• Follow Us on

Home မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် မည်သည့်ကဏ္ဍမျိုးကိုမဆို ပိုမိုကူညီထောက်ပံ့ပေးဖို့ အမြဲ အဆင်သင့်ရှိနေကြောင်း ရုရှားသမ္မတ ပြောဆို

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် မည်သည့်ကဏ္ဍမျိုးကိုမဆို ပိုမိုကူညီထောက်ပံ့ပေးဖို့ အမြဲ အဆင်သင့်ရှိနေကြောင်း ရုရှားသမ္မတ ပြောဆို

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၄ (People Media)

 

ဒီဇင်ဘာ ၁ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံပေါင်း (၂၀) မှ ရုရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက ရုရှားဖက်ဒရေးနိုင်ငံ သမ္မတထံသို့ ခန့်အပ်လွှာ ပေးအပ်ခြင်း အခမ်း အနား၌ ရုရှားသမ္မတက အထက်အပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

 

“ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည်ပိုမိုနက်ရှိုင်းလာသလို နှစ်နိုင်ငံ ချစ်ကြည်ရေးလုပ်ငန်းစဉ်ဟာလည်း ပိုမိုတိုးတက်ခိုင်မြဲလာပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ ကာကွယ်ရေး၊ စီးပွား ရေးနဲ့ ပညာရေးကဏ္ဍတွေမှာ လက်ရှိလုပ်ဆောင်နေတာရှိသလို မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည့် မည်သည့်ကဏ္ဍမျိုးကိုမဆို ပိုမိုကူညီထောက်ပံ့ပေးဖို့ အမြဲအဆင်သင့်ရှိနေတယ်လို့” ရုရှားသမ္မတက ပြော ဆိုလိုက်ပါတယ်။

 

အလားတူ ရုရှားနိုင်ငံအနေနဲ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြည်တွင်းတည်ငြိမ်ရေးလုပ်ငန်းစဉ်တွေကို အစွမ်းကုန် ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ရုရှားသမ္မတက ပြောပါတယ်။

 

ရုရှား-မြန်မာဆက်ဆံရေးသည် ကောင်းမွန်သောဆက်ဆံရေးများရှိကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက တရား  ဝင် ထုတ်ဖော်ပြောဆိုလျက်ရှိပါတယ်။

 

#PeopleMedia #ရုရှားမြန်မာ

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post