• Follow Us on

Home တ႐ုတ္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဘရာဇီးတြင္စမ္းသပ္မႈရပ္ဆိုင္း

တ႐ုတ္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဘရာဇီးတြင္စမ္းသပ္မႈရပ္ဆိုင္း

Share this post

ရီယိုဒီဂ်ေန႐ိုး၊ ႏို၀င္ဘာ ၁၀
 
တ႐ုတ္ကုမၸဏီကထုတ္လုပ္ေနသည့္ ဆင္ႏိုဗက္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို စမ္းသပ္မႈရပ္ဆိုင္းထား သည္ဟု ဘရာဇီးက်န္းမာေရးစည္းကမ္းထိန္းသိမ္းမႈအဖြဲ႔က တနလၤာေန႔တြင္ေျပာသည္။
 
ဆင္ႏိုဗက္ကုမၸဏီကထုတ္လုပ္သည့္ကို႐ိုနာဗက္ကာကြယ္ေဆးကို စမ္းသပ္မႈရပ္ဆိုင္းမည္ဆိုသည့္ျဖစ္ရပ္သည္ အေမရိကန္ေဆးကုမၸဏီႀကီး ဖီဇာက ထုတ္လုပ္ေနသည့္ကာကြယ္ေဆး ၉၀ ရာခိုင္ႏႈန္းေက်ာ္အစြမ္းထက္ ေၾကာင္းထုတ္ျပန္သည့္ေန႔ႏွင့္ တရက္တည္းျဖစ္သည္။
 
ကို႐ိုနာဗက္သည္ ေအာက္တိုဘာ ၂၉ ရက္တြင္ ျပင္းထန္ေသာေျပာင္းျပန္အက်ိဳးသက္ေရာက္မႈမ်ား႐ွိခဲ့ျဖင့္ စမ္းသပ္အသံုးျပဳမႈမ်ားရပ္ဆိုင္းလိုက္သည္ဟု ဘရာဇီးအစိုးရ၏ အန္ဗီဇာ ေအဂ်င္စီက ထုတ္ျပန္ခဲ့သည္။
 
အေသးစိတ္အခ်က္အလက္မ်ားကို လွ်ိဳ႕၀ွက္စည္းမ်ဥ္းမ်ားအရ ထုတ္မေျပာႏိုင္ေၾကာင္းလည္းေျပာသည္။
 
ဘရာဇီးႏိုင္ငံတြင္စမ္းသပ္မႈ၌ပါ၀င္ေနသည့္ ဘန္တန္တန္အင္စတီက်ဳ႕က ဆံုးျဖတ္ခ်က္ေၾကာင့္ အံ့ၾသမိသည္ဟု ေျပာသည္။
 
ဘရာဇီးသမၼတ ေဂ်း ေဘာ္ဆိုနာ႐ို က ထိုကာကြယ္ေဆးကိုဆန္႔က်င္ေၾကာင္းေျပာထားၿပီး ဘရာဇီးႏိုင္ငံသား မ်ားသည္ မည္သူ႔၏သိပၸံစမ္းသပ္မႈတြင္အသံုးျပဳသည့္ႂကြက္မ်ားအျဖစ္ခံမည္မဟုတ္ေၾကာင္း ျပတ္ျပတ္သားသားေျပာထားသည္။
 
ဆင္ႏိုဗက္၊ ဖီဇာႏွင့္ ေအာက္စဖို႔တကၠသိုလ္တို႔ကထုတ္လုပ္ေနသည့္ကာကြယ္ေဆးမ်ားသည္ ခြင့္ျပဳခ်က္မရမီ လူအေျမာက္အျမားကိုစမ္းသပ္ရသည့္ အဆင့္ ၃ ေရာက္ေနသည္။
 
Ref : Brazil suspends trials of China’s Sinovac COVID-19 vaccine due to ‘adverse’ effect
 
#PeopleMedia
 
(unicode)
တရုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘရာဇီးတွင်စမ်းသပ်မှုရပ်ဆိုင်း
……………………………………
 
ရီယိုဒီဂျနေရိုး၊ နိုဝင်ဘာ ၁၀
 
တရုတ်ကုမ္ပဏီကထုတ်လုပ်နေသည့် ဆင်နိုဗက်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို စမ်းသပ်မှုရပ်ဆိုင်းထား သည်ဟု ဘရာဇီးကျန်းမာရေးစည်းကမ်းထိန်းသိမ်းမှုအဖွဲ့က တနင်္လာနေ့တွင်ပြောသည်။
 
ဆင်နိုဗက်ကုမ္ပဏီကထုတ်လုပ်သည့်ကိုရိုနာဗက်ကာကွယ်ဆေးကို စမ်းသပ်မှုရပ်ဆိုင်းမည်ဆိုသည့်ဖြစ်ရပ်သည် အမေရိကန်ဆေးကုမ္ပဏီကြီး ဖီဇာက ထုတ်လုပ်နေသည့်ကာကွယ်ဆေး ၉၀ ရာခိုင်နှုန်းကျော်အစွမ်းထက် ကြောင်းထုတ်ပြန်သည့်နေ့နှင့် တရက်တည်းဖြစ်သည်။
 
ကိုရိုနာဗက်သည် အောက်တိုဘာ ၂၉ ရက်တွင် ပြင်းထန်သောပြောင်းပြန်အကျိုးသက်ရောက်မှုများရှိခဲ့ဖြင့် စမ်းသပ်အသုံးပြုမှုများရပ်ဆိုင်းလိုက်သည်ဟု ဘရာဇီးအစိုးရ၏ အန်ဗီဇာ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
 
အသေးစိတ်အချက်အလက်များကို လျှို့ဝှက်စည်းမျဉ်းများအရ ထုတ်မပြောနိုင်ကြောင်းလည်းပြောသည်။
 
ဘရာဇီးနိုင်ငံတွင်စမ်းသပ်မှု၌ပါဝင်နေသည့် ဘန်တန်တန်အင်စတီကျု့က ဆုံးဖြတ်ချက်ကြောင့် အံ့သြမိသည်ဟု ပြောသည်။
 
ဘရာဇီးသမ္မတ ဂျေး ဘော်ဆိုနာရို က ထိုကာကွယ်ဆေးကိုဆန့်ကျင်ကြောင်းပြောထားပြီး ဘရာဇီးနိုင်ငံသား များသည် မည်သူ့၏သိပ္ပံစမ်းသပ်မှုတွင်အသုံးပြုသည့်ကြွက်များအဖြစ်ခံမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသားပြောထားသည်။
 
ဆင်နိုဗက်၊ ဖီဇာနှင့် အောက်စဖို့တက္ကသိုလ်တို့ကထုတ်လုပ်နေသည့်ကာကွယ်ဆေးများသည် ခွင့်ပြုချက်မရမီ လူအမြောက်အမြားကိုစမ်းသပ်ရသည့် အဆင့် ၃ ရောက်နေသည်။
 
Ref : Brazil suspends trials of China’s Sinovac COVID-19 vaccine due to ‘adverse’ effect
 
#PeopleMedia

Share this post