• Follow Us on

Home ျမန္မာႏုိင္ငံအေပၚခ်က္ခ်င္းအေရးယူေဆာင္႐ြက္မႈမ်ားျပဳလုပ္ရန္ ကုလသမဂၢလံုၿခံဳေရးေကာင္စီကို ဘဂၤလားေဒ့႐ွ္တိုက္တြန္း

ျမန္မာႏုိင္ငံအေပၚခ်က္ခ်င္းအေရးယူေဆာင္႐ြက္မႈမ်ားျပဳလုပ္ရန္ ကုလသမဂၢလံုၿခံဳေရးေကာင္စီကို ဘဂၤလားေဒ့႐ွ္တိုက္တြန္း

Share this post

ဒါကာ၊ စက္တင္ဘာ ၂၂
 
ျမန္မာႏိုင္ငံကို လံုၿခံဳေရးစစ္ဆင္ေရးအေၾကာင္းျပကာ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို ပစ္မွတ္ထားျခင္းႏွင့္ အေျခအေနတင္းမာလာမႈေ႐ွာင္႐ွားေရးေတာင္းဆိုရန္ ကုလသမဂၢလံုၿခံဳေကာင္စီကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံကတိုက္တြန္းေနသည္။
 
မည္သည့္စစ္ေရးႏွင့္လံုၿခံဳေရးစစ္ဆင္ေရးမ်ားတြင္မဆို အရပ္သားမ်ားကိုကာကြယ္ရန္တာ၀န္႐ွိသည္ဟု ျမန္မာႏိုင္ငံကို သတိေပးရန္လည္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ေကာင္စီကိုတိုက္တြန္းသည္။
 
ျမန္မာ-ဘဂၤလားေဒ့႐ွ္ႏွစ္ႏုိင္ငံၾကား ႏိုင္ငံတကာနယ္ျခားအနီး မၾကာေသးမီက စစ္ေရးလႈပ္႐ွားမႈမ်ားႏွင့္ဆက္စပ္သည့္အေထာက္အကူျပဳမွတ္တမ္းမ်ားကို ေကာင္စီဥကၠ႒ထံ နယူးေယာက္ၿမိဳ႕႐ွိ ကုလသမဂၢဆိုင္ရာဘဂၤလားေဒ့႐ွ္အၿမဲတမ္းတာ၀န္အဖြဲ႔က စက္တင္ဘာ ၁၅ ရက္တြင္ ေ၀မွ်ခဲ့သည္ဟုထုတ္ျပန္သည္။
 
ထိုျဖစ္ရပ္မ်ားေၾကာင့္ ဘဂၤလားေဒ့႐ွ္ႏုိင္ငံဘက္က နက္နက္႐ွိဳင္း႐ွိဳင္းစိုးရိမ္မိသည္ဟုေျပာဆိုလ်က္ ေကာင္စီ၀င္ႏိုင္ငံမ်ားအေရးစိုက္ေစလိုေၾကာင္း ဥကၠ႒ကိုေတာင္းဆိုခဲ့သည္ဟုလည္း အမည္မေဖာ္လိုသူဘဂၤလားေဒ့႐ွ္အရာ႐ွိတစ္ေယာက္က UNB သတင္းေအဂ်င္စီကိုေျပာသည္။
 
သက္ဆိုင္ရာဘဂၤလားေဒ့႐ွ္အာဏာပိုုင္မ်ားကိုႀကိဳတင္သတိေပးထားျခင္းမ႐ွိဘဲ အရပ္သားသံုးေလွမ်ားျဖင့္ သိသာစြာ တပ္ဖြဲ႔၀င္မ်ားအႀကီးအက်ယ္ေ႐ႊ႕ေျပာင္းေနျခင္းသည္ ႏွစ္ႏိုင္ငံၾကားႏုိင္ငံတကာနယ္ျခားတြင္ မေမွ်ာ္လင့္ေသာျဖစ္ရပ္မ်ားျဖစ္လာႏိုင္သည့္နားလည္မႈလြဲမွားျခင္းမ်ားျဖစ္ေစႏိုင္ေၾကာင္း ဥကၠ႒ထံေတာင္းဆိုရာတြင္ပါ၀င္သည္။
 
၂၀၂၀ ျပည့္ႏွစ္၊ ဇြန္မွ စက္တင္ဘာ ၁၀ ရက္အတြင္း ႏွစ္ႏိုင္ငံနယ္ျခားမွေနရာအမ်ားအျပားတြင္ သိသာသည့္ပစ္ခတ္မႈ ၃၅ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း ဘဂၤလားေဒ့႐ွ္ဘက္ကေျပာသည္။
 
နယ္ျခားႏွင့္နီးကပ္သည့္ေနရာမ်ားတြင္တပ္စြဲထားသည့္တပ္ဖြဲ႔မ်ားကို ခ်က္ခ်င္းဖယ္႐ွားရန္ ဘဂၤလားေဒ့႐ွ္ဘက္က လိုလားေနသည္။
 
တပ္ဖြဲ႔၀င္မ်ားေနရာယူထားမႈႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္တစ္ပတ္တြင ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာျမန္မာသံအမတ္ႀကီးကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ဆင့္ေခၚကန္႔ကြက္ခဲ့ၿပီး ျမန္မာဘက္ကလည္း ဘဂၤလားေဒ့႐ွ္သံအမတ္ႀကီးကိုဆင့္ေခၚၿပီး တပ္ဖြဲ႔၀င္မ်ားေနရာခ်ထားမႈသည္ ပံုမွန္တာ၀န္လဲလွယ္ျခင္းျဖစ္ေၾကာင္း တံု႔ျပန္အသိေပးခဲ့သည္။
 
Ref : Troops Deployment: Bangladesh seeks immediate steps on Myanmar by UNSC
 
#PeopleMedia
 
(unicode)
မြန်မာနိုင်ငံအပေါ်ချက်ချင်းအရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဘင်္ဂလားဒေ့ရှ်တိုက်တွန်း
……………………………………………..
 
ဒါကာ၊ စက်တင်ဘာ ၂၂
 
မြန်မာနိုင်ငံကို လုံခြုံရေးစစ်ဆင်ရေးအကြောင်းပြကာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို ပစ်မှတ်ထားခြင်းနှင့် အခြေအနေတင်းမာလာမှုရှောင်ရှားရေးတောင်းဆိုရန် ကုလသမဂ္ဂလုံခြုံကောင်စီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကတိုက်တွန်းနေသည်။
 
မည်သည့်စစ်ရေးနှင့်လုံခြုံရေးစစ်ဆင်ရေးများတွင်မဆို အရပ်သားများကိုကာကွယ်ရန်တာဝန်ရှိသည်ဟု မြန်မာနိုင်ငံကို သတိပေးရန်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကောင်စီကိုတိုက်တွန်းသည်။
 
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား နိုင်ငံတကာနယ်ခြားအနီး မကြာသေးမီက စစ်ရေးလှုပ်ရှားမှုများနှင့်ဆက်စပ်သည့်အထောက်အကူပြုမှတ်တမ်းများကို ကောင်စီဥက္ကဋ္ဌထံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာဘင်္ဂလားဒေ့ရှ်အမြဲတမ်းတာဝန်အဖွဲ့က စက်တင်ဘာ ၁၅ ရက်တွင် ဝေမျှခဲ့သည်ဟုထုတ်ပြန်သည်။
 
ထိုဖြစ်ရပ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နက်နက်ရှိုင်းရှိုင်းစိုးရိမ်မိသည်ဟုပြောဆိုလျက် ကောင်စီဝင်နိုင်ငံများအရေးစိုက်စေလိုကြောင်း ဥက္ကဋ္ဌကိုတောင်းဆိုခဲ့သည်ဟုလည်း အမည်မဖော်လိုသူဘင်္ဂလားဒေ့ရှ်အရာရှိတစ်ယောက်က UNB သတင်းအေဂျင်စီကိုပြောသည်။
 
သက်ဆိုင်ရာဘင်္ဂလားဒေ့ရှ်အာဏာပိုုင်များကိုကြိုတင်သတိပေးထားခြင်းမရှိဘဲ အရပ်သားသုံးလှေများဖြင့် သိသာစွာ တပ်ဖွဲ့ဝင်များအကြီးအကျယ်ရွှေ့ပြောင်းနေခြင်းသည် နှစ်နိုင်ငံကြားနိုင်ငံတကာနယ်ခြားတွင် မမျှော်လင့်သောဖြစ်ရပ်များဖြစ်လာနိုင်သည့်နားလည်မှုလွဲမှားခြင်းများဖြစ်စေနိုင်ကြောင်း ဥက္ကဋ္ဌထံတောင်းဆိုရာတွင်ပါဝင်သည်။
 
၂၀၂၀ ပြည့်နှစ်၊ ဇွန်မှ စက်တင်ဘာ ၁၀ ရက်အတွင်း နှစ်နိုင်ငံနယ်ခြားမှနေရာအများအပြားတွင် သိသာသည့်ပစ်ခတ်မှု ၃၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်ကပြောသည်။
 
နယ်ခြားနှင့်နီးကပ်သည့်နေရာများတွင်တပ်စွဲထားသည့်တပ်ဖွဲ့များကို ချက်ချင်းဖယ်ရှားရန် ဘင်္ဂလားဒေ့ရှ်ဘက်က လိုလားနေသည်။
 
တပ်ဖွဲ့ဝင်များနေရာယူထားမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်တစ်ပတ်တွင ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆင့်ခေါ်ကန့်ကွက်ခဲ့ပြီး မြန်မာဘက်ကလည်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကိုဆင့်ခေါ်ပြီး တပ်ဖွဲ့ဝင်များနေရာချထားမှုသည် ပုံမှန်တာဝန်လဲလှယ်ခြင်းဖြစ်ကြောင်း တုံ့ပြန်အသိပေးခဲ့သည်။
 
Ref : Troops Deployment: Bangladesh seeks immediate steps on Myanmar by UNSC
 
#PeopleMedia

Share this post