• Follow Us on

Home မြန်မာနိုင်ငံမှာလူကုန်ကူးခံရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၈ ဦးကို ကယ်တင်နိုင်ခဲ့

မြန်မာနိုင်ငံမှာလူကုန်ကူးခံရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၈ ဦးကို ကယ်တင်နိုင်ခဲ့

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅

 

မြန်မာနိုင်ငံမှာ လူကုန်ကူးခံရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၈ ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကယ်တင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

လူကုန်ကူးခံရတဲ့ဖိလစ်ပိုင်နိုင်ငံသားတွေဟာ ဖေဖော်ဝါရီလ ၁၂၃ ရက်နေ့ မနက် ၅ နာရီ ၂၅ မိနစ်မှာ လေ ကြောင်းခရီးစဉ်နဲ့ Ninoy Aquino နိုင်ငံတကာလေဆိပ်ကိုဆိုက်ရောက်လာကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန် ကြီးဌာနက ပြောပါတယ်။

 

အဲဒီဖိလစ်ပိုင် ၈ ဦးအနက် အမျိုးသား ၄ ဦးကို ထိုင်းနိုင်ငံက ကုမ္ပဏီတစ်ခုမှာ ဖောက်သည်တွေကို ဝန်ဆောင်မှု ပေးရမယ့်အလုပ်လုပ်ရမယ်လို့ပြောဆိုပြီး ဒူဘိုင်းမြို့ကနေ အွန်လိုင်းကတစ်ဆင့် စည်းရုံးသိမ်းသွင်းခဲ့တာဖြစ် ကြောင်း သိရပါတယ်။

 

ဒါပေမဲ့ ၎င်းတို့ကို ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံထဲကို ခေါ်ဆောင်သွားပြီး ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နံှစေရေးအတွက် လူတွေကိုဖြားယောင်းသွေးဆောင်ဖို့ အတင်းအကျပ်စေခိုင်းခဲ့တယ်လို့ဆိုပါတယ်။

 

အမျိုးသမီး ၄ ဦးကိုတော့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားပေါ်ကနေ မြန်မာဘက်ကိုအဝင်မှာ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

 

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားဟာ သုံးနှစ်ကြာနီးပါးပိတ်ထားရာကနေ ဇန်နဝါရီလနှောင်းပိုင်းလောက်ကမှ ပြန်ဖွင့်တာဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

“မြန်မာနိုင်ငံထဲကို တခြားနည်းလမ်းတွေနဲ့ ဥပမာ မြစ်ကိုဖြတ်ကျော်ဝင်လာတာမျိုးကအစ တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်လူမျိုးတွေအပါအဝင် နိုင်ငံခြားသားအားလုံး မြန်မာနိုင်ငံကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာရှိတဲ့ လေဆိပ်တွေကနေတစ်ဆင့်ပဲ တရားဝင် ဝင်ထွက်ခွင့်ရှိပါတယ်။” လို့ ဖိလစ် ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

လူမှုကွန်ရက်တွေပေါ်ကတစ်ဆင့် အလုပ်အကိုင်အတုတွေဗန်းပြပြီး စည်းရုံးသိမ်းသွင်းကာ တရားမဝင်လုပ်သား များစုဆောင်းပြီး လူကုန်ကူးနေတဲ့အတွက် လူကုန်ကူးမှုပစ်မှတ်တွေအဖြစ်မခံရရေး ပြည်တွင်း/ပြည်ပရှိ ဖိလစ် ပိုင်နိုင်ငံသားတွေကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံသားတွေကို ပြန်လည်ကယ်တင်ရာမှာ အကူအညီပေးခဲ့တဲ့ မြန်မာအာဏာပိုင်တွေကို ကျေးဇူး တင်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

 

Ref: 8 Filipinos rescued in Myanmar human trafficking

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: 8 Filipinos rescued in Myanmar human trafficking

 

#PeopleMedia


Share this post