• Follow Us on

Home နျူကလီးယား၊ ဓာတု၊ ဇီဝ စစ်ရေးလေ့ကျင့်မှုများ တရုတ်နိုင်ငံကျင်းပပြုလုပ်

နျူကလီးယား၊ ဓာတု၊ ဇီဝ စစ်ရေးလေ့ကျင့်မှုများ တရုတ်နိုင်ငံကျင်းပပြုလုပ်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၇ (People Media)

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် တိဘက်ဒေသတွင် နျူကလီးယားစစ်ပွဲ၊ ဓာတုစစ်ပွဲ၊ ဇီဝစစ်ပွဲများနှင့် ပတ်သက်သည့် စစ်ရေးလေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့သည်။

 

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ဆက်ဆံရေးတင်းမာမှုများမြင့်တက်နေစဉ်အတွင်း ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ၊ သံ ချပ်ကာတပ်ဖွဲ့ဝင်များပါဝင်သော ၂၄ နာရီကြာ စစ်ရေးလေ့ကျင့်မှုကို ရေခဲတောင်ကုန်းပြင်မြင့်တစ်ခုတွင် ကျင်းပ ပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။

 

သဏ္ဍန်တူစစ်ရေးလေ့ကျင့်မှုတွင် စွမ်းအားမြင့်ဒုံးကျည်များပစ်ခတ်ခြင်းနှင့် ပစ်မှတ်တွင် မိုင်းများတပ်ဆင်ခြင်းတို့ ပါဝင်သည်။ နျူကလီးယား၊ ဓာတု၊ ဇီဝ လက်နက်များဖြင့်တိုက်ခိုက်မှုများအားကာကွယ်နေစဉ်အတွင်း အနာဂတ် ဖြစ်နိုင်ခြေခန့်မှန်းတိုက်ပွဲအားလုံးတွင် ပါဝင်လေ့ကျင့်ရန် စစ့်ရေးလေ့ကျင့်မှုတပ်မှူးက အမိန့်ပေးခဲ့သည်။

 

အဆိပ်သင့်ဇုံကို မျက်နှာဖုံးများတပ်ဆင်၍ ဖြတ်သန်းနေစဉ်အတွင်း တိုက်ခိုက်ရေးမဟာဗျူဟာကို အာနိသင် ပျက်ပြားအောင်ဆောင်ရွက်ရာတွင် အမှတ် ၃ တပ်ရင်းကို တပ်ရင်းမှူး လီကွန်ဖန်းက ဦးဆောင်ခဲ့ပြီး တွေ့ကြုံ ရတဲ့အခြေအနေတွေကို စစ်ဌာနချုပ်ကို ပြန်လည်သတင်းပို့ခဲ့တယ်။ ၎င်းနောက် ဓာတုကာကွယ်ရေးတပ်ဖွဲ့တစ် ဖွဲ့ကို ယင်းနယ်မြေမှ ရေဒီယိုသတ္တိကြွပစ္စည်းများကို ရှင်းလင်းဖယ်ရှားပစ်ရန် အမိန့်ပေးခဲ့သည်။

 

“ရန်သူ့အခြေအနေကို အနီးကပ်အာရုံစိုက်ထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ လက်နက်ပေါင်းစုံ ပေါင်းစပ်ညှိနှိုင်း ထားတဲ့ နေ့/ည စစ်ဆင်ရေးတွေလို ခက်ခဲလှတဲ့စစ်ဆင်ရေးတွေကို အဓိက အာရုံစိုက်လေ့ကျင့်နေတာဖြစ်ပါ တယ်။ ရှုပ်ထွေးလှတဲ့အခြေအနေတွေမှ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်အားစွမ်းရည်တွေကို မီးတင်ပေးနေတာလည်းဖြစ် ပါတယ်။” ဟု PLA ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Hindustan Times က ဖော်ပြလိုက်သည်။

 

ဓာတုနည်းပညာနှင့် ဇီဝနည်းပညာ နှစ်မျိုးပေါင်းစပ်ထားသော လျှို့ဝှက်သုတေသနလုပ်ရပ်ကို တရုတ်အစိုးရက ဆောင်ရွက်ခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလအတွင်းက စွပ်စွဲပြောဆိုခဲ့သည်။

ယင်းသုတေသနလုပ်ရပ်ကြောင့် အမေရိကန်အစိုးရက စိုးရိမ်ပူပန်ခဲ့သည်။ တရုတ်နိုင်ငံ၏ ဓာတုနည်းပညာစမ်း သပ်မှုလုပ်ငန်းများသည် ဓာတုနှင့် အဆိပ်လက်နက်များကွန်ဗန်းရှင်းနှင့် ဓာတုလက်နက်များကွန်ဗန်းရှင်းကို ချိုး ဖောက်နေကြောင်း အမေရိကန်ကထောက်ပြပြောဆိုခဲ့သည်။

 

“တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်မတော်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေမှာ ဆောင်ရွက်နေ တဲ့ နည်းပညာလေ့လာမှုတွေက ဓာတု/ဇီဝ နှစ်မျိုးစပ်အစုကနေ ပြင်းထန်တဲ့အဆိပ်မျိုးကွဲတွေကို ရှာဖွေဖော် ထုတ်မှု၊ စမ်းသပ်မှုနဲ့ သွင်ပြင်လက္ခဏာအကြောင်းတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Ref: China Holds Nuclear, Chemical, Biological Warfare Exercises

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 



 


 

Ref: China Holds Nuclear, Chemical, Biological Warfare Exercises

 

#PeopleMedia


Share this post