• Follow Us on

Home နှစ် ၆၀ ပြည့် နိုင်ငံတော်ဘာသာနေ့ကို ကြိုဆိုခြင်းအားဖြင့် ဆိုရှယ်မီဒီယာများတွင် သာသနာ့အလံပုံတင်ခြင်း၊ နေအိမ်များ၌ သာသနာ့အလံလွှင့်ထူ၍ ဂုဏ်ပြုရန် YMBA ထုတ်ပြန်

နှစ် ၆၀ ပြည့် နိုင်ငံတော်ဘာသာနေ့ကို ကြိုဆိုခြင်းအားဖြင့် ဆိုရှယ်မီဒီယာများတွင် သာသနာ့အလံပုံတင်ခြင်း၊ နေအိမ်များ၌ သာသနာ့အလံလွှင့်ထူ၍ ဂုဏ်ပြုရန် YMBA ထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၂၀ (People Media)

 

လာမည့်သြဂုတ်လ ၂၆ ရက်နေ့သည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ နှစ် ၆၀ ပြည့်မှုကြောင့် နိုင်ငံတော်ဘာသာနေ့ကို ကြိုဆိုခြင်းအားဖြင့် ဆိုရှယ်မီဒီယာများတွင် သာသနာ့အလံပုံတင်ခြင်း၊ နေအိမ်များ၌ သာသနာ့အလံလွှင့်ထူ၍ ဂုဏ်ပြုရန် YMBA က ထုတ်ပြန်ထားသည်။

 

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့သည် ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံရဲ့ နိုင်ငံတော်ဘာသာနေ့အဖြစ် သတ်မှတ်ခဲ့တာ နှစ်ပေါင်း (၆၀) ပြည့်ဖြစ်ကြောင်း၊ ဒီလိုရပ်တည်နိုင်အောင် ရှေးက ကြိုးစားခဲ့ကြတဲ့ သံဃာ တော်များနဲ့ လူပုဂ္ဂိုလ်အပေါင်းအား လေးစားသောအားဖြင့်သော်လည်းကောင်း၊ နိုင်ငံတော်ဘာသာနေ့ကို  ဂုဏ်ပြုကြိုဆိုသောအားဖြင့်လည်းကောင်း လာမည့် သြဂုတ်လ ၂၆ ရက်နေ့တွင် မိမိတို့နေအိမ်များတွင် သာသနာ့အလံလွှင့်ထူကာ ဂုဏ်ပြုခြင်း၊ ဆိုရှယ်မီဒီယာများတွင် သာသနာ့အလံပုံ တစ်ရက်တင်ကာ ဂုဏ် ပြုခြင်းတို့ဖြင့် ဂုဏ်ပြုကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်လိုက်ကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA) ကြေညာထားသည်။

 

ရန်ကုန်မြို့ရှိ YMBA ရုံးချုပ်သည် လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံထားရသလို ရုံးရှိ အဆောက်အအုံလည်း မှုတ်ဆေးဗူးဖြင့် ဖျန်းပတ်ခြင်းခံခဲ့ရသည်။

 

#PeopleMedia #YMBA

 

(unicode)


………………………………………………………………

 


 


 


 


 

#PeopleMedia #YMBA


Share this post