• Follow Us on

Home တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၂၈ ယောက်ထပ်တိုး


Share this post

ရှန်ဟိုင်း၊ နိုဝင်ဘာ ၅
 
 
 
 
 
 
 
#PeopleMedia
 
(unicode)
တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၂၈ ယောက်ထပ်တိုး
…………………………………..
 
ရှန်ဟိုင်း၊ နိုဝင်ဘာ ၅
 
တရုတ်ပြည်မကြီးတွင် ကြာသပတေးနေ့၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၂၈ ယောက်ထပ်တိုးသည်ဟု တရုတ်အမျိုး သားကျန်းမာရေးကော်မရှင်ကအတည်ပြုသည်။
 
အယောက် ၂၀ မှာ ပြည်ပမှပြန်လာသူများဖြစ်သည်ဟုလည်းဆိုသည်။ ရောဂါလက္ခဏာမပြသောလူနာ ၂၄ ယောက်လည်း ထပ်တိုးခဲ့သည်။
 
တရုတ်ပြည်မကြီးတွင် အတည်ပြုလူနာ ၈၆၁၁၅ ယောက်ရှိနေပြီး သေဆုံးသူ ၄၃၆၄ ယောက်ရှိနေသည်။
 
ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာက တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူစတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံတွင် အတည်ပြုလူနာများမြင့်တက်ခဲ့သော်လည်း ယခုနှစ်မတ်လမှစတင်၍ တရုတ်နိုင်ငံတွင် အတည်ပြုလူနာကျဆင်းလာသည်။
 
သို့သော် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတွင် နောက်ထပ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလှိုင်းများဖြစ်မလာရေး သတိကြီးကြီးထားနေသည်။
 
Ref : Mainland China reports 28 new COVID-19 cases
 
#PeopleMedia

Share this post