• Follow Us on

Home ပြီးခဲ့သည့် အစိုးရလက်ထက်တွင် အများပြည်သူအကျိုးမကြည့်ဘဲ လူတစ်ဦးအကျိုးအတွက် ဆောင်ရွက်ခဲ့ သည်များကို ဖော်ထုတ်ကာ အရေးယူမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြော

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် အများပြည်သူအကျိုးမကြည့်ဘဲ လူတစ်ဦးအကျိုးအတွက် ဆောင်ရွက်ခဲ့ သည်များကို ဖော်ထုတ်ကာ အရေးယူမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြော

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် လူထုအကျိုးအား ကြည့်ခြင်းမရှိဘဲ လူပုဂ္ဂိုလ်တစ်ဦးအတွက်သာကြည့်၍ ဆောင်ရွက်ခဲ့သည့်ကိစ္စများကို ဖော်ထုတ်ကာ အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 

ဖေဖော်ဝါရီ ၂၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခင်အစိုးရဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ရခိုင်ပြည်နယ်ကိစ္စများနှင့်ပတ်သက်၍ ကိုဖီအာနန်ကော်မရှင် ဆောင်ရွက်ခဲ့သည့်ကိစ္စများအပေါ်တွင်လဲ စုံစမ်း ဖော်ထုတ်မှုများကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏အကျိုးကို မကြည့်ဘဲ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုသာကြည့်ပြီး တိုင်းပြည်၏ အကျိုးကိုမကြည့်ဘဲ ကိုယ်ကျိုးအတွက် ဆောင်ရွက်ခဲ့မှုများကို လဲ ဖော်ထုတ်ကာ အရေးယူသွားမည်ဖြစ်ကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ မိန့်ခွန်းတွင်ပါရှိသည်။

 

၎င်းအပြင် လက်ရှိအခြေအနေသည် မဲမသမာမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ပြီးခဲ့သည့် အစိုးရ တာဝန်ယူသည့် ကာလတစ်လျောက်လုံးတွင် စိတ်ရှည်သီးခံစွာ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း အစိုးရအနေ ဖြင့် နိုင်ငံတော်၏ ပကတိအခြေအနေနှင့် သဟဇာတဖြစ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက်ကြောင့် ပြဿနာများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောဆိုခဲ့သည်။

 

#PeopleMedia #ကောင်စီ

(unicode)

………………………………………………………………








Share this post