• Follow Us on

Home မြန်မာနိုင်ငံရှိ ဆေးရုံကြီး (၁၄) ရုံအတွက် ဂျပန်အစိုးရမှ အသက်ကယ်လူနာတင်ယာဉ်များလှူဒါန်း

မြန်မာနိုင်ငံရှိ ဆေးရုံကြီး (၁၄) ရုံအတွက် ဂျပန်အစိုးရမှ အသက်ကယ်လူနာတင်ယာဉ်များလှူဒါန်း

Share this post

နေပြည်တော်၊ သြဂုတ် ၂၀ (People Media)

 

မြန်မာနိုင်ငံရှိ အထွေထွေရောဂါကုဆေးရုံကြီး (၁၄) ခုအတွက် အသက်ကယ်လူနာတင်ယာဉ်များကို ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့ကြောင်း ဩဂုတ်လ ၂၀ ရက်၌  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သတင်းထုတ်ပြန်ထား သည်။

 

သြဂုတ်လအတွင်း ရောဂါပိုးကူးစက်နှုန်း ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိရှိနေပြီး COVID-19 လူနာသစ်နှင့် သေဆုံးသူဦးရေ နေ့စဉ်မြင့်တက်နေမှုကို ကြုံတွေ့နေရသော မြန်မာနိုင်ငံ၏ COVID-19 အခြေအနေများကို ဂျပန်နိုင်ငံအနေဖြင့် အလွန်ပင် နာကျင်ကြေကွဲရကြောင်း၊  ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမမီခြင်း၊ ဆေးရုံများတွင် လူနာတင်ကုတင်များ လုံလောက်မှုမရှိခြင်းနှင့် အောက်ဆီဂျင်ပြတ်လပ်မှုများသည် အခြေအ နေကို ပိုမိုဆိုးရွားစေလျက်ရှိကြောင်း ဂျပန်သံရုံးက ပြောဆိုထားသည်။

 

လက်ရှိကျရောက်လျက်ရှိသော ကပ်ရောဂါတတိယလှိုင်းကာလအတွင်း COVID-19 ခံစားနေရသော မြန်မာ ပြည်သူများ၏ အသက်များကိုကယ်တင်နိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရက COVID-19 လူနာများအား အရေးပေါ်သယ်ယူပို့ဆောင်ရာတွင် အထောက်အကူပြုနိုင်ရန် လူနာတင်ယာဉ်များကို အောက်ဖော်ပြပါ ကျန်းမာရေးစောင့်ရှောက်မှုဌာနများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

 

အဆိုပါ ဆေးရုံကြီးများမှာ ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး၊ နေပြည်တော်ဆေးရုံကြီး၊ မြောက်ဥက္က လာပဆေးရုံကြီး၊ ဝေ‌ဘာဂီအထူးကုဆေးရုံ၊ မြစ်ကြီးနားဆေးရုံကြီး၊ လွိုင်ကော်ဆေးရုံကြီး၊ မုံရွာဆေးရုံကြီး၊ ပဲခူးဆေးရုံကြီး၊ ပြည်ဆေးရုံကြီး၊ မော်လမြိုင်ဆေးရုံကြီး၊ စစ်တွေဆေးရုံကြီး၊ လားရှိုးဆေးရုံကြီးနှင့် ပုသိမ်ဆေး ရုံကြီးတို့ကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

လူနာတင်ယာဉ်များ ကုန်ကျငွေအတွက် ယမန်နှစ်က စတင်အကောင်အထည်ဖော်ခဲ့သည့် (အမေရိကန် ဒေါ်လာ ၅.၁၈ သန်းတန်ဖိုးရှိ) ကျန်းမာရေးထောက်ပံ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထုတ်ယူသုံးစွဲခဲ့ ခြင်းဖြစ်ပြီး၊ ဂျပန်နိုင်ငံသည် ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်သည့် Automated PCR testing machines (PCR အလိုအလျောက်စစ်ဆေးစက်များ) နှင့် PCR လက်ပ်တော့များ၊ PCR test kits (PCR စစ်ဆေးကိရိ ယာများ)၊ RNA  extraction kits (RNA ထုတ်ယူသည့်ကိရိယာများ) နှင့် molecular biological grade ethanolများ၊ လျှပ်စစ်ဓါတ်အားထောက်ပံ့ရေးယူနစ်များနှင့် ICU အဆောက်အအုံများအတွက် မီးစက်များကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ခဲ့သည်။

 

#PeopleMedia #ဂျပန်အစိုးရ #မြန်မာအစိုးရ #ကျန်းမာရေးဝန်ကြီးဌာန #COVID19

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post