• Follow Us on

Home ျမစ္ႀကီးနား-မႏၲေလး မီးရထားလမ္းေပၚ အမ်ိဳးသမီးတစ္ဦး ရထားႀကိတ္ခံရ

ျမစ္ႀကီးနား-မႏၲေလး မီးရထားလမ္းေပၚ အမ်ိဳးသမီးတစ္ဦး ရထားႀကိတ္ခံရ

Share this post

အင္းေတာ္၊ ဇြန္ ၂၁

ျမစ္ႀကီးနားၿမိဳ႕-မႏၲေလး မီးရထားလမ္းေပၚ ယမန္ေန႔ ေန႔လယ္ပိုင္းက အမ်ိဳးသမီး တစ္ဦး မီးရထား ႀကိတ္ခံရေၾကာင္း အင္းေတာ္ၿမိဳ႕နယ္ ေပကုန္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

ရထားႀကိတ္မႈ ျဖစ္ပြားသည့္ေနရာမွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခ႐ိုင္၊ အင္းေတာ္ၿမိဳ႕နယ္ ေမာ္လူးဘူတာႏွင့္ နန္႔စီးေအာင္ ဘူတာၾကား၌ ျဖစ္ၿပီး ဇြန္လ ၂၀ ရက္၊ ေန႔လယ္ ၂၀ နာရီခန္႔ တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရထားႀကိတ္ခံရမႈေၾကာင့္ အဆိုပါ အမ်ိဳးသမီးမွာ ဝဲဘက္ လက္ေမာင္းရင္းျပတ္၊ ေျခက်င္းဝတ္ ႀကိတ္ျဖတ္ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း၊ တာဝန္ရွိသူမ်ားက နန္႔စီးေအာင္မွ ေမာ္ေတာ္ယာဉ္ျဖင့္ အင္းေတာ္ၿမိဳ႕နယ္ ျပည္သူ့ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၾကၿပီး လက္ရွိတြင္ ေဆးကုသမႈ ခံယူလွ်က္ရွိေၾကာင္း သိရသည္။

ယမန္ေန႔ ျမစ္ႀကီးနားဘက္မွ မႏၲေလးဘက္သို႔ ထြက္ခြာလာသည့္ ရထားအမွတ္ (၉၃၈) အစုန္ ကုန္ရထား၊ စက္ေခါင္းေမာင္း ဦးထြန္းထြန္းဦး ေမာင္းႏွင္သည့္ စက္ေခါင္း အမွတ္ DF-2029 ရထားသည္ ယမန္ေန႔ ေန႔လယ္ပိုင္းက ျမန္မာ့မီးရထား တိုင္းအမွတ္(၂) နန္႔စီးေအာင္ ဘူတာ ႏွင့္ ေမာ္လူးဘူတာၾကား ရထား မိုင္တိုင္ အမွတ္ ၆၁၀/၉ ႏွင့္ ၆၁၀/၈ ၾကား အေရာက္တြင္ ယင္းကဲ့သို႔ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ဗန္းေမာ္သုခမိန္

(unicode)
မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပေါ် အမျိုးသမီးတစ်ဦး ရထားကြိတ်ခံရ
…………………………………………………………………

အင်းတော်၊ ဇွန် ၂၁

မြစ်ကြီးနားမြို့-မန္တလေး မီးရထားလမ်းပေါ် ယမန်နေ့ နေ့လယ်ပိုင်းက အမျိုးသမီး တစ်ဦး မီးရထား ကြိတ်ခံရကြောင်း အင်းတော်မြို့နယ် ပေကုန်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရထားကြိတ်မှု ဖြစ်ပွားသည့်နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်လူးဘူတာနှင့် နန့်စီးအောင် ဘူတာကြား၌ ဖြစ်ပြီး ဇွန်လ ၂၀ ရက်၊ နေ့လယ် ၂၀ နာရီခန့် တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရထားကြိတ်ခံရမှုကြောင့် အဆိုပါ အမျိုးသမီးမှာ ဝဲဘက် လက်မောင်းရင်းပြတ်၊ ခြေကျင်းဝတ် ကြိတ်ဖြတ် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ တာဝန်ရှိသူများက နန့်စီးအောင်မှ မော်တော်ယာဉ်ဖြင့် အင်းတော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး လက်ရှိတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။

ယမန်နေ့ မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် ရထားအမှတ် (၉၃၈) အစုန် ကုန်ရထား၊ စက်ခေါင်းမောင်း ဦးထွန်းထွန်းဦး မောင်းနှင်သည့် စက်ခေါင်း အမှတ် DF-2029 ရထားသည် ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာ့မီးရထား တိုင်းအမှတ်(၂) နန့်စီးအောင် ဘူတာ နှင့် မော်လူးဘူတာကြား ရထား မိုင်တိုင် အမှတ် ၆၁၀/၉ နှင့် ၆၁၀/၈ ကြား အရောက်တွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဗန်းမော်သုခမိန်


Share this post