• Follow Us on

Home ျမန္မာႏိုင္ငံမွ ကို႐ိုနာဗိုင္းရပ္စ္သည္ ကူးစက္မႈ ၂၀ ရာခိုင္ႏႈန္းပိုျမန္သည့္မ်ိဳးကြဲျဖစ္ေၾကာင္း ထိုင္းဆရာ၀န္ႀကီးေျပာ

ျမန္မာႏိုင္ငံမွ ကို႐ိုနာဗိုင္းရပ္စ္သည္ ကူးစက္မႈ ၂၀ ရာခိုင္ႏႈန္းပိုျမန္သည့္မ်ိဳးကြဲျဖစ္ေၾကာင္း ထိုင္းဆရာ၀န္ႀကီးေျပာ

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ျမန္မာႏိုင္ငံတြင္ပ်ံ႕ႏွံ႔ေနသည့္ကို႐ိုနာဗိုင္းရပ္စ္သည္ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕တြင္ေတြ႕ခဲ့ရသည့္ မူလဗိုင္းရပ္စ္ထက္ ကူးစက္မႈ ၂၀ ရာခိုင္ႏႈန္းျမန္ေသာမ်ိဳးကြဲျဖစ္ေၾကာင္း ထိုင္း႐ွိ ဆီရီယာ့ဂ်္ေဆး႐ံုမွ ေဆးပညာဌာနမွဴး ေဒါက္တာ ပရာဆစ္ ၀တ္တာနာပါ ကေျပာသည္။
 
ျမန္မာႏိုင္ငံမွကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ၆၀ ရာခိုင္ႏႈန္းသည္ G614 မ်ိဳးကြဲျဖစ္ၿပီး ဝူဟန္တြင္ေတြ႕ရသည့္ဗိုင္းရပ္စ္သည္ D614 မ်ိဳးကြဲျဖစ္သည္ဟု ဗုဒၶဟူးေန႔တြင္ေျပာသည္။
 
လက္႐ွိကူးစက္မႈအမ်ားစုသည္ ထိုမ်ိဳးကြဲျဖစ္သည္။
 
ထိုမ်ိဳးကြဲသည္ ကူးစက္မႈပိုျမန္သျဖင့္ ပိုျမန္ျမန္တံု႔ျပန္ရန္လိုအပ္ေၾကာင္းလည္းေျပာသည္။ ၿပီးခဲ့သည့္ ၂ ပတ္အတြင္း ျမန္မာႏိုင္ငံမွထိုင္းသို႔ တရားမ၀င္ျပန္ခဲ့သူမ်ား႐ွိၿပီးေနာက္ပိုင္း ထိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ျပည္တြင္းကူးစက္မႈမ်ား႐ွိခဲ့သည္။
 
ထိုင္းဘက္က နယ္စပ္တင္းၾကပ္ခဲ့ၿပီးေနာက္ပိုင္း ဗုဒၶဟူးေန႔တြင္ ထိုင္း၌ျပည္ပမွျပန္လာသူ ၂၅ ေယာက္ ကူးစက္ခံရေၾကာင္း အတည္ျပဳႏိုင္ကာ တရားမ၀င္၀င္ေရာက္မႈေၾကာင့္ျဖစ္လာသည့္ ျပည္တြင္းကူးစက္အတည္ျပဳလူနာမ႐ွိခဲ့ေခ်။
 
ျမန္မာႏိုင္ငံမွထိုင္းသို႔တရားမ၀င္ျပန္လာသူမ်ားတြင္ အတည္ျပဳလူနာ ၄၆ ေယာက္႐ွိခဲ့ၿပီး သူတို႔ႏွင့္ထိေတြ႕ခဲ့သူ ၅၁၀၀ ေက်ာ္ကိုစစ္ေဆးခဲ့ရာတြင္ ျပန္လာသူတေယာက္ႏွင့္အတူ ခရီးထြက္ခဲ့သည့္မိတ္ေဆြတေယာက္သာ အတည္ျပဳလူနာ ျဖစ္ခဲ့သည္ဟုလည္းေျပာသည္။
 
Ref : Fear over Myanmar strain
 
#PeopleMedia
 
(unicode)
မြန်မာနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်သည် ကူးစက်မှု ၂၀ ရာခိုင်နှုန်းပိုမြန်သည့်မျိုးကွဲဖြစ်ကြောင်း ထိုင်းဆရာဝန်ကြီးပြော
……………………………………….
 
ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မြန်မာနိုင်ငံတွင်ပျံ့နှံ့နေသည့်ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင်တွေ့ခဲ့ရသည့် မူလဗိုင်းရပ်စ်ထက် ကူးစက်မှု ၂၀ ရာခိုင်နှုန်းမြန်သောမျိုးကွဲဖြစ်ကြောင်း ထိုင်းရှိ ဆီရီယာ့ဂျ်ဆေးရုံမှ ဆေးပညာဌာနမှူး ဒေါက်တာ ပရာဆစ် ဝတ်တာနာပါ ကပြောသည်။
 
မြန်မာနိုင်ငံမှကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၆၀ ရာခိုင်နှုန်းသည် G614 မျိုးကွဲဖြစ်ပြီး ဝူဟန်တွင်တွေ့ရသည့်ဗိုင်းရပ်စ်သည် D614 မျိုးကွဲဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
 
လက်ရှိကူးစက်မှုအများစုသည် ထိုမျိုးကွဲဖြစ်သည်။
 
ထိုမျိုးကွဲသည် ကူးစက်မှုပိုမြန်သဖြင့် ပိုမြန်မြန်တုံ့ပြန်ရန်လိုအပ်ကြောင်းလည်းပြောသည်။ ပြီးခဲ့သည့် ၂ ပတ်အတွင်း မြန်မာနိုင်ငံမှထိုင်းသို့ တရားမဝင်ပြန်ခဲ့သူများရှိပြီးနောက်ပိုင်း ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ပြည်တွင်းကူးစက်မှုများရှိခဲ့သည်။
 
ထိုင်းဘက်က နယ်စပ်တင်းကြပ်ခဲ့ပြီးနောက်ပိုင်း ဗုဒ္ဓဟူးနေ့တွင် ထိုင်း၌ပြည်ပမှပြန်လာသူ ၂၅ ယောက် ကူးစက်ခံရကြောင်း အတည်ပြုနိုင်ကာ တရားမဝင်ဝင်ရောက်မှုကြောင့်ဖြစ်လာသည့် ပြည်တွင်းကူးစက်အတည်ပြုလူနာမရှိခဲ့ချေ။
 
မြန်မာနိုင်ငံမှထိုင်းသို့တရားမဝင်ပြန်လာသူများတွင် အတည်ပြုလူနာ ၄၆ ယောက်ရှိခဲ့ပြီး သူတို့နှင့်ထိတွေ့ခဲ့သူ ၅၁၀၀ ကျော်ကိုစစ်ဆေးခဲ့ရာတွင် ပြန်လာသူတယောက်နှင့်အတူ ခရီးထွက်ခဲ့သည့်မိတ်ဆွေတယောက်သာ အတည်ပြုလူနာ ဖြစ်ခဲ့သည်ဟုလည်းပြောသည်။
 
Ref : Fear over Myanmar strain
 
#PeopleMedia

Share this post