• Follow Us on

Home မြိုင်မြို့နယ်၌ နေမကောင်း၍ ဆေးခန်းပြပြီး ပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံ ရ၍ သေဆုံး

မြိုင်မြို့နယ်၌ နေမကောင်း၍ ဆေးခန်းပြပြီး ပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံ ရ၍ သေဆုံး

Share this post

မကွေး၊ ဒီဇင်ဘာ ၉ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ နေမကောင်း၍ ဆေးခန်းပြပြီးပြန်လာသည့် အမျိုးသားတစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြိုင်မြို့နယ် တဲကြီးရွာ၌ နေထိုင်သူ ဦးလှအောင် သည် နေမကောင်၍ ဆေးခန်းပြပြီး အပြန်တွင် မြိုင်နယ် မြို့စိုးကျေးရွာအနီး မြိုင်-ကိုင်းတောမလမ်းမပေါ် အရောက်တွင် ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသားနှစ်ဦးက ၎င်း၏ ဘေးမှ ကျော်တက်ကာ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

“ဦးလှအောင်က မိသားစုက အဆင်မပြေဘူး ကြုံရာကျပန်းအလုပ်ကိုလုပ်စားတာ နိုင်ငံရေးတွေမှာ ပါဝင် ဆောင်ရွက်တဲ့သူတစ်ဦးမဟုတ်ဘူး။ ဘာကြောင့် လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာကတော့ စဉ်းစားလို့မရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့သည် ဒေသခံ PDF များ အားကောင်းသည့်နေရာများ ဖြစ်သည်။

 

#PeopleMedia #မြိုင် #လုပ်ကြံသတ်ဖြတ်

 

(unicode)


………………………………………………………….

 


 


 


 


 


 



Share this post