• Follow Us on

Home ၫႊန္ၾကားခ်က္ေဖါက္ဖ်က္ကာ တကၠသိုလ္တြင္း ေစ်းဆိုင္အေဆာက္အဦးငွားရမ္းသည့္အတြက္ မႏၲေလး တကၠသိ္ုလ္ပါေမာကၡခ်ဳပ္ကို အၿငိမ္းစားေပးခဲ့ေၾကာင္း ပညာေရးဒု၀န္ႀကီးေျပာ

ၫႊန္ၾကားခ်က္ေဖါက္ဖ်က္ကာ တကၠသိုလ္တြင္း ေစ်းဆိုင္အေဆာက္အဦးငွားရမ္းသည့္အတြက္ မႏၲေလး တကၠသိ္ုလ္ပါေမာကၡခ်ဳပ္ကို အၿငိမ္းစားေပးခဲ့ေၾကာင္း ပညာေရးဒု၀န္ႀကီးေျပာ

Share this post

မႏၲေလးတကၠသိုလ္အတြင္း Food Court တည္ေဆာက္ျခင္းႏွင့္ပတ္သက္ၿပီး ႏိုင္ငံတာ္သမၼတ၏ ၫႊန္ၾကားခ်က္ ကို မလိုက္နာျခင္းေၾကာင့္ မႏၲေလးတကၠသိ္ုလ္ပါေမာကၡခ်ဳပ္ကို အၿငိမ္းစားေပးခဲ့သည္မွာ မွန္ကန္ေၾကာင္း ပညာ ေရးဒု၀န္ႀကီးဦး၀င္းေမာ္ထြန္းကေျပာသည္။

ႏိုင္ငံတာ္သမၼတ၏ၫႊန္ၾကားခ်က္ကို မလိုက္နာျခင္းေၾကာင့္ မႏၲေလးတကၠသိ္ုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာသီတာ ၀င္းကို ယခုလ ၂၈ ရက္က အၿငိမ္းစားေပးလိုက္ေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးမွ သတင္းထုတ္ျပန္ခဲ့သည္။

“ဒါကေတာ့ သူ႔ဥပေဒ သူ႔လုပ္ထံုးအတိုင္း ေဆာင္ရြက္တာျဖစ္ပါတယ္”ဟု ပညာေရးဒု၀န္ႀကီးဦး၀င္းေမာ္ထြန္းက ေျပာသည္။

မႏၲေလးတကၠသိုလ္အတြင္းရွိ ေျမဧရိယာ ေပ(၅၅×၁၄၀)တြင္ Food Court ေခၚ ေစ်းဆိုင္အေဆာက္အဦး ေဆာက္လုပ္ခဲ့ရာတြင္ ႏိုင္ငံေတာ္သမၼတ႐ုံးၫြန္ၾကားခ်က္ ၁/၂၀၁၇ အား ခ်ိဳးေဖာက္ကာ တင္ဒါေခၚယူျခင္း မရွိဘဲ ေဆာက္လုပ္ခဲ့ေၾကာင္း၊ အဆိုပါအေဆာက္အဦးအား အဆင့္ျမင့္ပညာဦးစီးဌာန၏ ခြင့္ျပဳခ်က္မပါရွိဘဲ ေဆာက္လုပ္ခဲ့ေၾကာင္းႏွင့္ ယင္းအေဆာက္အဦးအား ေဆာက္လုပ္ငွားရမ္းရာတြင္လည္း ပြင့္လင္းျမင္သာမူ မရွိေၾကာင္း မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢမွ ဦးေဆာင္ကာ ဆႏၵျပသပိတ္စခန္းဖြင့္ ေတာင္းဆိုၿပီး ေနာက္ ယခုလိုအၿငိမ္းစားေပးလိုုက္ေၾကာင္း အမိန္႔ေၾကာ္ျငာစာထြက္လာခဲ့ျခင္းလည္းျဖစ္သည္။

လက္ရွိတြင္လည္း မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားက သပိတ္ကို မလွန္ေသးဘဲ ၎တို႔ဆီကို ေတာင္းဆို ထားသည့္အခ်က္မ်ားအတိုင္း ရလဒ္ကို တရား၀င္စာပို႔မွသာ သပိတ္လွန္သြားမည္ျဖစ္ေၾကာင္း သပိတ္ဦးေဆာင္ ေကာ္မတီ၀င္မယမင္းသူကေျပာၾကားခဲ့သည္။ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး မႏၲေလးတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္ တာသီတာ၀င္းကို ေမးျမန္းရန္တယ္လီဖုန္းျဖင့္ ဆက္သြယ္ရာ ဆက္သြယ္၍မရခဲ့ေပ။

#PeopleMedia

(Unicode)
ညွှန်ကြားချက်ဖေါက်ဖျက်ကာ တက္ကသိုလ်တွင်း ဈေးဆိုင်အဆောက်အဦးငှားရမ်းသည့်အတွက် မန္တလေး တက္ကသိ်ုလ်ပါမောက္ခချုပ်ကို အငြိမ်းစားပေးခဲ့ကြောင်း ပညာရေးဒုဝန်ကြီးပြော ……………………………………………………………

မန္တလေးတက္ကသိုလ်အတွင်း Food Court တည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတာ်သမ္မတ၏ ညွှန်ကြားချက် ကို မလိုက်နာခြင်းကြောင့် မန္တလေးတက္ကသိ်ုလ်ပါမောက္ခချုပ်ကို အငြိမ်းစားပေးခဲ့သည်မှာ မှန်ကန်ကြောင်း ပညာ ရေးဒုဝန်ကြီးဦးဝင်းမော်ထွန်းကပြောသည်။

နိုင်ငံတာ်သမ္မတ၏ညွှန်ကြားချက်ကို မလိုက်နာခြင်းကြောင့် မန္တလေးတက္ကသိ်ုလ်ပါမောက္ခချုပ် ဒေါက်တာသီတာ ဝင်းကို ယခုလ ၂၈ ရက်က အငြိမ်းစားပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

“ဒါကတော့ သူ့ဥပဒေ သူ့လုပ်ထုံးအတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ပညာရေးဒုဝန်ကြီးဦးဝင်းမော်ထွန်းက ပြောသည်။

မန္တလေးတက္ကသိုလ်အတွင်းရှိ မြေဧရိယာ ပေ(၅၅×၁၄၀)တွင် Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံးညွန်ကြားချက် ၁/၂၀၁၇ အား ချိုးဖောက်ကာ တင်ဒါခေါ်ယူခြင်း မရှိဘဲ ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါအဆောက်အဦးအား အဆင့်မြင့်ပညာဦးစီးဌာန၏ ခွင့်ပြုချက်မပါရှိဘဲ ဆောက်လုပ်ခဲ့ကြောင်းနှင့် ယင်းအဆောက်အဦးအား ဆောက်လုပ်ငှားရမ်းရာတွင်လည်း ပွင့်လင်းမြင်သာမူ မရှိကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ကာ ဆန္ဒပြသပိတ်စခန်းဖွင့် တောင်းဆိုပြီး နောက် ယခုလိုအငြိမ်းစားပေးလိုက်ကြောင်း အမိန့်ကြော်ငြာစာထွက်လာခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိတွင်လည်း မန္တလေးတက္ကသိုလ်ကျောင်းသားများက သပိတ်ကို မလှန်သေးဘဲ ၎င်းတို့ဆီကို တောင်းဆို ထားသည့်အချက်များအတိုင်း ရလဒ်ကို တရားဝင်စာပို့မှသာ သပိတ်လှန်သွားမည်ဖြစ်ကြောင်း သပိတ်ဦးဆောင် ကော်မတီဝင်မယမင်းသူကပြောကြားခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာသီတာဝင်းကို မေးမြန်းရန်တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ ဆက်သွယ်၍မရခဲ့ပေ။

#PeopleMedia


Share this post