• Follow Us on

Home နိုင္ငံသားတစ္ဦး၏ ဥပေဒႏွင့္အညီ ဆႏၵမဲေပးပိုင္ခြင့္အခြင့္အေရးႏွင့္ ကန႔္ကြက္ပိုင္ခြင့္အခြင့္အေရးတို႔အရ မဲစာရင္းႏွင့္ ပတ္သက္သည္တို႔ကို ေတာင္းခံျခင္းျဖစ္ေၾကာင္း UEC ကို တပ္မေတာ္တုန႔္ျပန္

နိုင္ငံသားတစ္ဦး၏ ဥပေဒႏွင့္အညီ ဆႏၵမဲေပးပိုင္ခြင့္အခြင့္အေရးႏွင့္ ကန႔္ကြက္ပိုင္ခြင့္အခြင့္အေရးတို႔အရ မဲစာရင္းႏွင့္ ပတ္သက္သည္တို႔ကို ေတာင္းခံျခင္းျဖစ္ေၾကာင္း UEC ကို တပ္မေတာ္တုန႔္ျပန္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုင္ငံသားတစ္ဦး၏ ဥပေဒႏွင့္အညီ ဆႏၵမဲေပးပိုင္ခြင့္အေရးႏွင့္ ကန႔္ကြက္ပိုင္ခြင့္ အခြင့္အေရးတို႔အရ မဲစာရင္းႏွင့္ ပတ္သက္သည္တို႔ကို ေတာင္းခံျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္အေပၚ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ယေန႔ သေဘာထားထုတ္ျပန္ခဲ့သည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က နိုဝင္ဘာလ ၃၀ရက္ေန႔တြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို သက္ေသခံဥပေဒပုဒ္မ ၇၄ ႏွင့္ ၇၆ တို႔အရ ေရြးေကာက္ပြဲစာရြက္စာတန္းမ်ားကို ကူးယူခြင့္ျပဳရန္ ေမတၱာရပ္ခံေၾကာင္း ထုတ္ျပန္ခဲ့သည္။

တပ္မေတာ္၏ ေတာင္းဆိုခ်က္ကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ဒီဇင္ဘာလ ၇ ရက္ေန႔တြင္ ျပန္လည္တုန႔္ျပန္ ထုတ္ျပန္ခဲ့ရာတြင္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ေမတၱာရပ္ခံသည့္အတိုင္း ေဆာင္ရြက္မည္ဆိုပါက သက္ဆိုင္ရာ ေကာ္မရွင္အဖြဲ႕ခြဲအသီးသီးအား ဥပေဒႏွင့္မညီေသာ ေဆာင္ရြက္မႈကို ျပဳလုပ္ေစရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာမရွင္က ဥပေဒႏွင့္ မညီေသာ ညြန္ၾကားမႈကိုျပဳရာေရာက္မည္ျဖစ္သျဖင့္ ညြန္ၾကားေပးမည္မဟုတ္ေၾကာင္း ျပန္လည္ထုတ္ျပန္ခဲ့သည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထုတ္ျပန္မႈကို ယေန႔တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ယေန႔ ထပ္မံတုန႔္ျပန္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ ထုန္ျပန္ရာတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ သေဘာထား မည္သို႔ပင္ ျဖစ္ေစကာမူ တရားစီရင္ေရး သေဘာေဆာင္ၿပီး သက္ေသခံဥပေဒႏွင့္ တရားမက်င့္ထုံးဥပေဒတို႔ကို က်င့္သုံးေဆာင္ရြက္ခြင့္ရွိသည့္ ေရြးေကာက္ပြဲခုံအဖြဲ႕က စစ္ေဆးမည့္ ေရြးေကာက္ပြဲကန႔္ကြက္လႊာအမႈအတြက္ တင္သြင္းမည့္ စာတမ္းအမွတ္အသားမ်ားကို ကူးယူခြင့္ေတာင္းခံျခင္း သည္ နိုင္ငံသားတစ္ဦး၏ ဥပေဒႏွင့္အညီ ဆႏၵမဲေပးပိုင္ခြင့္ အခြင့္အေရးႏွင့္ ကန႔္သတ္ပိုင္ခြင့္ အခြင့္အေရးတို႔အရ ေတာင္းခံျခင္း ျဖစ္၍ ဥပေဒႏွင့္မညီေသာ ညြန္ၾကားမႈကို ျပဳရာေရာက္မည္မဟုတ္ေၾကာင္း သုံးသပ္ရရွိပါသည္။

သို႔ျဖစ္၍ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ သဘာဝတရားမွ်မႈ မူသေဘာကို အေျခခံ၍ ပြင့္လင္းျမင္သာမႈကို ေဆာင္ၾကဥ္းေပးသင့္ပါေၾကာင္း သေဘာထား တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ထုတ္ျပန္ခ်က္၌ ေဖာ္ျပပါရွိသည္။

#PeopleMedia #တပ္မေတာ္ #political #UEC

(unicode)
နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့်အခွင့်အရေးတို့အရ မဲစာရင်းနှင့် ပတ်သက်သည်တို့ကို တောင်းခံခြင်းဖြစ်ကြောင်း UEC ကို တပ်မတော်တုန့်ပြန်
……………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ မဲစာရင်းနှင့် ပတ်သက်သည်တို့ကို တောင်းခံခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ သဘောထားထုတ်ပြန်ခဲ့သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာလ ၃ဝရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သက်သေခံဥပဒေပုဒ်မ ၇၄ နှင့် ၇၆ တို့အရ ရွေးကောက်ပွဲစာရွက်စာတန်းများကို ကူးယူခွင့်ပြုရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

တပ်မတော်၏ တောင်းဆိုချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြန်လည်တုန့်ပြန် ထုတ်ပြန်ခဲ့ရာတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံသည့်အတိုင်း ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးအား ဥပဒေနှင့်မညီသော ဆောင်ရွက်မှုကို ပြုလုပ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကောမရှင်က ဥပဒေနှင့် မညီသော ညွန်ကြားမှုကိုပြုရာရောက်မည်ဖြစ်သဖြင့် ညွန်ကြားပေးမည်မဟုတ်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်မှုကို ယနေ့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ ထပ်မံတုန့်ပြန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထုန်ပြန်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သဘောထား မည်သို့ပင် ဖြစ်စေကာမူ တရားစီရင်ရေး သဘောဆောင်ပြီး သက်သေခံဥပဒေနှင့် တရားမကျင့်ထုံးဥပဒေတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည့် ရွေးကောက်ပွဲခုံအဖွဲ့က စစ်ဆေးမည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအတွက် တင်သွင်းမည့် စာတမ်းအမှတ်အသားများကို ကူးယူခွင့်တောင်းခံခြင်း သည် နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးနှင့် ကန့်သတ်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံခြင်း ဖြစ်၍ ဥပဒေနှင့်မညီသော ညွန်ကြားမှုကို ပြုရာရောက်မည်မဟုတ်ကြောင်း သုံးသပ်ရရှိပါသည်။

သို့ဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သဘာဝတရားမျှမှု မူသဘောကို အခြေခံ၍ ပွင့်လင်းမြင်သာမှုကို ဆောင်ကြဉ်းပေးသင့်ပါကြောင်း သဘောထား တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

#PeopleMedia #တပ်မတော် #political #UEC


Share this post