• Follow Us on

Home ရုရှားနိုင်ငံနှင့် စစ်မက်ဖြစ်ပွားလာပါက ယူကရိန်းနိုင်ငံအသုံးပြုနိုင်ရန် စစ်လက်နက်ပစ္စည်းများ အမေရိကန် ဆက်လက်ပေးပို့သွားမည်

ရုရှားနိုင်ငံနှင့် စစ်မက်ဖြစ်ပွားလာပါက ယူကရိန်းနိုင်ငံအသုံးပြုနိုင်ရန် စစ်လက်နက်ပစ္စည်းများ အမေရိကန် ဆက်လက်ပေးပို့သွားမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉ (People Media)

 

အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံတွင် စစ်မက်ဖြစ်ပွားလာပါက အမေရိကန်တပ်ဖွဲ့ဝင်များကို ပါဝင် တိုက်ခိုက်ရန် စေလွှတ်ခြင်းမပြုသည့်တိုင်အောင် ယင်းသို့စစ်မက်ဖြစ်ပွားလာပါက ယူကရိန်းနိုင်ငံအသုံးပြုနိုင် ရန်အတွက် စစ်လက်နက်ပစ္စည်းများ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အမေရိကန်နိုင်ငံက ဂျာဗီလင်တင့်ဖျက်ဒုံးကျည်များ၊ ဗံုံးပစ်လောင်ချာများနှင့် အခြားခဲယမ်းများကို ယူကရိန်းတပ် ဖွဲ့ဝင်များထံ ပေးပို့လျက်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လွိုက်သြစတင်နှင့် ပူးတွဲစစ်ဦးစီးချုပ် များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မက်မီလီတို့က ဇန်နဝါရီလ ၂၈ ရက်နေ့က သတင်းထောက်များကိုပြောသည်။ ယူကရိန်း နယ်စပ်တစ်လျှောက်စုဖွဲ့ထားသည့် ရုရှားတပ်ဖွဲ့ဝင်များအင်အားမှာ ၁၀၀၀၀၀ ရှိပြီဖြစ်ပြီး ယင်းအင်အားမှာ အင် အားပြည့်ကျူးကျော်တိုက်ခိုက်ရန် လုံလောက်သောအင်အားဖြစ်ကြောင်း ၎င်းတို့နှစ်ဦးကပြောသည်။

 

“ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့ ရွေးချယ်ဆုံးဖြတ်လိုက်ပြီဆိုရင် အသေအပျောက်တစ်ခု မှမရှိဘဲနဲ့ ကျူုးကျော်နိုင်မှာ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းနိုင်ငံမှာ ထိုးစစ်ဆင်ဖို့ လက်နက်တွေမထားထားသလို အမြဲတမ်းတပ်တွေချထားတာလည်းမရှိပါဘူး။ ဒီလိုပဲ စစ်အခြေစိုက်စခန်းတွေ လည်း ယူကရိန်းမှာမရှိပါဘူး။” ဟု ဗိ်ုလ်ချုပ်ကြီးမက်မီလီက ပြောသည်။

 

၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံမှ ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်စဉ် အမေရိကန်နိုင်ငံ က ရုရှားနိုင်ငံ၏ ရေနံလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများကို စီးပွားရေးပိတ်ဆို့အရေးယူခဲ့သလို ယူကရိန်းနိုင်ငံကို လည်း ဒေါ်လာ ၂.၇ ဘီလျံတန်ကြေးရှိ စစ်လက်နက်ပစ္စည်းများထောက်ပံ့ခဲ့သည်။ သို့သော် ရုရှား၏ ကျူးကျော် မှုမှာ ခရိုင်းမီးယားနှင့် အဆုံးမသတ်နိုင်ဘဲ ယူကရိန်းနိုင်ငံ ဒွန်ဘတ်စ်ဒေသကိုပါ မတည်မငြိမ်ဖြစ်အောင် လုပ် ဆောင်ခဲ့သည်။

 

အမေရိကန်နိုင်ငံအတွက် အဓိကအရေးကြီးသည်မှာ ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်ပြီးမှ တုံ့ပြန်သည်ထက် ယခုချက်ချက်းလှုပ်ရှားဖို့လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိဟောင်းတစ်ဦး ဖြစ်သူ ပေါ်လာဒိုဘရိုင်ယန်စကီးကပြောသည်။

 

“ကျွန်မတို့အနေနဲ့ တကယ့်ကို သေချာတဲ့ဆောင်ရွက်ချက်မျိုး အခုချက်ချင်းပြုလုပ်ဖို့လိုပါတယ်။ ကျွန်မ တို့ ဘာ လုပ်တော့မယ်ဆိုတာ ဖော်ပြဖို့မလိုပါဘူး။ မဖြစ်မနေလုပ်ကိုလုပ်ရမှာပါ။ ပူတင်က သူ့အင်အားနဲ့ တုံ့ပြန်ပါလိမ့် မယ်။ အပြော မဟုတ်ပါဘူး။” ဟု အတ္တလန်တစ်ကောင်စီပညာရှင်များအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် မစ္စ ဒိုဘရိုင်ယန်စကီးကပြောသည်။

 

စတင်းဂါးလေယာဉ်ပစ်ဒုံးကျည်မျာ၊ အပေါ့စားသံချပ်ကာများ၊ ရဟတ်ယာဉ်များအပါအဝင် စစ်လက်နက်ပစ္စည်း များ ထပ်မံထောက်ပံ့ပေးရန် ယူကရိန်းအစိုးရက အမေရိကန်အစိုးရထံတောင်းဆိုထားသည်။ ယင်းလက်နက် များဖြင့် အင်အားကြီးမားသောရုရှားတပ်များကို အနိုင်ယူုတိုက်ခိုက်နိုင်စွမ်းမရှိသော်လည်း ရုရှားတပ်များအတွက် တန်ဖိုးကြီးကြီးပေးရမည်ဖြစ်သည်။

 

အရှေ့ဥရောပတွင် တပ်ဖြန့်ချထားရန် အမေရိကန်တပ်ဖွဲ့ဝင် ၈၅၀၀ ကို အမေရိကန်အစိုးရက  အမြင့်ဆုံးတပ်  လှန့်ထားသော်လည်း နောက်တစ်ဆင့်တက်ကာ လက်ဦးမှုရယူ တပ်ဖြန့်ချထားနိုင်ကြောင်း မစ္စ ဒိုဘရိုင်ယန်စ ကီးကပြောသည်။ ယင်းတပ်ဖွဲ့ဝင်များမှာ ယူကရိန်းအရေးတွင် ကြားဝင်ဆောင်ရွက်ခြင်းမပြုသော်လည်း ပိုလန်၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ဘော်လတစ်သုံးနိုင်ငံအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံများကို ကာ ကွယ်ရန်အတွက် အမေရိကန်နိုင်ံအနေဖြင့် ပြင်ဆင်ထားပြီးဖြစ်သည်ကို ပြသနိုင်ကြောင်း ၎င်းကပြောသည်။

 

Ref: U.S. to keep supplying weapons to Ukraine in face of potential Russian invasion

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: U.S. to keep supplying weapons to Ukraine in face of potential Russian invasion

 

#PeopleMedia


Share this post