• Follow Us on

Home ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို လူကုန္ကူးခဲ့သည့္ထိုင္းႏိုင္ငံေရးသမားကို ထိုင္းရဲမ်ားဖမ္းဆီး

ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို လူကုန္ကူးခဲ့သည့္ထိုင္းႏိုင္ငံေရးသမားကို ထိုင္းရဲမ်ားဖမ္းဆီး

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၁၈

ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို လူကုန္ကူးၿပီး ငါးဖမ္းဆြဲသေဘၤာမ်ားတြင္ အေႂကြးျဖင့္ႏွိမ္ကာအတင္းအၾကပ္အလုပ္ခိုင္းခဲ့သည့္ ႐ွားပါးျဖစ္စဥ္အေနျဖင့္ အဂၤါေန႔တြင္ ထိုင္းရဲမ်ားက ႏိုင္ငံေရးသမားတေယာက္ကို အျခားလူ ၆ ေယာက္ႏွင့္အတူဖမ္းဆီးခဲ့သည္။

ဖမ္းဆီးမႈကို အထူးစံုစမ္းစစ္ေဆးေရးဌာနက ဦးေဆာင္ျခင္းျဖစ္ၿပီး အေမရိကန္ေဒၚလာသန္းေထာင္ခ်ီတန္သည့္ ပင္လယ္စာေစ်းကြက္ ေထာက္ပံ့ပို႔ေဆာင္ေရးကြင္းဆက္ကို႐ွင္းလင္းရန္ႀကိဳးစားမႈတြင္ပါ၀င္ျခင္းျဖစ္သည္။

ယခင္က ထိုျဖစ္ရပ္မ်ား႐ွိပါက ေအာက္ေျခလုပ္သားမ်ားျဖစ္သည့္ပြဲစားမ်ား၊ သေဘၤာကတ္ပတိန္မ်ားကိုသာဖမ္းဆီးေလ့႐ွိသည္။

ႏိုင္ငံေတာင္ပိုင္းမွ နခြန္ဆီသာမရတ္ခ႐ိုင္တြင္ စီးနင္းခဲ့ရာ ခ႐ိုင္႐ွိၿမိဳ႕တၿမိဳ႕မွ ဒုတိယအုပ္ခ်ဳပ္ေရးမွဴးႏွင့္ သေဘၤာကတ္ပ တိန္တို႔အပါအ၀င္ လူ ၇ ေယာက္ကိုဖမ္းဆီးရမိခဲ့သည္။

ထိုသူမ်ားက ျမန္မာလုပ္သား ၅ ေယာက္ကို ႀကိဳတင္လစာေငြမ်ားထုတ္ေပးကာမက္လံုးေပးၿပီး ထိုေငြမ်ားကိုျပန္ဆပ္ရမည့္ အေနျဖင့္ အတင္းအၾကပ္အလုပ္ခိုင္းေစကာ ေလွာင္ပိတ္ထားသျဖင့္ လူကုန္ကူးမႈျဖင့္စြဲခ်က္တင္ခံထားရသည္။

အကယ္၍ အျပစ္႐ွိေၾကာင္းေတြ႕႐ွိပါက ႏိုင္ငံသမားသည္ ႏွစ္ ၆၀ က်ခံရႏိုင္ၿပီး ထိုပမာဏသည္ ပံုမွန္ျပစ္ဒဏ္ထက္ ၃ ဆ ပိုမ်ားသည္။

၂၀၁၆ ခုႏွစ္၌ ပူလစ္ဇာဆုရခဲ့သည့္ ကမာၻ႔သတၱမေျမာက္အႀကီးဆံုးပင္လယ္စာလုပ္ငန္းက႑ျဖစ္ေသာ ထိုင္းေရ ထြက္လုပ္ငန္းက႑တြင္ လုပ္သားမ်ားကိုကၽြန္ျပဳျခင္းႏွင့္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို အႏိုင္က်င့္ျခင္းတို႔ကို ေအပီသတင္း ေအဂ်င္စီ၏စံုစမ္းေဖာ္ထုတ္သတင္းေရးသားမႈေနာက္ပိုင္း ဥေရာပသမဂၢက ထိုင္းႏိုင္ငံမွပင္လယ္စာ မ်ား၀ယ္ယူမႈပိတ္ပင္မည္ဟု ၿခိမ္းေျခာက္ခဲ့သည္။

Ref : Thai Police Make Rare Arrest of Politician Accused of Trafficking Migrants Into Fishing Industry

#PeopleMedia

(unicode)
မြန်မာရွှေ့ပြောင်းလုပ်သားများကို လူကုန်ကူးခဲ့သည့်ထိုင်းနိုင်ငံရေးသမားကို ထိုင်းရဲများဖမ်းဆီး
……………………………………………

ဘန်ကောက်၊ ဒီဇင်ဘာ ၁၈

မြန်မာရွှေ့ပြောင်းလုပ်သားများကို လူကုန်ကူးပြီး ငါးဖမ်းဆွဲသင်္ဘောများတွင် အကြွေးဖြင့်နှိမ်ကာအတင်းအကြပ်အလုပ်ခိုင်းခဲ့သည့် ရှားပါးဖြစ်စဉ်အနေဖြင့် အင်္ဂါနေ့တွင် ထိုင်းရဲများက နိုင်ငံရေးသမားတယောက်ကို အခြားလူ ၆ ယောက်နှင့်အတူဖမ်းဆီးခဲ့သည်။

ဖမ်းဆီးမှုကို အထူးစုံစမ်းစစ်ဆေးရေးဌာနက ဦးဆောင်ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာသန်းထောင်ချီတန်သည့် ပင်လယ်စာစျေးကွက် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကိုရှင်းလင်းရန်ကြိုးစားမှုတွင်ပါဝင်ခြင်းဖြစ်သည်။

ယခင်က ထိုဖြစ်ရပ်များရှိပါက အောက်ခြေလုပ်သားများဖြစ်သည့်ပွဲစားများ၊ သင်္ဘောကတ်ပတိန်များကိုသာဖမ်းဆီးလေ့ရှိသည်။

နိုင်ငံတောင်ပိုင်းမှ နခွန်ဆီသာမရတ်ခရိုင်တွင် စီးနင်းခဲ့ရာ ခရိုင်ရှိမြို့တမြို့မှ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် သင်္ဘောကတ်ပ တိန်တို့အပါအဝင် လူ ၇ ယောက်ကိုဖမ်းဆီးရမိခဲ့သည်။

ထိုသူများက မြန်မာလုပ်သား ၅ ယောက်ကို ကြိုတင်လစာငွေများထုတ်ပေးကာမက်လုံးပေးပြီး ထိုငွေများကိုပြန်ဆပ်ရမည့် အနေဖြင့် အတင်းအကြပ်အလုပ်ခိုင်းစေကာ လှောင်ပိတ်ထားသဖြင့် လူကုန်ကူးမှုဖြင့်စွဲချက်တင်ခံထားရသည်။

အကယ်၍ အပြစ်ရှိကြောင်းတွေ့ရှိပါက နိုင်ငံသမားသည် နှစ် ၆၀ ကျခံရနိုင်ပြီး ထိုပမာဏသည် ပုံမှန်ပြစ်ဒဏ်ထက် ၃ ဆ ပိုများသည်။

၂၀၁၆ ခုနှစ်၌ ပူလစ်ဇာဆုရခဲ့သည့် ကမ္ဘာ့သတ္တမမြောက်အကြီးဆုံးပင်လယ်စာလုပ်ငန်းကဏ္ဍဖြစ်သော ထိုင်းရေ ထွက်လုပ်ငန်းကဏ္ဍတွင် လုပ်သားများကိုကျွန်ပြုခြင်းနှင့် ရွှေ့ပြောင်းလုပ်သားများကို အနိုင်ကျင့်ခြင်းတို့ကို အေပီသတင်း အေဂျင်စီ၏စုံစမ်းဖော်ထုတ်သတင်းရေးသားမှုနောက်ပိုင်း ဥရောပသမဂ္ဂက ထိုင်းနိုင်ငံမှပင်လယ်စာ များဝယ်ယူမှုပိတ်ပင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

Ref : Thai Police Make Rare Arrest of Politician Accused of Trafficking Migrants Into Fishing Industry

#PeopleMedia


Share this post