• Follow Us on

Home ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုရွင္ ဖင္လန္သမၼတေဟာင္း ကိုဗစ္-၁၉ ကူးစက္ခံရ

ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုရွင္ ဖင္လန္သမၼတေဟာင္း ကိုဗစ္-၁၉ ကူးစက္ခံရ

Share this post

မတ္ – ၂၅

ႏိုဘယ္ဆုရွင္ႏွင့္ ဖင္လန္သမၼတေဟာင္း မတ္တီအတီဆာရီမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ရသည္ဟု ဖင္လန္ သမၼတ႐ုံးက ေျပာၾကားလိုက္သည္။

အသက္ ၈၂ ႏွစ္အရြယ္ မတ္တီမွာ အင္ဒိုနီးရွား၊ ကိုဆိုဗိုႏွင့္ နမီးဘီးယားအပါအဝင္ ကမၻာတစ္ဝန္းပဋိပကၡမ်ား တြင္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မ်ားရရွိရန္ ဆယ္စုႏွစ္သုံးခုၾကာ ေစ့စပ္ညႇိႏႈိင္းေပးခဲ့ျခင္းေၾကာင့္ ၂၀၀၈ ခုႏွစ္တြင္ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆု ခ်ီးျမႇင့္ခံခဲ့ရသည္။

၁၉၉၄ ခုႏွစ္ႏွင့္ ၂၀၀၀ ျပည့္ႏွစ္အတြင္း ဖင္လန္သမၼတအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ကုလသမဂၢသံတမန္ ေဟာင္း မတ္တီသည္ မတ္လ ၂၃ ရက္တြင္ ကိုဗစ္-၁၉ ကူးစက္ခံခဲ့ရသည္ဟု ဖင္လန္သမၼတ႐ုံးက ထုတ္ျပန္ ခ်က္တစ္ခုအတြင္း ေျပာၾကားသည္။

ၿပီးခဲ့သည့္ စေနေန႔က မတ္တီ၏ အသက္ ၈၃ ႏွစ္အရြယ္ ဇနီး အီဗာလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရသည္။ သံသယရွိသူအားလုံးကို မစမ္းသပ္ရေသးေသာ္လည္း တိုင္းျပည္အတြင္း ကိုဗစ္-၁၉ ကူးစက္မႈ ၇၀၀ ႏွင့္ ေသဆုံးမႈတစ္မႈရွိေၾကာင္း ဖင္လန္က်န္းမာေရးအာဏာပိုင္မ်ားက အတည္ျပဳခဲ့သည္။
ကိုဗစ္-၁၉ ကူးစက္ခံရသူ အမွန္တစ္ကယ္ အေရအတြက္မွာ အဆ ၃၀ အထိ ျမင့္တက္လာႏိုင္ေၾကာင္း ၄င္းတို႔ က ေျပာသည္။ ဖင္လန္ႏိုင္ငံရွိ အသက္ ၁၀ ႏွစ္အထက္ ကေလးငယ္မ်ားအတြက္ စာသင္ေက်ာင္းမ်ားႏွင့္ နယ္ စပ္ဂိတ္မ်ားအားလုံး ပိတ္ထားခဲ့သည္။

အသြားအလာကန္႔သတ္ခ်က္မ်ား ပိတ္ပင္မႈကို မၾကာမီေၾကညာမည္ဟု ဖင္လန္ဝန္ႀကီးခ်ဳပ္ ဆန္နာမာရင္က မတ္လ ၂၃ ရက္တြင္ ေျပာၾကားခဲ့သည္။

ကိုးကား – ေအအက္ဖ္ပီ

Ref; Nobel-winning peace negotiator Ahtisaari has coronavirus

#peoplemedia

(Unicode)
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖင်လန်သမ္မတဟောင်း ကိုဗစ်-၁၉ ကူးစက်ခံရ
…………………………………………………………

မတ် – ၂၅

နိုဘယ်ဆုရှင်နှင့် ဖင်လန်သမ္မတဟောင်း မတ်တီအတီဆာရီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်ဟု ဖင်လန် သမ္မတရုံးက ပြောကြားလိုက်သည်။

အသက် ၈၂ နှစ်အရွယ် မတ်တီမှာ အင်ဒိုနီးရှား၊ ကိုဆိုဗိုနှင့် နမီးဘီးယားအပါအဝင် ကမ္ဘာတစ်ဝန်းပဋိပက္ခများ တွင် ငြိမ်းချမ်းရေးသဘောတူညီချက်များရရှိရန် ဆယ်စုနှစ်သုံးခုကြာ စေ့စပ်ညှိနှိုင်းပေးခဲ့ခြင်းကြောင့် ၂၀၀၈ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရသည်။

၁၉၉၄ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်အတွင်း ဖင်လန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကုလသမဂ္ဂသံတမန် ဟောင်း မတ်တီသည် မတ်လ ၂၃ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသည်ဟု ဖင်လန်သမ္မတရုံးက ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောကြားသည်။

ပြီးခဲ့သည့် စနေနေ့က မတ်တီ၏ အသက် ၈၃ နှစ်အရွယ် ဇနီး အီဗာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်။ သံသယရှိသူအားလုံးကို မစမ်းသပ်ရသေးသော်လည်း တိုင်းပြည်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု ၇၀၀ နှင့် သေဆုံးမှုတစ်မှုရှိကြောင်း ဖင်လန်ကျန်းမာရေးအာဏာပိုင်များက အတည်ပြုခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ခံရသူ အမှန်တစ်ကယ် အရေအတွက်မှာ အဆ ၃၀ အထိ မြင့်တက်လာနိုင်ကြောင်း ၄င်းတို့ က ပြောသည်။ ဖင်လန်နိုင်ငံရှိ အသက် ၁၀ နှစ်အထက် ကလေးငယ်များအတွက် စာသင်ကျောင်းများနှင့် နယ် စပ်ဂိတ်များအားလုံး ပိတ်ထားခဲ့သည်။

အသွားအလာကန့်သတ်ချက်များ ပိတ်ပင်မှုကို မကြာမီကြေညာမည်ဟု ဖင်လန်ဝန်ကြီးချုပ် ဆန်နာမာရင်က မတ်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ကိုးကား – အေအက်ဖ်ပီ

Ref; Nobel-winning peace negotiator Ahtisaari has coronavirus

#peoplemedia


Share this post