• Follow Us on

Home ႏိုင္ငံျခားကုမၸဏီတစ္ခုတည္းကို ေျမဧက တစ္သိန္းရွစ္ေသာင္း လုပ္ကိုင္ခြင့္ခ်ေပးျခင္းကို ေခတ္အဆက္ဆက္မည္သည့္အစိုးရမွ မေပးေၾကာင္းႏွင့္ လုပ္ကိုင္ခြင့္တြင္ ဇလံုေတာင္ႏွင့္ ဇလံုေတာင္အမ်ိဳးသားဥယ်ာဥ္ပါ၀င္ျခင္းရွိမရွိလည္း ပြင့္လင္းျမင္သာမႈမရွိ ေၾကာင္း စစ္ကိုင္းတိုင္းရွမ္းလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ေျပာ

ႏိုင္ငံျခားကုမၸဏီတစ္ခုတည္းကို ေျမဧက တစ္သိန္းရွစ္ေသာင္း လုပ္ကိုင္ခြင့္ခ်ေပးျခင္းကို ေခတ္အဆက္ဆက္မည္သည့္အစိုးရမွ မေပးေၾကာင္းႏွင့္ လုပ္ကိုင္ခြင့္တြင္ ဇလံုေတာင္ႏွင့္ ဇလံုေတာင္အမ်ိဳးသားဥယ်ာဥ္ပါ၀င္ျခင္းရွိမရွိလည္း ပြင့္လင္းျမင္သာမႈမရွိ ေၾကာင္း စစ္ကိုင္းတိုင္းရွမ္းလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ေျပာ

Share this post

ရန္ကုန္၊ ေမ ၈

ႏိုင္ငံျခားကုမၸဏီတစ္ခုတည္းကို ေျမဧက တစ္သိန္းရွစ္ေသာင္းလုပ္ကိုင္ခြင့္ခ်ထားေပးျခင္းကို ေခတ္အဆက္ဆက္မည္သည့္ အစိုးရမွ လုပ္ပိုင္ခြင့္ခ်မေပးေၾကာင္း စစ္ကိုင္းတိုင္းရွမ္းလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးစိုင္းသန္႔စင္ဦးက PeopleMedia သို႔ ေျပာသည္။

စစ္ကိုင္းတိုင္းေဒသႀကီး ေကာလင္း၊ ၀န္းသုိ၊ ပင္လယ္ဘူး၊ ဗန္းေမာက္ေဒသမ်ားတြင္ ေၾကးနီႏွင့္ ဆက္စပ္သတၱဳမ်ား စမ္းသပ္ ရွာေဖြလုပ္ကိုင္ရန္ လုပ္ငန္းလုပ္ပိုင္ခြင့္ခ်ေပးထားခဲ့ျခင္းျဖစ္ၿပီး အဆိုပါနယ္ေျမမ်ားအနက္ ဗန္းေမာက္ေဒသအတြင္းရွိ အထင္ ကရနယ္ေျမမ်ားျဖစ္သည့္ ဗန္းေမာက္အမ်ိဳးသားဥယ်ာဥ္ႏွင့္ ဗန္းေမာက္ေတာင္ဘုရားကဲ့သို႔ေနရာမ်ားလည္း လုပ္ငန္းခြင္အတြင္း ပါ၀င္ျခင္းရွိမရွိပြင့္လင္းျမင္သာမႈမရွိေၾကာင္းလည္း၎ကဆိုသည္။

“လြန္ခဲ့တဲ့ ၂၀၁၈ ေလာက္ကတည္းက Wuntho Resources ဆိုတဲ့ဧရိယာႀကီးက အႀကီးႀကီးပဲ ဘာမွန္းလဲမသိ ဘယ္ကုမၸဏီ မွန္းလဲမသိဘဲနဲ႔ ဧရိယာအမ်ားႀကီးယူထားတာေတာ့သိတယ္။ ဒါႏိုင္ငံေတာ္ရဲ႕ ပေရာဂ်က္လား ဒါႏိုင္ငံေတာ္ပိုင္ထင္လို႔ ကၽြန္ေတာ္တို႔က မေျပာဘဲေနခဲ့တာေပါ့။ ပါမစ္ႀကီးထြက္လာတဲ့အခါမွာၾကေတာ့ ႏိုင္ငံျခားကုမၸဏီကေန ယူသြားတယ္၊ ယူ သြားၿပီးတဲ့အခါၾကေတာ့ ဒါႀကီးက ဧကေပါင္း တစ္သိန္းရွစ္ေသာင္းဆိုတာ ေခတ္အဆက္ဆက္မွ ဘယ္အစိုးရမွ ခ်မေပးတဲ့ ဧရိယာမ်ိဳးႀကီးေတြခ်ေပးေတာ့ ကၽြန္ေတာ္တို႔ တိုင္းရင္းသားေတြအကုန္လံုးက ဒါအလြန္ပဲစိတ္ပ်က္မိပါတယ္” ဟု စစ္ကိုင္း တိုင္းရွမ္းလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ဦးစိုင္းသန္႔စင္ဦ္းကေျပာသည္။

သတၱဳစမ္းသပ္တူးေဖၚရွာေဖြေရးလုပ္ကြက္တြင္ ဇလံုေတာင္အမ်ိဳးသားဥယ်ာဥ္ႏွင့္ ဇလံုေတာင္နယ္ေျမတို႔ပါ၀င္ျခင္းရွိမရွိကို ႏိုင္ငံ ေတာ္မွေဖၚေဆာင္ေနသည့္ ျမန္မာ့တြင္းထြက္သယံဇာတလုပ္ငန္းမ်ားပြင့္လင္းျမင္သာမႈေဖၚေဆာင္ေရးလုပ္ငန္းအဖြဲ႕EITI ပင္ မသိရွိေၾကာင္း ၎ကဆိုသည္။

“ပါတယ္ဗ်ပါတယ္။ သူတို႔ကအဲ့ေနရာကို ဖယ္ခြဲထားတယ္ဆိုတာမ်ိဳးေတာ့ နည္းနည္းေျပာထားတာေပါ့ေနာ္။ ဒါေပမယ့္ လက္ ရွိအတိုင္းအတာမွာၾကေတာ့ သူတို႔ခြဲထားတယ္ဆိုတာကလည္း ပြင့္လင္းျမင္သာမႈမရွိဘူးဗ်။ ပြင့္လင္းျမင္သာမႈ တာ၀န္ခံမႈ တာ၀န္ယူမႈဆိုတာ ႏိုင္ငံေတာ္က ေဖၚေဆာင္ေနတဲ့ EITI လိုအဖြဲ႕အစည္းေတာင္မသိဘူး”ဟု ဦးစိုင္းသန္႔စင္၀င္းကေျပာသည္။

ဗန္းေမာက္ေဒသရွိ ဇလံုေတာင္အမ်ိဳးသားဥယ်ာဥ္ႏွင့္ ဇလံုေတာင္နယ္ေျမတို႔ လုပ္ကြက္တြင္ ပါ၀င္ျခင္းရွိမရွိႏွင့္ပတ္သက္ၿပီး ဗန္းေမာက္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦး၀င္းေရႊက “ေျမပံုအရေတာ့ပါေနတာ အဲေလာက္အထိေတာ့ လုပ္မယ္မထင္ပါဘူး။ အေစာပိုင္းတုန္းကဆြဲတာ(ေျမပံုဧက)ေလးေသာင္းေက်ာ္ဆြဲတာ အခုဟာက တစ္သိန္းရွစ္ေသာင္းေက်ာ္ ဆြဲတယ္လို႔ ေျပာတယ္”ဟု ဆိုသည္။

ဇလံုေတာင္အမ်ိဳးသားဥယ်ာဥ္ႏွင့္ ဇလံုေတာင္နယ္ေျမအေျခအေနမ်ားႏွင့္ပတ္သက္ၿပီး Wuntho Resources ကုမၸဏီမွ ဗန္းေမာက္ၿမိဳ႕နယ္ဆက္ဆံေရးတာ၀န္ခံ ကိုေက်ာ္ဇင္သန္႔ကို ဆက္သြယ္ေမးျမန္းရာမပါ၀င္ေၾကာင္း ၎ကေျပာသည္။

“ဇလံုေတာင္အမ်ိဳးသားဥယ်ာဥ္နဲ႔ဇလံုေတာင္ ေျမဧရိယာမပါဘူးဗ်မပါဘူး။ အရင္တုန္းကေတာ့ စလုပ္တုန္းကပါတယ္္ ခုေတာ့ျပန္ပယ္ေပးထားတယ္”ဟု ကိုေက်ာ္ဇင္သန္႔ကေျပာသည္။

လုပ္ငန္းခြင္ခ်ာထားေပးမႈႏွင့္ပတ္သက္ၿပီး ဗန္းေမာက္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္စိုးက စမ္းသပ္ လုပ္ပိုင္ခြင့္ေပးျခင္းဟုသာျမင္ေၾကာင္း သံုးသပ္ေျပာၾကားသည္။

“စမ္းသပ္ခြင့္ပဲရတာ တကယ္တန္းၾကေတာ့ ဒီဟာကို တူးေဖၚထုတ္လုပ္ခြင့္ေပးတာမဟုတ္ဘူး။ အဲလိုပဲကၽြန္ေတာ္သိထားတယ္။ ေရြးေကာက္ပြဲနီးတာနဲ႔ ဒီဟာကိုဖြခ်င္တဲ့သူေတြဝိုင္းဖြၾကတဲ့သေဘာပါပဲ။ ကၽြန္ေတာ္ျမင္တာကေတာ့ ဒီဟာစမ္းသပ္ၿပီးေတာ့ ရွာတဲ့အဆင့္ေလာက္ပါပဲ ေပးထားတာေပါ့ေနာ္ ငါးႏွစ္ေပးတာေပါ့ေနာ္” ဟု ဗန္းေမာက္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္စိုးကေျပာသည္။

အထက္ပါလုပ္ငန္းလုပ္ကိုင္ခြင့္ရေဒသမ်ားတြင္ ရွမ္းနီတိုင္းရင္းသားအမ်ားစုေနထိုင္ၾကၿပီး အစိုးရအေနျဖင့္ တိုင္းရင္းသားမ်ားျဖင့္ ေဆြးေႏြးျခင္းမ်ားျပဳလုပ္သင့္ေၾကာင္း၊ ႏိုင္ငံေတာ္တြင္ မည့္သည့္အစိုးရပါတီ အာဏာရလာသည္ျဖစ္ေစ တိုင္းရင္းသားမ်ားကို လက္တြဲ ေခၚေဆာင္သင့္ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီးရွမ္းလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးစိုင္းသန္႔စင္ဦးက လုပ္ငန္းခ်ထား ေပးမႈအေပၚ ၎အျမင္ကိုေျပာသည္။

“အစိုးရကိုယ္တိုင္က ေဆြးေႏြးျခင္းျပဳလုပ္သင့္တာေပါ့ေနာ္။ တိုင္းရင္းသားေတြနဲ႔လည္း ေဆြးေႏြးသင့္တာေပါ့။ ေဒသခံတိုင္းရင္း သားေတြကို မေဆြးေႏြးဘူးဆိုရင္ ကၽြန္ေတာ္တို႔ အိမ္ထဲမွာ ၿခံထဲမွာ မုန္႔ၫွင္းခင္းလာစိုက္တယ္။ လာစိုက္ၿပီးေတာ့ မုန္႔ၫွင္းလည္း မစားရအသီးလည္းမစားရ မုန္႔ၫွင္းလည္း ျပန္ႏုတ္သြားတယ္။ အမိႈက္သိမ္းရမယ္ဆိုမွ ကိုယ္ၿခံထဲက အမိႈက္ကို ကိုယ္ျပန္သိမ္းရ မယ့္သေဘာမ်ိဳးျဖစ္သြားမွာေပါ့။ ဒါမ်ိဳးၾကေတာ့ ကၽြန္ေတာ္တို႔ အဆင္မေျပဘူးေလ”ဟု ဦးစိုင္းသန္႔စင္ဦး ေျပာဆိုသြားခဲ့သည္။

သယံဇာတႏွင့္ သဘာပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာနမွ Wuntho Resourcesကုမၸဏီအား ေၾကးနီႏွင့္ ဆက္စပ္သတၱဳမ်ား ရွာေဖြေရးတိုင္းတာေရးႏွင့့္ ျဖစ္ေျမာက္ႏိုင္စြမ္းေလ့လာေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရန္ ခြင့္ျပဳေၾကာင္းႏွင့္ တစ္ဦးတစ္ဖြဲ႕တည္း ရာႏႈန္းျပည့္လုပ္ငန္းပံုစံျဖင့္ လုပ္ကိုင္ျခင္းျဖစ္ေၾကာင္း ၂၀၂၀ ခုႏွစ္ ေမလ ၂၀ ရက္ ရက္စြဲျဖင့္ ထုတ္ျပန္ထားသည္။

Wutho Resources ကုမၸဏီသည္ ၾသစေၾတးလ်အေျခစုိက္ PanAust ကုမၸဏီက ၈၀ ရာခုိင္ႏႈန္းပိုင္ဆုိင္ၿပီး ျပည္တြင္းမွ Myanmar Energy Resources Group International (MERG) ကုမၸဏီက ၂၀ ရာခုိင္ႏႈန္းပိုင္ဆုိင္မႈျဖင့္ ပူးေပါင္းထားသည့္ ကုမၸဏီျဖစ္ၿပီး PanAust ကုမၸဏီသည္ ေရႊႏွင့္ ေၾကးနီ အဓိကရွာေဖြေနေသာ ကုမၸဏီတစ္ခုျဖစ္ကာ လက္ရွိတြင္ လာအုိႏုိင္ငံ၌ တူးေဖာ္ထုတ္လုပ္လ်က္ရွိၿပီျမန္မာႏိုင္ငံတြင္လည္း တူးေဖာ္ခြင့္ရရန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္။

Photo – Aung Kyaw Moe

#PeopleMedia

(unicode)
နိုင်ငံခြားကုမ္ပဏီတစ်ခုတည်းကို မြေဧက တစ်သိန်းရှစ်သောင်း လုပ်ကိုင်ခွင့်ချပေးခြင်းကို ခေတ်အဆက်ဆက်မည်သည့်အစိုးရမှ မပေးကြောင်းနှင့် လုပ်ကိုင်ခွင့်တွင် ဇလုံတောင်နှင့် ဇလုံတောင်အမျိုးသားဥယျာဉ်ပါဝင်ခြင်းရှိမရှိလည်း ပွင့်လင်းမြင်သာမှုမရှိ ကြောင်း စစ်ကိုင်းတိုင်းရှမ်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌပြော
…………………………………………………

ရန်ကုန်၊ မေ ၈

နိုင်ငံခြားကုမ္ပဏီတစ်ခုတည်းကို မြေဧက တစ်သိန်းရှစ်သောင်းလုပ်ကိုင်ခွင့်ချထားပေးခြင်းကို ခေတ်အဆက်ဆက်မည်သည့် အစိုးရမှ လုပ်ပိုင်ခွင့်ချမပေးကြောင်း စစ်ကိုင်းတိုင်းရှမ်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းသန့်စင်ဦးက PeopleMedia သို့ ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်ဒေသများတွင် ကြေးနီနှင့် ဆက်စပ်သတ္တုများ စမ်းသပ် ရှာဖွေလုပ်ကိုင်ရန် လုပ်ငန်းလုပ်ပိုင်ခွင့်ချပေးထားခဲ့ခြင်းဖြစ်ပြီး အဆိုပါနယ်မြေများအနက် ဗန်းမောက်ဒေသအတွင်းရှိ အထင် ကရနယ်မြေများဖြစ်သည့် ဗန်းမောက်အမျိုးသားဥယျာဉ်နှင့် ဗန်းမောက်တောင်ဘုရားကဲ့သို့နေရာများလည်း လုပ်ငန်းခွင်အတွင်း ပါဝင်ခြင်းရှိမရှိပွင့်လင်းမြင်သာမှုမရှိကြောင်းလည်း၎င်းကဆိုသည်။

“လွန်ခဲ့တဲ့ ၂၀၁၈ လောက်ကတည်းက Wuntho Resources ဆိုတဲ့ဧရိယာကြီးက အကြီးကြီးပဲ ဘာမှန်းလဲမသိ ဘယ်ကုမ္ပဏီ မှန်းလဲမသိဘဲနဲ့ ဧရိယာအများကြီးယူထားတာတော့သိတယ်။ ဒါနိုင်ငံတော်ရဲ့ ပရောဂျက်လား ဒါနိုင်ငံတော်ပိုင်ထင်လို့ ကျွန်တော်တို့က မပြောဘဲနေခဲ့တာပေါ့။ ပါမစ်ကြီးထွက်လာတဲ့အခါမှာကြတော့ နိုင်ငံခြားကုမ္ပဏီကနေ ယူသွားတယ်၊ ယူ သွားပြီးတဲ့အခါကြတော့ ဒါကြီးက ဧကပေါင်း တစ်သိန်းရှစ်သောင်းဆိုတာ ခေတ်အဆက်ဆက်မှ ဘယ်အစိုးရမှ ချမပေးတဲ့ ဧရိယာမျိုးကြီးတွေချပေးတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေအကုန်လုံးက ဒါအလွန်ပဲစိတ်ပျက်မိပါတယ်” ဟု စစ်ကိုင်း တိုင်းရှမ်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးစိုင်းသန့်စင်ဦ်းကပြောသည်။

သတ္တုစမ်းသပ်တူးဖေါ်ရှာဖွေရေးလုပ်ကွက်တွင် ဇလုံတောင်အမျိုးသားဥယျာဉ်နှင့် ဇလုံတောင်နယ်မြေတို့ပါဝင်ခြင်းရှိမရှိကို နိုင်ငံ တော်မှဖေါ်ဆောင်နေသည့် မြန်မာ့တွင်းထွက်သယံဇာတလုပ်ငန်းများပွင့်လင်းမြင်သာမှုဖေါ်ဆောင်ရေးလုပ်ငန်းအဖွဲ့EITI ပင် မသိရှိကြောင်း ၎င်းကဆိုသည်။

“ပါတယ်ဗျပါတယ်။ သူတို့ကအဲ့နေရာကို ဖယ်ခွဲထားတယ်ဆိုတာမျိုးတော့ နည်းနည်းပြောထားတာပေါ့နော်။ ဒါပေမယ့် လက် ရှိအတိုင်းအတာမှာကြတော့ သူတို့ခွဲထားတယ်ဆိုတာကလည်း ပွင့်လင်းမြင်သာမှုမရှိဘူးဗျ။ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု တာဝန်ယူမှုဆိုတာ နိုင်ငံတော်က ဖေါ်ဆောင်နေတဲ့ EITI လိုအဖွဲ့အစည်းတောင်မသိဘူး”ဟု ဦးစိုင်းသန့်စင်ဝင်းကပြောသည်။

ဗန်းမောက်ဒေသရှိ ဇလုံတောင်အမျိုးသားဥယျာဉ်နှင့် ဇလုံတောင်နယ်မြေတို့ လုပ်ကွက်တွင် ပါဝင်ခြင်းရှိမရှိနှင့်ပတ်သက်ပြီး ဗန်းမောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက “မြေပုံအရတော့ပါနေတာ အဲလောက်အထိတော့ လုပ်မယ်မထင်ပါဘူး။ အစောပိုင်းတုန်းကဆွဲတာ(မြေပုံဧက)လေးသောင်းကျော်ဆွဲတာ အခုဟာက တစ်သိန်းရှစ်သောင်းကျော် ဆွဲတယ်လို့ ပြောတယ်”ဟု ဆိုသည်။

ဇလုံတောင်အမျိုးသားဥယျာဉ်နှင့် ဇလုံတောင်နယ်မြေအခြေအနေများနှင့်ပတ်သက်ပြီး Wuntho Resources ကုမ္ပဏီမှ ဗန်းမောက်မြို့နယ်ဆက်ဆံရေးတာဝန်ခံ ကိုကျော်ဇင်သန့်ကို ဆက်သွယ်မေးမြန်းရာမပါဝင်ကြောင်း ၎င်းကပြောသည်။

“ဇလုံတောင်အမျိုးသားဥယျာဉ်နဲ့ဇလုံတောင် မြေဧရိယာမပါဘူးဗျမပါဘူး။ အရင်တုန်းကတော့ စလုပ်တုန်းကပါတယ် ခုတော့ပြန်ပယ်ပေးထားတယ်”ဟု ကိုကျော်ဇင်သန့်ကပြောသည်။

လုပ်ငန်းခွင်ချာထားပေးမှုနှင့်ပတ်သက်ပြီး ဗန်းမောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးက စမ်းသပ် လုပ်ပိုင်ခွင့်ပေးခြင်းဟုသာမြင်ကြောင်း သုံးသပ်ပြောကြားသည်။

“စမ်းသပ်ခွင့်ပဲရတာ တကယ်တန်းကြတော့ ဒီဟာကို တူးဖေါ်ထုတ်လုပ်ခွင့်ပေးတာမဟုတ်ဘူး။ အဲလိုပဲကျွန်တော်သိထားတယ်။ ရွေးကောက်ပွဲနီးတာနဲ့ ဒီဟာကိုဖွချင်တဲ့သူတွေဝိုင်းဖွကြတဲ့သဘောပါပဲ။ ကျွန်တော်မြင်တာကတော့ ဒီဟာစမ်းသပ်ပြီးတော့ ရှာတဲ့အဆင့်လောက်ပါပဲ ပေးထားတာပေါ့နော် ငါးနှစ်ပေးတာပေါ့နော်” ဟု ဗန်းမောက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးကပြောသည်။

အထက်ပါလုပ်ငန်းလုပ်ကိုင်ခွင့်ရဒေသများတွင် ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်ကြပြီး အစိုးရအနေဖြင့် တိုင်းရင်းသားများဖြင့် ဆွေးနွေးခြင်းများပြုလုပ်သင့်ကြောင်း၊ နိုင်ငံတော်တွင် မည့်သည့်အစိုးရပါတီ အာဏာရလာသည်ဖြစ်စေ တိုင်းရင်းသားများကို လက်တွဲ ခေါ်ဆောင်သင့်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရှမ်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းသန့်စင်ဦးက လုပ်ငန်းချထား ပေးမှုအပေါ် ၎င်းအမြင်ကိုပြောသည်။

“အစိုးရကိုယ်တိုင်က ဆွေးနွေးခြင်းပြုလုပ်သင့်တာပေါ့နော်။ တိုင်းရင်းသားတွေနဲ့လည်း ဆွေးနွေးသင့်တာပေါ့။ ဒေသခံတိုင်းရင်း သားတွေကို မဆွေးနွေးဘူးဆိုရင် ကျွန်တော်တို့ အိမ်ထဲမှာ ခြံထဲမှာ မုန့်ညှင်းခင်းလာစိုက်တယ်။ လာစိုက်ပြီးတော့ မုန့်ညှင်းလည်း မစားရအသီးလည်းမစားရ မုန့်ညှင်းလည်း ပြန်နုတ်သွားတယ်။ အမှိုက်သိမ်းရမယ်ဆိုမှ ကိုယ်ခြံထဲက အမှိုက်ကို ကိုယ်ပြန်သိမ်းရ မယ့်သဘောမျိုးဖြစ်သွားမှာပေါ့။ ဒါမျိုးကြတော့ ကျွန်တော်တို့ အဆင်မပြေဘူးလေ”ဟု ဦးစိုင်းသန့်စင်ဦး ပြောဆိုသွားခဲ့သည်။

သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ Wuntho Resourcesကုမ္ပဏီအား ကြေးနီနှင့် ဆက်စပ်သတ္တုများ ရှာဖွေရေးတိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်းများလုပ်ဆောင်ရန် ခွင့်ပြုကြောင်းနှင့် တစ်ဦးတစ်ဖွဲ့တည်း ရာနှုန်းပြည့်လုပ်ငန်းပုံစံဖြင့် လုပ်ကိုင်ခြင်းဖြစ်ကြောင်း ၂၀၂၀ ခုနှစ် မေလ ၂၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

Wutho Resources ကုမ္ပဏီသည် ဩစတြေးလျအခြေစိုက် PanAust ကုမ္ပဏီက ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ပြည်တွင်းမှ Myanmar Energy Resources Group International (MERG) ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်မှုဖြင့် ပူးပေါင်းထားသည့် ကုမ္ပဏီဖြစ်ပြီး PanAust ကုမ္ပဏီသည် ရွှေနှင့် ကြေးနီ အဓိကရှာဖွေနေသော ကုမ္ပဏီတစ်ခုဖြစ်ကာ လက်ရှိတွင် လာအိုနိုင်ငံ၌ တူးဖော်ထုတ်လုပ်လျက်ရှိပြီမြန်မာနိုင်ငံတွင်လည်း တူးဖော်ခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

Photo – Aung Kyaw Moe

#PeopleMedia


Share this post