• Follow Us on

Home ရိုမေးနီးယားတွင် တိုက်လေယာဉ်တစ်စင်းနှင့် စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ အနည်းဆုံး လူ ၇ ဦး သေဆုံး

ရိုမေးနီးယားတွင် တိုက်လေယာဉ်တစ်စင်းနှင့် စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ အနည်းဆုံး လူ ၇ ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ မတ် ၃

 

ရိုမေးနီးယားနိုင်ငံတွင် မတ် ၂ ရက် ညနေပိုင်းက တိုက်လေယာဉ်တစ်စင်းနှင့်  စစ်ရဟတ်ယာဉ်တစ်စင်း ပျက် ကျမှုဖြစ်ပွားရာ ၎င်းတို့အနက် ရဟတ်ယာဉ်တစ်စင်းတွင် လိုက်ပါသူ ၇ ဦးလုံး သေဆုံးခဲ့ကြောင်း ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

 

ရိုမေးနီးယားလေတပ်၏ MiG-21 LanceR တိုက်လေယာဉ်သည် ထိုနေ့တွင် မြေပြင်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီးနောက် ရိုမေးနီးယားလေတပ်မှ ရှာဖွေရန် IAR 330-Puma ရဟတ်ယာဉ်ကို ချက်ချင်း စေလွှတ်ခဲ့သော်လည်း ရဟတ်ယာဉ်သည် စတင်ပျံတက်ပြီး မကြာမီ ပျက်ကျခဲ့သဖြင့် ရဟတ်ယာဉ်ပေါ် လိုက်ပါ သူ ၇ ဦးလုံး သေဆုံးခဲ့ကြောင်း ရိုမေးနီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာ၏ မတ် ၂ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

 

ပျောက်ဆုံးနေသည့် MiG-21 တိုက်လေယာဉ်၏ အပျက်အစီးများကို တွေ့ရှိထားပြီး လေယာဉ်မှူး၏ အခြေ အနေကို မသိရသေးကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 

(Xinhua)

 

#PeopleMedia


Share this post