• Follow Us on

Home တူရကီတွင် Mi-17 ရဟတ်ယာဉ်များအတွက် ပြုပြင်ထိန်းသိမ်းရေးစက်ရုံ ယူကရိန်းတည်ဆောက်မည်

တူရကီတွင် Mi-17 ရဟတ်ယာဉ်များအတွက် ပြုပြင်ထိန်းသိမ်းရေးစက်ရုံ ယူကရိန်းတည်ဆောက်မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၀ (People Media)

 

ယူကရိန်းအစိုးရပိုင် Ukroboronprom ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော Ukrspetsexport ကုမ္ပဏီသည် Mi-17 ရဟတ်ယာဉ်များ ပြုပြင်ထိန်းသိမ်းရန်အတွက် တူရကီနိုင်ငံတွင် မကြာမီစက်ရုံတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ပြုပြင်ထိန်းသိမ်းရေးစက်ရုံတည်ဆောက်ရန်ပါဝင်သည့် သဘောတူစာချုပ်ကို  အစ္စတန်ဘူတွင်ကျင်းပခဲ့သည့် IDEF-2021 ပြပွဲအတွင်း တူရကီနိုင်ငံမှ THK Teknik A.Ş  ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

 

ယူကရိန်းကုမ္ပဏီအနေဖြင့် တတိယနိုင်ငံများမှ ရဟတ်ယာဉ်အပါအဝင် အခြားအမှာစာမျိုးစုံအတွက်ဖြည့်ဆည်း ပေးရမည်ဖြစ်သလို တူရကီအတွက် ပြုပြင်ထိန်းသိမ်းရေးစက်ရုံဆောက်လုပ်ပေးရမည်ဟု စာချုပ်တွင် ဖော်ပြ ထားကြောင်း သြဂုတ်လ ၁၈ ရက်နေ့က Ukroboronprom ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

တူရကီနိုင်ငံ၏ Mi-17 ရဟတ်ယာဉ် ၁၈ စင်း ပြုပြင်ရန်အတွက် ယူကရိန်းကုမ္ပဏီ Ukroboronprom ကတင်ဒါ အောင်မြင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် Ukroboronprom ကုမ္ပဏီနှင့် THK Teknik A.Ş  ကုမ္ပဏီတို့ ပူးတွဲ အ လုပ်လုပ်ခဲ့ကြခြင်းဖြစ်သည်။

 

Ref: Ukraine to Establish Mi-17 Helicopter Repair Centre in Turkey

 

#PeopleMedia #Mi-17

 

(unicode)


…………………………………………………………….

 


 


 


 


 


 

Ref: Ukraine to Establish Mi-17 Helicopter Repair Centre in Turkey

 

#PeopleMedia #Mi-17


Share this post