• Follow Us on

Home မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည်ဆိုခြင်းကို ယုံမှားသံသယဖြစ်စရာအကြောင်းလုံးဝမရှိကြောင်း နိုင်ငံတ ကာမီဒီယာများအား ပြန်ကြားရေးဝန်ကြီးပြောကြား

မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည်ဆိုခြင်းကို ယုံမှားသံသယဖြစ်စရာအကြောင်းလုံးဝမရှိကြောင်း နိုင်ငံတ ကာမီဒီယာများအား ပြန်ကြားရေးဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ (People Media)

 

မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည်ဆိုခြင်းကို ယုံမှားသံသယဖြစ်စရာအကြောင်း လုံးဝမရှိကြောင်း နိုင်ငံတ ကာမီဒီယာများအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၊ ဂျပန်နိုင်ငံ Nikkei Asian News၊ Kyodo News၊ TBS နှင့် Asahi Shinbon သတင်းဌာနများမှ သတင်း ထောက်များအား ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့စဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နိုင်ငံတစ်နိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အစိုးရဟု သတ်မှတ်ယုံ ကြည်မှုရှိမှသာ အခုကိစ္စကို နိုင်ငံတကာတရားရုံး (ICJ)မှာ လာရောက်ဖြေရှင်းဖို့ ဖိတ်ခေါ်ခြင်းဖြစ်တဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်ဆိုတာကို ယုံမှားသံသယဖြစ်စ ရာအကြောင်း လုံးဝ(လုံးဝ) မရှိပါဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက ယခုဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါကြောင်း၊ တစ်နှစ်တာကာလအတွင်း မိမိတို့ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ပြန်ကြည့် လျှင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးထိပ်ထားပြီး လုပ်သင့်လုပ်ထိုက်၊ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို မနားမနေဆောင်ရွက်ခဲ့သည်ကို သိမြင်နိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် အမျိုး သားနိုင်ငံရေး လုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး နှင့် စားနပ်ရိက္ခာဖူလုံစေရေးကိစ္စများကို ဇောင်းပေးဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုသည့်လုပ်ငန်းစဉ်များကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်ပေးခဲ့သည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းတာဝန်များကို ထမ်းဆောင်သည့်အခါ မသမာသူအကြမ်းဖက်သမားများ၏ ဟန့်တား နှောင့် ယှက်မှု၊ အမျိုးမျိုးကို ကြုံတွေ့ခဲ့ကြသော်လည်း ပြည်သူအများ၏ လက်ခံယုံကြည်မှု၊ အားပေးကူညီမှုများ ရရှိခဲ့သည့်အတွက် အထိုက်အလျောက် အောင်မြင်မှုရှိသည်ဟု ဆိုနိုင်ကြောင်း ပြောကြားသည်။

 

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးအတွက် ထာဝရ ငြိမ်း ချမ်းရေးရရှိရေးသည် အလွန်အရေးကြီးသည်ဟု မိမိတို့ခံယူထားကြောင်း၊ ယနေ့အချိန်တွင် အကြမ်း ဖက်အုပ်စုအဖြစ်ကြေညာထားသည့် အဖွဲ့အစည်း များမှအပ NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA လက်မှတ်မရေးထိုး ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်း၊ ထိုသို့ ဖိတ်ခေါ်သည့်အခါ ထူးခြားချက်အနေဖြင့် ဆွေးနွေးမည့် အကြောင်းအရာများကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်ရန် ရည်ရွယ်ချက်ထားရှိပြီး ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း၊ တစ်နည်းအား ဖြင့်ပြောရလျှင် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ် ယခုနှစ်မှစ၍ ငြိမ်း ချမ်းရေးအတွက် ခြေလှမ်းသစ် စတင်မည်ဖြစ်ကြောင်းကို အသိပေး ပြောကြားလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 

#PeopleMedia


Share this post