• Follow Us on

Home နိုင်ငံအတွင်း၌ အမြဲနေနိုင်ငံခြားသားများ စနစ်တကျဖြစ်စေရေးအတွက် နိုင်ငံခြားသားထိန်းသိမ်းရေးဆိုင်ရာ စီမံ ခန့်ခွဲမှုစနစ်ကို ဖော်ဆောင်လျက်ရှိကြောင်း လ-ဝ-ကဝန်ကြီး ပြောကြား

နိုင်ငံအတွင်း၌ အမြဲနေနိုင်ငံခြားသားများ စနစ်တကျဖြစ်စေရေးအတွက် နိုင်ငံခြားသားထိန်းသိမ်းရေးဆိုင်ရာ စီမံ ခန့်ခွဲမှုစနစ်ကို ဖော်ဆောင်လျက်ရှိကြောင်း လ-ဝ-ကဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၁ (People Media)

 

နိုင်ငံအတွင်း၌ အမြဲနေနိုင်ငံခြားသားများကို စနစ်တကျ ဖြစ်စေရေးအတွက် နိုင်ငံခြားသားထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို ဖော်ဆောင်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းအရှိန်အဟုန်ဖြင့်ဆောင်ရွက်ရမည့် ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် အစည်း အဝေးကို ယမန်နေ့ နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ ပြုလုပ်စဉ် လ-ဝ-က ဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက” မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် အရေးပါသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုနိုင်ငံတော် အစိုးရကာလအတွင်း လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနအနေဖြင့် ဗီဇာအမျိုးမျိုးဖြင့်ဝင်ရောက်လာသည့် နိုင်ငံခြားသားများ၊ နိုင်ငံအတွင်း အမြဲနေနိုင်ငံခြားသားများ ကို စနစ်တကျဖြစ်စေရေးအတွက် နိုင်ငံခြားသားထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို ဖော်ဆောင်လျက် ရှိကြောင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနအနေဖြင့် နိုင်ငံသားတိုင်း လူမှုဘဝဆောင်ရွက်မှုတိုင်း တွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားဖြစ်မှုအထောက်အထားရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ၏ လူမှုစီးပွားရေးဆိုင်ရာစီမံကိန်းများ ရေးဆွဲချမှတ် ဆောင်ရွက်ရာတွင် လိုအပ်သော စာရင်းအင်း ကိန်းဂဏန်းအချက်အလက်များရရှိစေရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုကာလအတွင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ် ကြောင်း” ပြောသည်။

 

“ယင်းလုပ်ငန်းများအပြင် e-ID ဌာနအနေဖြင့် နိုင်ငံတော်၏ e-Government စနစ်အတွက် အခြေခံအကျဆုံး လုပ်ငန်းဖြစ်သည့် e-ID စနစ်လုပ်ငန်းကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ယခုနိုင်ငံတော် အစိုးရတာဝန်ယူစဉ်ကာလအတွင်း အချို့လုပ်ငန်းများအား ပြီးပြတ်အောင် မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အချိန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို မပြီးပြတ်နိုင်သော်လည်း ရုပ်လုံးပေါ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များနှင့် နိုင်ငံ တော်၏ စီမံချက်တစ်ခုအဖြစ်ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း မဖြစ်မနေ ပြီးစီး အောင်မြင်အောင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည့်အလျှောက် မည်သို့ပင် အခက်အခဲ၊ အဟန့် အတားများရှိစေကာမူ လျာထားချက်ပြည့်မီ ပြီးစီးရေးအတွက် လုပ်နိုင်သမျှသောနည်းလမ်းများဖြင့် တွေးတော ကြံဆဆောင်ရွက်ကြရန်လိုကြောင်း” ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုခဲ့သည်။

 

#PeopleMedia #လဝက #ဦးခင်ရီ

 

(unicode)


……………………………………………………………….

 


 


 


 


 


 



Share this post