• Follow Us on

Home သေဆုံးပြီးသူများ ကိုယ်စား မဲလာရောက်ထည့်ခြင်းနှင့် ကြိုတင်မဲပေးခဲ့ကြခြင်းများရှိကြောင်း NDF ပါတီ ထုတ်ပြန် “အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ရွေးကောက်ပွဲဆိုင်ရာအထူးကြေညာချက်

သေဆုံးပြီးသူများ ကိုယ်စား မဲလာရောက်ထည့်ခြင်းနှင့် ကြိုတင်မဲပေးခဲ့ကြခြင်းများရှိကြောင်း NDF ပါတီ ထုတ်ပြန် “အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ရွေးကောက်ပွဲဆိုင်ရာအထူးကြေညာချက်

Share this post

ရက်စွဲ။ ၁၀-၁၁-၂၀၂၀
ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီသည် နိုင်ငံရေးတာ၀န်သိစွာ ပြည်သူနှင့်အတူ ၂၀၂၀အထွေထွေရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော် ဤရွေးကောက်ပွဲကြီးသည် သန့်ရှင်းလွတ်လပ်၍ မျှတသောရွေးကောက်ပွဲ ဖြစ်မလာသည့်အပြင် ရွေးကောက်ပွဲမသမာမှုများကိုလည်း အောက်ပါအတိုင်း ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ ယင်းတို့မှာ-
၁။ ရွေးကောက်ပွဲမဲဆွယ်မှုများကို ကော်မရှင်က စာထုတ်ပြန်၍ တားမြစ်ခြင်း။ (ပုဇွန်တောင်၊ ဒေါပုံ၊ စဉ့်ကိုင်)
၂။ လက်ကမ်းစာစောင် ဖြန့်ဝြေခင်းမပြုရန် တားမြစ်ခြင်း(ပုဇွန်တောင်)
၃။ အာဏာရပါတီရောက်ရှိပြီးကျေးရွာများသို့ အခြားပါတီများ မ၀င်ရောက်နိုင်ရန် တားမြစ်ခိုင်းခြင်း။ (လယ်ဝေး)
၄။ ကိုယ်စားလှယ်လောင်းပုံပါသော ဗွီနှိုင်းကို ကားတွင် တပ်ဆင်ခွင့်မပြုခြင်း(ဒေါပုံ)
၅။ ပြည်နယ်လွှတ်တော်မဲလက်မှတ်များ မပါဘဲ ပြည်သူ့လွှတ်တော်မဲလက်မှတ်နှင့် အမျိုးသားလွှတ်တော် မဲလက်မှတ်များပါရှိသော မဲလက်မှတ်များ အချို့မဲရုံများသို့ ရောက်ရှိလာခြင်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် ပယ်မဲအဖြစ်သတ်မှတ်ခံရခြင်း။
(တောင်ကြီးမြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)
၆။ မြို့နယ်ကော်မရှင်ရုံးရောက်ရှိမှ ညနေ၆နာရီမှ-ည၁၂နာရီကြား ရပ်ကွက်ကျေးရွာများမှ ပုံစံ(၁၆)နှင့် မဲထုပ်များကို ပြန်လည်ပြင်ဆင် စာရင်းသွင်းနေခြင်း၊
(ညောင်ရွှေမြို့နယ်မြို့နယ်ကော်မရှင်ရုံး)
၇။ အာဏာရပါတီ၀င်များက မဲရုံအချို့တွင် မဲရုံကိုက်၅၀၀အတွင်း လာရောက်မဲထည့်သူများကို မဲဆွယ်ကြခြင်း စသည်တို့ကို ကျွန်ုပ်တို့ NDFပါတီက တွေ့ကြုံခဲ့ရပါသည်။
၈။ တစ်ဦးတည်းနှစ်ကြိမ်မဲပေးမှုများ ပေါ်ပေါက်ခဲ့ခြင်း၊
၉။ သေဆုံးပြီးသူများ ကိုယ်စား မဲလာရောက်ထည့်ခြင်းနှင့် ကြိုတင်မဲပေးခဲ့ကြခြင်း။
၁၀။ မြို့နယ်အတွင်း မဲပေးနိုင်သူဦးရေထက် မဲလာထည့်သူဦးရေက ပိုမိုများနေသည့်သတင်းများ ထွက်နေခြင်း။
၁၁။ မဲဆွယ်စည်းရုံးရေးများကို ကျန်းမာရေး၀န်ကြီးဌာနညွှန်ကြားချက်များထက် ကျော်လွန်၍ ဝုိင်းရံသူ ရာထောင်ချီအင်အားပြ မဲဆွယ်ကြခြင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များက တာ၀န်သိတားဆီးမှုနှင့် အရေးယူ မှု မပြုကြခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာပုဒ်မ ၆၆ပါ တရားမဲ့ပြုကျင်မှုများကို ကျူးလွန် ကြခြင်း။
၁၂။ ကိုဗစ်ရောဂါကို အကြောင်းပြု၍ Stay Homeနှင့် lockdownများကို မြို့နယ်အလိုက်သတ်မှတ်ပြီးရွေးကောက်ပွဲမဲဆွယ်မှုများကို မပြုလုပ်နိုင်ရန် ဟန့်တားထားခြင်း၊
၁၃။ မဲတံဆိပ်တုံးယူလာသည့် တစ်ဦးချင်းကိစ္စများအား အဆင့်ဆင့်သောရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိ နှိုင်းမှုကော်မတီများနှင့် အရေးယူဆောင်ရွက်ရမည့်အစား နိုင်ငံတော်ပိုင်မီဒီယာများကို အသုံးပြု၍ အရေးယူ ထားမှုများကို ဖော်ပြခဲ့ခြင်း။
၁၄။ မဲရုံမှူးလက်မှတ်နှင့် ကော်မရှင်တံဆိပ်တုံးမပါသော မဲလက်မှတ်များကို မဲရေတွက်ရာတွင် တွေ့ရှိခဲ့ရခြင်း။
၁၅။ အာဏာရပါတီနှင့် အစိုးရအနေဖြင့် နိုင်ငံတော်ပိုင်မီဒီယာများကို နေ့စဉ်အသုံးပြု၍ အစိုးရပုံရိပ်နှင့် ပါတီပုံရိပ်များကို အခြားပါတီများမယှဉ်သာအောင် အသုံးချခွင့် ရနေခြင်း။
၁၆။ ထို့ပြင် မဲဆန္ဒနယ်မြေရှိ ပြင်ပမဲဆန္ဒနယ်များမှ ရက်၉၀အတွင်းနေထိုင်သူများကို မဲပေးရန် အတွက် မဲပေးရက်မတိုင်မီ တစ်လကြို၍စာရင်းသွင်းရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ရွေးကောက်ပွဲမတိုင်မီ အောက်တိုဘာ ၁၅ရက်နေ့အထိ စာရင်းသွင်းခွင့် ပြုခဲ့ခြင်း၊
၁၇။ ကိုဗစ်ရောဂါကို အကြောင်းပြု၍ ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်များတွင် မပါ၀င်သော အသက် ၆၀ကျော်သူများကို အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်ယူမှု ခွင့်ပြုခဲ့ခြင်း၊ လျှိုဝှက်မဲပေးရမည့် အစား ဗြောင်မဲပေးခြင်းများ အများအပြား ပေါ်ပေါက်ခဲ့ခြင်းနှင့် အာဏာရပါတီ၀င်များ ကိုယ်တိုင် မဲပေးသည့်သူကို မဲနှိပ်ရမည့်နေရာများအား ပြသပေးခြင်းများ ပေါ်ထွက်ခဲ့ပါသည်။
သို့ပါ၍ အထက်ဖော်ပြပါ ရွေးကောက်ပွဲဆိုင်ရာမဲဆွယ်ရေးနှင့် မဲပေးသည့်ကိစ္စအားလုံးတွင် မသမာမှု များကို မိမိတို့NDFပါတီကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်းနှင့် ကြားသိနေရခြင်းများ ရှိ်နေပါသည်။ ထို့ကြောင့် NDF ပါတီအနေဖြင့် ပေါ်ထွက်လာသည့် ရွေးကောက်ပွဲရလာဒ်များသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ဖြစ်ပေါ်စေခဲ့ကြောင်း လုံး၀လက်ခံယုံကြည်မှု မရှိပါ။
ထို့ကြောင့် ၂၀၂၀အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် သတ်မှတ်၍ မရပါကြောင်း အလေးအနက် ကြေညာအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
#PeopleMedia #NDF
(unicode)
(unicode)

Share this post