• Follow Us on

Home ရေစကြိုမြို့နယ်၊ မအူအလယ်ကျေးရွာရှိ PDF စခန်း၌ လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ အသိမ်းခံရ

ရေစကြိုမြို့နယ်၊ မအူအလယ်ကျေးရွာရှိ PDF စခန်း၌ လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ အသိမ်းခံရ

Share this post

မကွေး၊ သြဂုတ် ၂၀ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ မအူအလယ်ရွာ၌ အခြေပြုလှုပ်ရှားနေသည့် PDF စခန်းကို လုံခြုံရေး အဖွဲ့များက တွေ့ရှိခဲ့ပြီး လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ အသိမ်းခံခဲ့ရကြောင်း ရေစကြိုမြို့နယ် ဒေသ ခံများထံက သိရပါတယ်။

 

“PDF စခန်းကိုတွေ့ရှိပြီး လူကို ဖမ်းမိခြင်းမရှိပါဘူး။ လုပ်သေနတ်နဲ့ လုပ်သေနတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဖိနပ်တွေ သိမ်းဆည်းခံခဲ့ရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့သည့်ရက်ပိုင်းက ရေစကြိုမြို့ပေါ်ရှိ အစိုးရရုံးစိုက်ရာ စုပေါင်းရုံး၊ လျှပ်စစ်ရုံးအပါအဝင် ပခန်းကြီးနယ်မြေ ရဲစခန်းတို့၌ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သလို ဒေသခံအချို့လည်း လုပ်ကြံခြင်းခံခဲ့ရပါတယ်။

 

#PeopleMedia #ရေစကြိုမြို့

 

(unicode)


………………………………………………………….

 


 


 


 


 



Share this post