• Follow Us on

Home Quarantine Center ရွိ ခက္ခဲတဲ့ အိမ္ေထာင္စုတစ္ရာေက်ာ္ကို ကခ်င္ၾကက္ေျခနီအသင္းက ေငြသားေထာက္ပံ့ေပးမည္

Quarantine Center ရွိ ခက္ခဲတဲ့ အိမ္ေထာင္စုတစ္ရာေက်ာ္ကို ကခ်င္ၾကက္ေျခနီအသင္းက ေငြသားေထာက္ပံ့ေပးမည္

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ကခ်င္ျပည္နယ္အတြင္းရွိ Quarantine Center မ်ားတြင္ Quarantine ဝင္ေရာက္ေနသူမ်ား အနက္ခက္ခဲသည့္ အိမ္ေထာင္စု (၁၁၅)စု ခန႔္ကို ေရြးခ်ယ္ၿပီး ေငြသားေထာက္ပံ့ေပးသြားရန္ရွိေၾကာင္း ကခ်င္ျပည္နယ္ ၾကက္ေျခနီႀကီးၾကပ္မႈ ေကာ္မတီမွ သိရသည္။
 
ဤသို႔ေထာက္ပံ့ရာတြင္ ကခ်င္ျပည္နယ္ ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ ၏ စီမံခ်က္ၿမိဳ႕နယ္မ်ားက Quarantine Center မ်ားသာ ပါဝင္ၿပီး Quartine ဝင္ေနသူမ်ားအနက္အခက္အခဲ ႀကဳံေနေသာ အိမ္ေထာင္စုမ်ားသာ ေရြးခ်ယ္မည္ျဖစ္ၿပီး တစ္အိမ္ ေထာင္ က်ပ္ေလးသိန္းႏႈန္းျဖင့္ ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ၾကက္ေျခနီ ႀကီးၾကပ္မႈေကာ္မတီဥကၠ႒ ဦးဘရန္ဒီးက ဆိုသည္။
 
“အခု ကိုဗစ္ကာလ ဒုတိယအေက်ာ့မွာ ကြာရန္တင္းစင္တာမွာ ေနထိုင္တဲ့ မိသားစုေတြ အိမ္ေထာင္စုေတြအခက္အခဲ အရမ္း ေတြ႕ႀကဳံေနတဲ့ အိမ္ေထာင္စု မိသားစုေတြကိုေရြးခ်ယ္မွာ ျဖစ္ပါတယ္ တစ္အိမ္ေထာင္ ေလးသိန္းႏႈန္း ေထာက္ပံ့ဖို႔ရွိပါတယ္။ ဒီၾကားထဲမွာ ေထာက္ပံ့ေပးသြားဖို႔ ရွိပါတယ္။
 
လက္ရွိတြင္ ယင္းေထာက္ပံ့ေရးအစီအစဥ္အတြက္ စာရင္းျပဳစုေနၿပီျဖစ္ၿပီး ျပဳစုၿပီးစီးပါက လိုက္လံေထာက္ပံ့ေပးေတာ့မည္ျဖစ္ၿပီး က်ပ္သိန္း (၄၆၀)ခန္႔ အသုံးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
 
ကခ်င္ျပည္နယ္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ၏ စီမံခ်က္ၿမိဳ႕နယ္မ်ားမွာ ဗန္းေမာ္၊ ေရႊကူ၊ မံစီ၊တနိုင္း၊ ရွဒူးဇြပ္၊ ခ်ီေဖြ၊ ဝိုင္းေမာ္၊ မိုးေကာင္း၊ မိုးေမာက္စသည့္ၿမိဳ႕နယ္မ်ားျဖစ္ၿပီး ယင္းစီမံခ်က္ၿမိဳ႕နယ္မ်ား၌ ကူညီေထာက္ပံ့ေရးကို ျပည္ပၾကက္ေျခနီအသင္းမ်ား ျဖစ္သည့္ ICRC၊ DRC၊ GRC တို႔ ပူးေပါင္းေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။
 
ကခ်င္ျပည္နယ္ ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီအေနျဖင့္ ကခ်င္တိုက္ပြဲေရွာင္ အိမ္ေထာင္စုတစ္စုလွ်င္ က်ပ္ေလးသိန္းႏႈန္းျဖင့္ စုစုေပါင္း က်ပ္သိန္းႏွစ္ေထာင္ေက်ာ္အထိ ေထာက္ပံ့ေပးနိုင္ခဲ့ေၾကာင္းလည္း သိရသည္။
 
လြမ္းေအာင္
 
Photo – EPN၊ ၾကက္ေျခနီ
 
#PeopleMedia #COVID #ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ #Myanmarredcrosssociety
 
(unicode)
Quarantine Center ရှိ ခက်ခဲတဲ့ အိမ်ထောင်စုတစ်ရာကျော်ကို ကချင်ကြက်ခြေနီအသင်းက ငွေသားထောက်ပံ့ပေးမည်
……………………………………………………………
 
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ကချင်ပြည်နယ်အတွင်းရှိ Quarantine Center များတွင် Quarantine ဝင်ရောက်နေသူများ အနက်ခက်ခဲသည့် အိမ်ထောင်စု (၁၁၅)စု ခန့်ကို ရွေးချယ်ပြီး ငွေသားထောက်ပံ့ပေးသွားရန်ရှိကြောင်း ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ သိရသည်။
 
ဤသို့ထောက်ပံ့ရာတွင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ၏ စီမံချက်မြို့နယ်များက Quarantine Center များသာ ပါဝင်ပြီး Quartine ဝင်နေသူများအနက်အခက်အခဲ ကြုံနေသော အိမ်ထောင်စုများသာ ရွေးချယ်မည်ဖြစ်ပြီး တစ်အိမ် ထောင် ကျပ်လေးသိန်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးက ဆိုသည်။
 
“အခု ကိုဗစ်ကာလ ဒုတိယအကျော့မှာ ကွာရန်တင်းစင်တာမှာ နေထိုင်တဲ့ မိသားစုတွေ အိမ်ထောင်စုတွေအခက်အခဲ အရမ်း တွေ့ကြုံနေတဲ့ အိမ်ထောင်စု မိသားစုတွေကိုရွေးချယ်မှာ ဖြစ်ပါတယ် တစ်အိမ်ထောင် လေးသိန်းနှုန်း ထောက်ပံ့ဖို့ရှိပါတယ်။ ဒီကြားထဲမှာ ထောက်ပံ့ပေးသွားဖို့ ရှိပါတယ်။
 
လက်ရှိတွင် ယင်းထောက်ပံ့ရေးအစီအစဉ်အတွက် စာရင်းပြုစုနေပြီဖြစ်ပြီး ပြုစုပြီးစီးပါက လိုက်လံထောက်ပံ့ပေးတော့မည်ဖြစ်ပြီး ကျပ်သိန်း (၄၆၀)ခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
 
ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ စီမံချက်မြို့နယ်များမှာ ဗန်းမော်၊ ရွှေကူ၊ မံစီ၊တနိုင်း၊ ရှဒူးဇွပ်၊ ချီဖွေ၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးမောက်စသည့်မြို့နယ်များဖြစ်ပြီး ယင်းစီမံချက်မြို့နယ်များ၌ ကူညီထောက်ပံ့ရေးကို ပြည်ပကြက်ခြေနီအသင်းများ ဖြစ်သည့် ICRC၊ DRC၊ GRC တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
 
ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့် ကချင်တိုက်ပွဲရှောင် အိမ်ထောင်စုတစ်စုလျှင် ကျပ်လေးသိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်းနှစ်ထောင်ကျော်အထိ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
 
လွမ်းအောင်
 
Photo – EPN၊ ကြက်ခြေနီ
 
#PeopleMedia #COVID #ကချင်ပြည်နယ်အစိုးရအဖွဲ့ #Myanmarredcrosssociety

Share this post