• Follow Us on

Home မြို့သစ်မြို့တွင် နံနက်ပိုင်းအချိန်၌ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိပြီးနောက် ညနေပိုင်းအချိန်တွင် အုပ်ချုပ်ရေး မှူး ပစ်ခတ်သတ်ဖြတ်ခံရ

မြို့သစ်မြို့တွင် နံနက်ပိုင်းအချိန်၌ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိပြီးနောက် ညနေပိုင်းအချိန်တွင် အုပ်ချုပ်ရေး မှူး ပစ်ခတ်သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၄ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့တွင် နံနက်ပိုင်းအချိန်၌ လင်းလည်အုပ်၊ ခြင်ကိုက်ကုန်းကျေးရွာ၌ လက်နက်ခဲ  ယမ်းများ ဖမ်းဆီးရမိပြီးနောက် ညနေပိုင်းအချိန်တွင် ပုလင်းပြားကြီးကျေးရွာမှ အုပ်ချုပ်ရေးမှူး ပစ်ခတ်သတ် ဖြတ်ခံရကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါ မြို့သစ်မြို့၊ ပုလင်းပြားကြီးကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးသည် အောက်တိုဘာ ၁၃ ရက် နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးမှအပြန် ပုလင်းပြားကျေး ရွာအနောက်ဘက် ရွာအဝင်လမ်းပေါ်၌ပင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

 

ထို့အပြင် ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အုပ်ချုပ်ရေးမှူးများအနေဖြင့် အချိန်မီနုတ်ထွက် ရန် သတိပေးထားကြောင်းနှင့် နုတ်ထွက်ခြင်းမရှိသော အုပ်ချုပ်ရေးမှူးများ၏ အသက်အိုးအိမ်စည်းစိမ်များအား လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းနှင့် ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းစိုးကို ၎င်းတို့အဖွဲ့မှ ကျည်ဆန် ၉ ချက်ဖြင့် ယမမင်းထံအပ်နှံလိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

အလားတူ အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ လင်းလည်အုပ်စု၊ ခြင်ကိုက်ကုန်းကျေးရွာရှိ နေအိမ်တစ်အိမ်၌ M-16 ၂ လက်၊ M-4 ၁ လက်အပါအဝင် လက်နက်ခဲယမ်း၊ လက် လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။

 

Photo – credit

 

#PeopleMedia #မကွေး #မြို့သစ်မြို့ #အုပ်ချုပ်ရေးမှူး

(unicode)


………………………………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post