• Follow Us on

Home ျမစ္ႀကီးနား ျမစ္ဖ်ားဧရာ အေဝးေျပး ယာဥ္ရပ္နားစခန္းအတြင္းက အခ်ဥ္ေပါင္းသည္၌ ကိုဗစ္ပိုးေတြ႕

ျမစ္ႀကီးနား ျမစ္ဖ်ားဧရာ အေဝးေျပး ယာဥ္ရပ္နားစခန္းအတြင္းက အခ်ဥ္ေပါင္းသည္၌ ကိုဗစ္ပိုးေတြ႕

Share this post

ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၁၉
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ ျမစ္ဖ်ားဧရာအေဝးေျပး ယာဥ္ရပ္နားစခန္းအတြင္း အခ်ဥ္ေပါင္းေရာင္းသည့္ အမ်ိဳးသမီး၌ ယေန႔ (ေအာက္တိုဘာ ၁၉) ရက္ေန႔က ကိုဗစ္ ၁၉ ပိုးစစ္ေဆးေတြ႕ရွိေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးမွ သိရသည္။
ယင္းအမ်ိဳးသမီးသည္ ျမစ္ဖ်ားဧရာကားႀကီးကြင္းရွိ မိုးေကာင္းကင္ ကားဂိတ္ေရွ႕တြင္ အခ်ဥ္ေပါင္း ေရာင္းခ်ေနသူ ျဖစ္ၿပီး ယမန္ေန႔က မိုးေကာင္းကင္ ကားဂိတ္မႉး၌ ကိုဗစ္ေတြ႕ရွိေသာေၾကာင့္ ယင္းအခ်ဥ္ ေပါင္းသည္ အမ်ိဳးသမီးကိုလည္း ထိေတြ႕ ဆက္စပ္သူ အျဖစ္ စစ္ေဆးရာမွ ပိုးေတြ႕ရွိခဲ့ေၾကာင္း ျမစ္ႀကီးနား ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းက ဆိုသည္။
“အဲ့ဒီအခ်ဥ္ေပါင္းသည္က မိုးေကာင္းကင္ ဂိတ္အေရွ႕မွာ အခ်ဥ္ေပါင္းေရာင္းတာ အဲ့ေတာ့သူလည္းဆက္စပ္တာေပါ့ အဲ့ေၾကာင့္ သူ႔ကိုလည္း ပိုးစစ္လိုက္တာ ပိုးေတြ႕သြားတယ္” ဟု အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းက ေျပာသည္။
ယေန႔ ပိုးေတြ႕သည့္အခ်ဥ္ေပါင္းသည္ အမ်ိဳးသမီးသည္ ရပ္ပူရပ္ကြက္နယ္ေၿမ (၂၂)တြင္ ေနထိုင္သူျဖစ္ၿပီး လက္ရွိယင္းေနထိုင္သည့္ေနအိမ္ကိုလည္း ေလာ့ေဒါင္းခ်ထားၿပီး ၎၏မိသားစုဝင္ကိုးဦးကိုလည္း အသြားအလာ ကန္႔သတ္ၿပီး ေအာက္တိုဘာ(၂၀)ရက္ ေန႔တြင္ေဆးစစ္ခ်က္ယူမည္ျဖစ္ေၾကာင္း သိရသည္။
ျပည္တြင္းကူးစက္မႈ စတင္ ျဖစ္ပြားခ်ိန္မွ စ၍ ယမန္ေန႔ ေအာက္တိုဘာလ ၁၈ ရက္ေန႔ အထိ ကခ်င္​ျပည္နယ္အတြင္း ကိုဗစ္ပိုးေတြ႕ရွိသူ စုစုေပါင္း (၉၄) ဦး အထိ ရွိခဲ့ၿပီး ၇၅ ဦး ေဆး႐ုံမွ ဆင္းခြင့္ရထားေၾကာင္း ကခ်င္ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစိီးဌာန၏ စာရင္းမ်ားအရ သိရသည္။
လြမ္းေအာင္
#PeopleMedia #ျမစ္ႀကီးနား #EPN #COVID19
(unicode)
မြစ်ကြီးနား မြစ်ဖျားဧရာ အဝေးပြေး ယာဥ်ရပ်နားစခန်းအတွင်းက အချဥ်ပေါင်းသည်၌ ကိုဗစ်ပိုးတွေ့
……………………………………………………….
မြစ်ကြီးနား၊ အောက်တိုဘာ ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ဖျားဧရာအဝေးပြေး ယာဥ်ရပ်နားစခန်းအတွင်း အချဥ်ပေါင်းရောင်းသည့် အမျိုးသမီး၌ ယနေ့ (အောက်တိုဘာ ၁၉) ရက်နေ့က ကိုဗစ် ၁၉ ပိုးစစ်ဆေးတွေ့ရှိကြောင်း မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ယင်းအမျိုးသမီးသည် မြစ်ဖျားဧရာကားကြီးကွင်းရှိ မိုးကောင်းကင် ကားဂိတ်ရှေ့တွင် အချဥ်ပေါင်း ရောင်းချနေသူ ဖြစ်ပြီး ယမန်နေ့က မိုးကောင်းကင် ကားဂိတ်မှူး၌ ကိုဗစ်တွေ့ရှိသောကြောင့် ယင်းအချဥ် ပေါင်းသည် အမျိုးသမီးကိုလည်း ထိတွေ့ ဆက်စပ်သူ အဖြစ် စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ကြောင်း မြစ်ကြီးနား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဆိုသည်။
“အဲ့ဒီအချဥ်ပေါင်းသည်က မိုးကောင်းကင် ဂိတ်အရှေ့မှာ အချဥ်ပေါင်းရောင်းတာ အဲ့တော့သူလည်းဆက်စပ်တာပေါ့ အဲ့ကြောင့် သူ့ကိုလည်း ပိုးစစ်လိုက်တာ ပိုးတွေ့သွားတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
ယနေ့ ပိုးတွေ့သည့်အချဥ်ပေါင်းသည် အမျိုးသမီးသည် ရပ်ပူရပ်ကွက်နယ်မြေ (၂၂)တွင် နေထိုင်သူဖြစ်ပြီး လက်ရှိယင်းနေထိုင်သည့်နေအိမ်ကိုလည်း လော့ဒေါင်းချထားပြီး ၎င်း၏မိသားစုဝင်ကိုးဦးကိုလည်း အသွားအလာ ကန့်သတ်ပြီး အောက်တိုဘာ(၂၀)ရက် နေ့တွင်ဆေးစစ်ချက်ယူမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းကူးစက်မှု စတင် ဖြစ်ပွားချိန်မှ စ၍ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ အထိ ကချင်​ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း (၉၄) ဦး အထိ ရှိခဲ့ပြီး ၇၅ ဦး ဆေးရုံမှ ဆင်းခွင့်ရထားကြောင်း ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစိီးဌာန၏ စာရင်းများအရ သိရသည်။
လွမ်းအောင်

Share this post