• Follow Us on

Home အိႏၵိယနိုင္ငံက ၂၀၂၁ ခုႏွစ္အတြင္း စပြတ္ညစ္-ဗြီ ကိုဗစ္ကာကြယ္ေဆး အလုံးေရ သန္း ၃၀၀ ထုတ္လုပ္မည္

အိႏၵိယနိုင္ငံက ၂၀၂၁ ခုႏွစ္အတြင္း စပြတ္ညစ္-ဗြီ ကိုဗစ္ကာကြယ္ေဆး အလုံးေရ သန္း ၃၀၀ ထုတ္လုပ္မည္

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အိႏၵိယနိုင္ငံက ၂၀၂၁ ခုႏွစ္အတြင္း ဗိုင္းရပ္စ္ကာကြယ္ေဆး စပြတ္ညစ္-ဗြီ အလုံးေရ သန္း ၃၀၀ ခန္႔ ထုတ္လုပ္မည္ဟု ႐ုရွား တိုက္ရိုက္ရင္းႏွီးျမႇုပ္ႏွံမႈ ရန္ပုံေငြအဖြဲ႕ (RDIF) အႀကီးအကဲ ကီေရးလ္ဒီမီထရိဗ္က ေျပာၾကားသည္။
 
“အိႏၵိယနိုင္ငံမွာ ကာကြယ္ေဆးကုမၸဏီေလးခုနဲ႔ ကၽြန္ေတာ္တို႔ သေဘာတူညီခ်က္ေတြ ရရွိခဲ့ပါတယ္။ အိႏၵိယနိုင္ငံက လာမယ့္ႏွစ္မွာ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၃၀၀ ခန္႔ ထုတ္လုပ္မွာျဖစ္ပါတယ္” ဟု ႐ုပ္သံဌာနတစ္ခုႏွင့္ ေတြ႕ဆုံေမးျမန္းမႈတစ္ခုအတြင္း ၄င္းက ေျပာၾကားခဲ့သည္။
စပြတ္ညစ္-ဗြီ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးထုတ္လုပ္ရန္ အဆိုျပဳခဲ့သည့္ အိႏၵိယနိုင္ငံရွိ နယ္ေၿမ ၁၁၀ အနက္ သတ္မွတ္ခ်က္မ်ားျပည့္မီသည့္ ေဒသ ၁၀ ခုကို RDIF က ေရြးခ်ယ္ခဲ့သည္။
 
အိႏၵိယနိုင္ငံတြင္ထုတ္လုပ္ေသာ စပြတ္ညစ္-ဗြီ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးမ်ားကို ႐ုရွားနိုင္ငံက စမ္းသပ္ေနေၾကာင္း အိႏၵိယနိုင္ငံရွိ ႐ုရွားသံ႐ုံးက ေျပာၾကားခဲ့သည္။
 
ကမၻာ့ပထမဆုံး ဗိုင္းရပ္စ္ကာကြယ္ေဆး စပြတ္ညစ္-ဗြီက ၉၅ ရာခိုင္ႏႈန္းေက်ာ္ ထိေရာက္မႈရွိဟု ႐ုရွား သမၼတ ဗလာဒီမာပူတင္က ေျပာၾကားခဲ့သည္။
 
စပြတ္ညစ္-ဗြီ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး၏ ထိေရာက္မႈအဆင့္က ၉၇ ရာခိုင္ႏႈန္းနီးပါး ရွိလာၿပီဟု သမၼတ ပူတင္အားကိုးကား၍ ႐ုရွား နိုင္ငံျခားေရးဝန္ႀကီးဌာနက တြစ္တာလူမႈကြန္ရက္၌ ေရးသားခဲ့သည္။
 
ကိုးကား – ေအအင္န္အိုင္
 
Ref; India to produce 300 million doses of Sputnik V vaccine
 
#PeopleMedia
 
(unicode)
အိန္ဒိယနိုင်ငံက ၂၀၂၁ ခုနှစ်အတွင်း စပွတ်ညစ်-ဗွီ ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀၀ ထုတ်လုပ်မည်
…………………………………………………………………
 
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အိန္ဒိယနိုင်ငံက ၂၀၂၁ ခုနှစ်အတွင်း ဗိုင်းရပ်စ်ကာကွယ်ဆေး စပွတ်ညစ်-ဗွီ အလုံးရေ သန်း ၃၀၀ ခန့် ထုတ်လုပ်မည်ဟု ရုရှား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) အကြီးအကဲ ကီရေးလ်ဒီမီထရိဗ်က ပြောကြားသည်။
 
“အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေးကုမ္ပဏီလေးခုနဲ့ ကျွန်တော်တို့ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက လာမယ့်နှစ်မှာ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀၀ ခန့် ထုတ်လုပ်မှာဖြစ်ပါတယ်” ဟု ရုပ်သံဌာနတစ်ခုနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ၄င်းက ပြောကြားခဲ့သည်။
စပွတ်ညစ်-ဗွီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန် အဆိုပြုခဲ့သည့် အိန္ဒိယနိုင်ငံရှိ နယ်မြေ ၁၁၀ အနက် သတ်မှတ်ချက်များပြည့်မီသည့် ဒေသ ၁၀ ခုကို RDIF က ရွေးချယ်ခဲ့သည်။
 
အိန္ဒိယနိုင်ငံတွင်ထုတ်လုပ်သော စပွတ်ညစ်-ဗွီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရုရှားနိုင်ငံက စမ်းသပ်နေကြောင်း အိန္ဒိယနိုင်ငံရှိ ရုရှားသံရုံးက ပြောကြားခဲ့သည်။
 
ကမ္ဘာ့ပထမဆုံး ဗိုင်းရပ်စ်ကာကွယ်ဆေး စပွတ်ညစ်-ဗွီက ၉၅ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိဟု ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
 
စပွတ်ညစ်-ဗွီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၏ ထိရောက်မှုအဆင့်က ၉၇ ရာခိုင်နှုန်းနီးပါး ရှိလာပြီဟု သမ္မတ ပူတင်အားကိုးကား၍ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။
 
ကိုးကား – အေအင်န်အိုင်
 
Ref; India to produce 300 million doses of Sputnik V vaccine
 
#PeopleMedia

Share this post