedia #ကချင်ပြည်နယ် #လုယက်မှု

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 



Share this post