• Follow Us on

Home NLD နှင့် USDP တို့ကို ကျော်ဖြတ်ကာ ဒူးလေးပါတီ က ပြည်နယ်တိုင်းရင်းသားဝန်ကြီး တစ်နေရာ အနိုင်ရ

NLD နှင့် USDP တို့ကို ကျော်ဖြတ်ကာ ဒူးလေးပါတီ က ပြည်နယ်တိုင်းရင်းသားဝန်ကြီး တစ်နေရာ အနိုင်ရ

Share this post

မြစ်ကြီးနား၊ နိုဝင်ဘာ ၁၀ ၂၀၂၀ ပြည်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ NLD နှင့် USDP တို့ကို ကျော်ဖြတ်ကာ ဒူးလေးပါတီ က ကချင်ပြည်နယ်၌ တိုင်းရင်းသားဝန်ကြီးတစ်နေရာ အနိုင်ရယူလိုက်ပြီ ဖြစ်သည်။ ဒူးလေးပါတီ (ခေါ်) လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကချင်ပြည်နယ် လီဆူတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလောင်း ဦးရွှေမင်း (ခ) ဆီဖာလာလူး က USDP နှင့် NLD ပါတီအပါအဝင် ပြိုင်ဘက် ၄ ပါတီ မှကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလောင်း ၂ဦးတို့ကို မဲအသာဖြင့် အနိုင်ရရှိထားကြောင်း ကနဦး သိရသည်။ သူ၏ ပြိုင်ဘက် ကိုယ်စားလောင်းများတွင် USDP က ပထမအကြိမ် ပြည်နယ်အစိုးရအဖွဲ့ လီဆူရေးရာဝန်ကြီးနှင့် အာဏာရ NLD ပါတီမှ လက်ရှိ ကချင်ပြည်နယ် လီဆူရေးရာဝန်ကြီးတို့ ပါဝင်ပြီး တစညပါတီ၊ UBP ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂ဦး တို့ ပါဝင်သည်။ ဒူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းသည်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဥ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန” (NRPC)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ချီးမြင့်သည့် ”ငြိမ်းချမ်းရေး ဖော်ဆောင်သူများ ဆုတံဆိပ်” ကို ရရှိထားသူလဲ ဖြစ်သည်။
#PeopleMedia
#EPN #KachinState #2020Election #ဒူးလေးပါတီ

(unicode)
………………………………………
.





#PeopleMedia


(unicode)


Share this post