• Follow Us on

Home ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ကုိ တာဝန္မွ ရပ္စဲေၾကာင္း အမိန္႔စာ ႏုိင္ငံေတာ္သမၼတက ကယားျပည္နယ္ လႊတ္ေတာ္ဥကၠ႒ထံေပးပုိ႔

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ကုိ တာဝန္မွ ရပ္စဲေၾကာင္း အမိန္႔စာ ႏုိင္ငံေတာ္သမၼတက ကယားျပည္နယ္ လႊတ္ေတာ္ဥကၠ႒ထံေပးပုိ႔

Share this post

ရန္ကုန္၊ စက္တင္ဘာ-၃

ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၏ ဆႏၵမဲျဖင့္ တာဝန္မွ ဖယ္ရွားခံရသည့္ ကယားျပည္နယ္ဝန္ၾကီးခ်ဳပ္ကုိ တာဝန္မွ ရပ္စဲေၾကာင္း အမိန္႔စာကုိ ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ကယားျပည္နယ္လႊတ္ေတာ္ဥကၠ႒ထံသုိ႔ ယေန႔ ညေနပုိင္းက ေပးပုိ႔လုိက္သည္။

ႏုိင္ငံေတာ္သမၼတေပးပုိ႔သည့္ အမိန္႔စာ၌ ဖြဲ႔စည္းပုံအေျခခံဥပေဒပုဒ္မ ၂၆၃၊ပုဒ္မခြဲ(င)၊ပုဒ္မခြဲငယ္(၂)၊ျပည္ ေထာင္စုအစုိးရအဖြဲ႔ ဥပေဒပုဒ္မ ၈၀ႏွင့္တုိင္းေဒသၾကီး သုိ႔မဟုတ္ ျပည္နယ္အစုိးရအဖြဲ႔ ဥပေဒပုဒ္မ ၅၅ တုိ႔ပါ ျပဌန္းခ်က္အရ ကယားျပည္နယ္အစုိးရအဖြဲ႔ဝန္ၾကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိးကုိ တာဝန္မွ ရပ္စဲလုိက္ေၾကာင္း ေဖာ္ျပထားသည္။

ၿပီးခဲ့သည့္ရက္ပုိင္းက ကယားျပည္နယ္လႊတ္ေတာ္၌ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ (၂၀)ဦးရွိသည့္အနက္ ဝန္ၾကီးခ်ဳပ္အယ္လ္ေဖာင္ရႈိကုိ စြပ္စြဲျပစ္တင္ရာ၌ ေထာက္ခံသူ(၁၆)ဦး၊ကန္႔ကြက္သူ(၄)ဦးျဖင့္ ဝန္ၾကီးခ်ဳပ္သည္တာဝန္မွဖယ္ရွားခံလုိက္ရသည္။

တာဝန္မွ ဖယ္ရွားခံလုိက္ရေသာ ဦးအယ္ေဖာင္ရႈိသည္ ျပည္နယ္လႊတ္ေတာ္အမတ္အျဖစ္ ဆက္လက္ရွိေန မည္ျဖစ္ျပီး လာမည့္ ေရြးေကာက္ပြဲ၌ ကယားျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းအျဖစ္ NLD ပါတီက ခန္႔အပ္ထားသည္။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိသည္ ကယားပြဲေတာ္က်င္းပေရးေျမေနရာ အဆိုေအာင္ထား သည့္ေနရာတြင္ အျခားလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ၊ စက္ယႏၲရား ၁၈ စီးကို ငွားရမ္းထားသည့္ေငြေၾကးမ်ား ႏိုင္ငံေတာ္ဘ႑ာအေကာင့္တြင္ ဖြင့္မထားဘဲ အျခားေငြစာရင္းဖြင့္လွစ္ အသုံးျပဳေနမႈတို႔အေပၚ လႊတ္ေတာ္ ကိုယ္စားလွယ္ ေလးပုံတစ္ပုံက ဖြဲ႔စည္းပုံအေျခခံဥပေဒအရ စြပ္စြဲျပစ္တင္ခဲ့ျခင္းျဖစ္သည္။

#PeopleMedia #ကယားျပည္နယ္အစုိးရအဖြဲ႔

(unicode)
ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်မှ ရပ်စဲကြောင်း အမိန့်စာ နိုင်ငံတော်သမ္မတက ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံပေးပို့
…………………………………………………………………….

ရန်ကုန်၊ စက်တင်ဘာ-၃

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့် တာဝန်မှ ဖယ်ရှားခံရသည့် ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်မှ ရပ်စဲကြောင်း အမိန့်စာကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံသို့ ယနေ့ ညနေပိုင်းက ပေးပို့လိုက်သည်။

နိုင်ငံတော်သမ္မတပေးပို့သည့် အမိန့်စာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ပုဒ်မခွဲ(င)၊ပုဒ်မခွဲငယ်(၂)၊ပြည် ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၀နှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဌန်းချက်အရ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုးကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကယားပြည်နယ်လွှတ်တော်၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးရှိသည့်အနက် ဝန်ကြီးချုပ်အယ်လ်ဖောင်ရှိုကို စွပ်စွဲပြစ်တင်ရာ၌ ထောက်ခံသူ(၁၆)ဦး၊ကန့်ကွက်သူ(၄)ဦးဖြင့် ဝန်ကြီးချုပ်သည်တာဝန်မှဖယ်ရှားခံလိုက်ရသည်။

တာဝန်မှ ဖယ်ရှားခံလိုက်ရသော ဦးအယ်ဖောင်ရှိုသည် ပြည်နယ်လွှတ်တော်အမတ်အဖြစ် ဆက်လက်ရှိနေ မည်ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲ၌ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီက ခန့်အပ်ထားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ကယားပွဲတော်ကျင်းပရေးမြေနေရာ အဆိုအောင်ထား သည့်နေရာတွင် အခြားလုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ယန္တရား ၁၈ စီးကို ငှားရမ်းထားသည့်ငွေကြေးများ နိုင်ငံတော်ဘဏ္ဍာအကောင့်တွင် ဖွင့်မထားဘဲ အခြားငွေစာရင်းဖွင့်လှစ် အသုံးပြုနေမှုတို့အပေါ် လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံက ဖွဲ့စည်းပုံအခြေခံဥပဒေအရ စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။

#PeopleMedia #ကယားပြည်နယ်အစိုးရအဖွဲ့


Share this post