• Follow Us on

Home မြန်မာနိုင်ငံပိုင် ကန်ပိုက်တိမြို့၌ တရုတ်ဘက်မှ အသိမပေးဘဲ နယ်စပ်ခြံစည်းရိုးခတ်လာ၊ မြန်မာဘက်က ကန့်ကွက်

မြန်မာနိုင်ငံပိုင် ကန်ပိုက်တိမြို့၌ တရုတ်ဘက်မှ အသိမပေးဘဲ နယ်စပ်ခြံစည်းရိုးခတ်လာ၊ မြန်မာဘက်က ကန့်ကွက်

Share this post

ကန်ပိုက်တိ၊ သြဂုတ် ၂ (People Media)

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တိမြို့ နယ်နိမိတ်အတွင်းတွင် မြန်မာ ဘက်သို့ အသိပေးခြင်းမရှိဘဲ တရုတ်နိုင်ငံဘက်မှ နယ်စပ်ခြံစည်းရိုးခတ်လာကြောင်း ကန်ပိုက်တိမြို့ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

ကန်ပိုက်တိမြို့ အမှတ် (၂) ရပ်ကွက်၊ နယ်ခြားမှတ်တိုင်အမှတ် (၄) နေရာရှိ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၃ မိနစ်မှ ၁၆ မိနစ် ၅၈ စက္ကန့်ကြားနှင့် အရှေ့လောင်ဂျီ တွဒ် ၉၈ ဒီဂရီ ၇ မိနစ်မှ ၁၂ မိနစ် ၃၉ စက္ကန့်ကြား နေရာ တွင် တရုတ်နိုင်ငံဘက်မှ အရှည်ပေ (၅၀၀) ခန့်၊ အမြင့်ပေ ၂၀ ခန့်ရှိ အုတ်တံတိုင်းကာ ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းများအား မြန်မာဘက်သို့ အသိမပေးဘဲ တရုတ်ဘက်မှ ဆောင်ရွက်နေကြောင်း ကန်ပိုက်တိမြို့ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

“ဒီခြံစည်းရိုးခတ်တာနဲ့ပတ်သက်ပြီးတော့ တရုတ်နိုင်ငံ၊ ထိန်ချုံးခရိုင် ပြည်ပဆက်ဆံရေးဌာနမှူး ဒေါ်သင်းရနံ့ကို ဆက်သွယ်မေးမြန်းကြည့်တော့ သူတို့ဘက်က ဒီခြံစည်းရိုးခတ်တာကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ကျော်ကတည်းက လုပ်ဆောင်နေတာလို့ပြောတယ်။ ကျွန်တော်တို့မြန်မာဘက်ကိုအသိပေးတာ ညှိုနှိုင်းတာမရှိဘဲလုပ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်ကို တရားဝင်စာပေးပြီးတော့ ဖျက်သိမ်းပေးဖို့နဲ့ ခုလိုခြံစည်းရိုးကာတာကို ကန့်ကွက်ကြောင်း ဆက်လုပ်ဆောင်သွားမယ်”ဟု ကန်ပိုက်တိမြို့မှ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးကပြော သည်။

 

ထိန်ချုံးခရိုင်၊ ပြည်ပဆက်ဆံရေးဌာနမှူးရုံး၏ ဖြေရှင်းချက်အရ ယခုကဲ့သို့တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုးခတ်လာ ခြင်းသည် ကိုဗစ်- ၁၉ ကာလအတွင်း မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်မှုမရှိစေ ရန် တားဆီးရန်အတွက် လုပ်ဆောင်ရခြင်းဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ခြံစည်းရိုးခတ်သည့်နေရာတွင် ယမန်နေ့ သြဂုတ် ၁ ရက်နေ့က ကန်ပိုက်တိမြို့အုပ်ချုပ်ရေးမှူး ဦး အောင်ကျော်လွင်ဦးဆောင်၍ စစ်တပ်၊ နယ်မြေရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့နှင့် ဒေသပြည်သူ့စစ်တပ်ဖွဲ့များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

 

မိုးညို(EPN)

 

Photo – Credit

 

#PeopleMedia #EPN #ကချင်ပြည်နယ် #ကန်ပိုက်တီ #မြန်မာတရုတ်ခြံစည်းရိုး

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 

Photo – Credit

 



Share this post