• Follow Us on

Home အယုံလြယ္သူမ်ားထံမွ ေငြေၾကးလိမ္လည္ရယူသူ နိုင္ငံျခားသားမ်ားပါဝင္ပတ္သက္ သည့္ ဂိုဏ္း ေဖာ္ထုတ္ဖမ္းဆီးရမိ

အယုံလြယ္သူမ်ားထံမွ ေငြေၾကးလိမ္လည္ရယူသူ နိုင္ငံျခားသားမ်ားပါဝင္ပတ္သက္ သည့္ ဂိုဏ္း ေဖာ္ထုတ္ဖမ္းဆီးရမိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၂၃
 
အယုံလြယ္သူမ်ားထံ ယုံၾကည္ေအာင္ေျပာဆို၍ Online မွတစ္ဆင့္ဆက္သြယ္ၿပီး ဘဏ္သို႔ ေငြလႊဲေစကာ MPU ကတ္မ်ားအသုံးျပဳၿပီး လိမ္လည္ရယူသူ နိုင္ငံျခားသားမ်ားပါဝင္ပတ္သက္သည့္ ဂိုဏ္းတစ္ခုအား ေဖာ္ထုတ္ ဖမ္းဆီး ရမိခဲ့ပါ သည္။
 
ျဖစ္စဥ္ေျခရာခံမိသည့္ အေျခအေနမွာ မႏၲေလးၿမိဳ႕ေန၊ Tin Yan Naing Facebook Account သို႔ Eve Garden Facebook Account အသုံးျပဳသည့္ အမ်ိဳးသမီးတစ္ဦးမွ ၂၀၂၀ ျပည့္ႏွစ္၊ နိုဝင္ဘာ ၂၈ ရက္ေန႔တြင္ စတင္မိတ္ဖြဲ႕ လာခဲ့ၿပီး Facebook ေပၚ၌ ခင္မင္ခ်ိန္ (၂)ပတ္ခန႔္အတြင္း ၎သည္ အေမရိကန္နိုင္ငံသူ၊ ကိုးရီးယား လူမ်ိဳးတစ္ဦး ျဖစ္ေၾကာင္း၊ ဆီးရီးယား စစ္ေျမျပင္တြင္ ၿငိမ္းခ်မ္းေရး တပ္ဖြဲ႕၌ တာဝန္ထမ္းေဆာင္ခ်ိန္ အေမရိကန္ ေဒၚလာ (၇၄၀၀၀၀)ႏွင့္ ေရႊေခ်ာင္းမ်ားရရွိခဲ့ေၾကာင္း၊ Covid-19 ေရာဂါကာလအတြင္း ထိန္းသိမ္းရန္ အခက္အခဲျဖစ္သျဖင့္ ယခု Account ပိုင္ရွင္ထံ ယုံၾကည္ေသာေၾကာင့္ အပ္ႏွံထားလိုေၾကာင္း၊ Delivery နည္းလမ္းျဖင့္ ပစၥည္းမ်ား ေပးပို႔မည္ ျဖစ္ေၾကာင္း ေျပာဆိုကာ ပစၥည္းထုပ္မ်ား၊ ေဒၚလာမ်ား၏ ဓာတ္ပုံမ်ားေပးပို႔လာခဲ့ေၾကာင္း၊ (၂)ရက္ခန႔္အၾကာတြင္ အမ်ိဳးသမီးတစ္ဦး၏အသံျဖင့္ ၎အမ်ိဳးသားထံသို႔ ဖုန္းဆက္သြယ္လာခဲ့ၿပီး ရန္ကုန္ေလဆိပ္ပစၥည္း လက္ခံဌာနမွ ျဖစ္ေၾကာင္း၊ ျပည္ပမွပို႔လိုက္သည့္ပစၥည္းမ်ား ရန္ကုန္ေလဆိပ္သို႔ေရာက္ေနေၾကာင္း၊ ပစၥည္းထုတ္ယူရန္ အေမရိကန္ ေဒၚလာ (၁၂၅၀)(ျမန္မာေငြ ၁၆၉၀၀၀၀ က်ပ္) ကို Bank Accountသို႔ လႊဲေပးရန္ (၁)ႀကိမ္အပါဝင္၊ ပစၥည္းထုတ္ယူရန္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေငြ (၃)ႀကိမ္ကို Bank Account (၃)ခုသို႔ ေငြက်ပ္စုစုေပါင္း သိန္း (၁၇၀၀)ေက်ာ္ လႊဲေပးခဲ့ ေၾကာင္းသိရွိရပါသည္။
 
၎လႊဲေပးသည့္ ဘဏ္ႏွင့္ Account မ်ားကို ေျခရာခံ၍ သက္ဆိုင္ရာဘဏ္မ်ားႏွင့္ ပူးေပါင္းၿပီး ေငြလာ ထုတ္ ခ်ိန္ ဘဏ္၏ CCTV မွတ္တမ္းမ်ား၊ Bank Account ပိုင္ရွင္မ်ားကိုေဖာ္ထုတ္ရာ လွိုင္ၿမိဳ႕နယ္ႏွင့္ ေရႊျပည္သာၿမိဳ႕နယ္ေန အသက္ (၂၀)ေက်ာ္ဝန္းက်င္ရွိ အမ်ိဳးသား (၂)ဦး၊ အမ်ိဳးသမီး (၁)ဦးတို႔ကို ေဖာ္ထုတ္ရရွိခဲ့ေၾကာင္း၊ ၎တို႔ (၃)ဦးကို စိစစ္ေဖာ္ထုတ္ခ်က္အရ ၎တို႔သည္ သာမန္လက္လုပ္လက္စားမ်ားျဖစ္ေၾကာင္း၊ ၎တို႔ကို (၁၀၀၀၀)က်ပ္စီ ေပး၍ ၎တို႔၏ အမည္၊ ေနရပ္၊ မွတ္ပုံတင္နံပါတ္မ်ားကိုအသုံးျပဳၿပီး ပုဂၢိဳလ္တစ္ဦးမွ MPU ကတ္မ်ား ဘဏ္အသီးသီး၌ ျပဳလုပ္ေစၿပီး ျပဳလုပ္ၿပီးခ်ိန္ ၎ပုဂၢိဳလ္မွ MPU ကတ္မ်ား ယူေဆာင္သြားခဲ့ေၾကာင္း သိရွိရပါသည္။
ကြင္းဆက္ ထပ္မံစိစစ္ခ်က္အရ ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္၊ (၈)ရပ္ကြက္ေန၊ အမ်ိဳးသား တစ္ဦး၊ ၎၏ ဇနီးႏွင့္ ဇနီး၏ ယခင္အိမ္ေထာင္ႏွင့္ရသည့္ (၂၃)ႏွစ္အရြယ္သားတစ္ဦး၊ စုစုေပါင္း (၃)ဦးအား ေျခရာခံ ေဖာ္ထုတ္ ရမိၿပီး ၎တို႔မွ သာမန္လက္လုပ္လက္စားမ်ားထံမွ MPU ကတ္မ်ားကို (၁၀၀၀၀)က်ပ္ျဖင့္ ဝယ္ယူခဲ့ေၾကာင္း၊ ဝယ္ယူ ရရွိသည့္ MPU ကတ္မ်ားကို ရန္ကုန္ၿမိဳ႕၊ သဃၤန္းကၽြန္း ၿမိဳ႕နယ္၊ (င/က)ရပ္ကြက္ေန နိုင္ဂ်ီးရီးယားနိုင္ငံသား EZIEFULE (ခ) ABIAZIEN WISDOM ႏွင့္ ၎၏ ဇနီး ျမန္မာနိုင္ငံသူ ေဒၚစိုးစိုးစံ(ခ)နန္းစႏၵီတို႔ထံ MPU တစ္ကတ္လၽွင္ တစ္သိန္း က်ပ္ႏႈန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့ေၾကာင္းသိရွိရသျဖင့္ နိုင္ဂ်ီးရီးယားနိုင္ငံသားႏွင့္ ျမန္မာနိုင္ငံသူတို႔ကို ဒီဇင္ဘာ (၁၆)ရက္ေန႔က ဖမ္းဆီးရမိခဲ့ပါသည္။
 
နိုင္ဂ်ီးရီးယားနိုင္ငံသားအား စစ္ေဆးေဖာ္ထုတ္ခ်က္အရ ၎ႏွင့္အတူ သူငယ္ခ်င္းျဖစ္သူ အျခားနိုင္ဂ်ီးရီးယား နိုင္ငံသား(၁)ဦးတို႔ ပူးေပါင္းေဆာင္ရြက္ေၾကာင္း၊ ၎၏ သူငယ္ခ်င္းျဖစ္သူသည္ ဒီဇင္ဘာလ (၅) ရက္ေန႔က Relief Flight ျဖင့္ ရန္ကုန္မွ မေလးရွားသို႔ ထြက္ခြာသြားေၾကာင္း၊ ရဲတပ္ဖြဲ႕မွ ေလဆိပ္ ဝင္/ထြက္ မွတ္တမ္းမ်ား စိစစ္ခ်က္အရ ထြက္ခြာသြားသည္မွာ မွန္ကန္ေၾကာင္း၊ လိမ္လည္ပုံ စိစစ္ခ်က္အရ Online မွတစ္ဆင့္ ၎တို႔သည္ ယုံၾကည္ လြယ္သူ ပစ္မွတ္မ်ား ရွာေၾကာင္း၊ ယခု အေၾကာင္းျပျဖစ္စဥ္အပါအဝင္ အေၾကာင္းအရာအမ်ိဳးမ်ိဳးျဖင့္ ယုံၾကည္ေအာင္ စည္း႐ုံးေျပာဆိုေၾကာင္း၊ ဖုန္းဆင္းကတ္အမ်ိဳးမ်ိဳးျဖင့္ နံပါတ္အမ်ိဳးမ်ိဳးတို႔ကို အသုံးျပဳေၾကာင္း၊ တစ္ဖက္သူ ယုံၾကည္လာ လၽွင္ ၎တို႔ လက္ဝယ္ရွိ MPU ကတ္နံပါတ္မ်ားႏွင့္ သက္ဆိုင္ရာ ဘဏ္မ်ားသို႔ ေငြလႊဲခိုင္းေၾကာင္း၊ အမ်ိဳးသမီး ျဖစ္သူ ေဒၚစိုးစိုးစံ(ခ)နန္းစႏၵီက အမ်ိဳးသမီးအသံမ်ားျဖင့္ ဖုန္းဆက္သြယ္ေျပာဆိုေၾကာင္း ေပၚေပါက္ခဲ့ပါသည္။
 
ကနဦး စိစစ္ခ်က္မ်ားအရ ၎တို႔သည္ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လအတြင္း (၁၅)ဦး၊ ဇူလိုင္လ အတြင္း (၁၈)ဦး၊ ဒီဇင္ဘာလအတြင္း (၁၈)ဦးတို႔ကို ပစ္မွတ္ထားကာ ေဆာင္ရြက္ခဲ့ေၾကာင္း၊ အခ်ိဳ႕ ေငြလႊဲေပးသူမ်ားရွိသလို လႊဲမေပး သူမ်ားလည္းရွိေၾကာင္း၊ ယုံၾကည္၍ေငြလႊဲေပးၿပီးေနာက္ လိမ္လည္ ခံရသူမ်ားမွ သက္ဆိုင္ရာရဲစခန္းအသီးသီးတြင္ အမႈဖြင့္ထားမႈမ်ားကို ရဲတပ္ဖြဲ႕မွတ္တမ္းမ်ားအရ စိစစ္ရာ ေနျပည္ေတာ္၌ (၁)မႈ၊ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း၌ (၁)မႈ၊ တနသၤာရီတိုင္းေဒသႀကီး၌ (၁)မႈ၊ ပဲခူးတိုင္းေဒသႀကီးအတြင္း၌ (၁)မႈ၊ ကခ်င္ျပည္နယ္၌ (၂)မႈ၊ မႏၲေလးတိုင္းေဒသႀကီး (၂)မႈ၊ မြန္ျပည္နယ္ (၂)မႈ၊ ရန္ကုန္တိုင္းေဒသႀကီးတြင္(၁၀)မႈ၊ ရွမ္းျပည္နယ္တြင္ (၅)မႈ ရွိေၾကာင္း ေတြ႕ရွိရ ပါသည္။
 
၎တို႔ကို ဖမ္းဆီးခ်ိန္၌ ေနအိမ္အတြင္းမွ ဘဏ္ေျပစာ (၄၁)ရြက္၊ ဘဏ္စာအုပ္မ်ိဳးစုံ (၂၅)အုပ္၊ MPU ကတ္မ်ိဳးစုံ (၅၇)ကတ္၊ ဖုန္း (၉)လုံး၊ Laptop (၁)လုံး၊ ေငြက်ပ္သိန္း (၁၀၀)ေက်ာ္၊ ေလယာဥ္ လက္မွတ္ (၁)ေစာင္၊ ေလယာဥ္ Booking စာရြက္ (၃)ရြက္ႏွင့္ Memory Stick (၃)ခုတို႔ သိမ္းဆည္း ရမိခဲ့ၿပီး လိမ္လည္ရရွိေငြမ်ားကို လက္ရွိအခ်ိန္၌ ခြဲေဝသုံးစြဲၿပီးျဖစ္ေၾကာင္း၊ သဃၤန္းကၽြန္းၿမိဳ႕နယ္တြင္ ဆိုင္ခန္းငွားရမ္း၍ ေဒၚစိုးစိုးစံ(ခ)နန္းစႏၵီ မွ စတိုး ဆိုင္တစ္ခု တည္ေထာင္ရင္းႏွီးထားေၾကာင္း ေပၚေပါက္ခဲ့ၿပီး နိုင္ဂ်ီးရီးယားနိုင္ငံသားမ်ား ပါဝင္ပတ္သက္နိုင္သည့္ အလားတူဂိုဏ္းမ်ားလည္း ရွိနိုင္ေၾကာင္း ရဲတပ္ဖြဲ႕ကသံသယရွိသျဖင့္ ဆက္လက္စစ္ေဆးေနေၾကာင္းႏွင့္ ဥပေဒႏွင့္ အညီ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ပါသည္။
 
ယခုေဖာ္ထုတ္ရရွိသည့္ျဖစ္စဥ္တြင္ ေငြလႊဲခိုင္းသူတရားခံမွ MPU ကတ္၏ Account နံပါတ္ကို ေဖာ္ျပေပး ပို႔ကာ ၎ Account သို႔ ေငြလႊဲထည့္ခိုင္းေၾကာင္း၊ နစ္နာသူတရားလိုမွ ၎ လႊဲေပးသည့္ Account နံပါတ္၊ ရက္စြဲမ်ား ကို တိက်စြာေျပာဆိုပူးေပါင္းပါဝင္နိုင္သျဖင့္ စုံစမ္း ေဖာ္ထုတ္နိုင္မႈ ျမန္ဆန္ခဲ့ေၾကာင္း ေတြ႕ရွိရပါသည္။
 
ျပည္သူလူထုအေနျဖင့္ ျဖစ္စဥ္အေျခအေနကိုသိရွိထားၿပီး ဆင္ျခင္သုံးသပ္နိုင္ပါရန္ အသိေပး ေဖာ္ျပအပ္ပါ သည္။
 
သတင္း၊ ဓါတ္ပုံ(ျမန္မာနိုင္ငံရဲတပ္ဖြဲ)
 
#PeopleMedia
 
(unicode)
အယုံလွယ်သူများထံမှ ငွေကြေးလိမ်လည်ရယူသူ နိုင်ငံခြားသားများပါဝင်ပတ်သက် သည့် ဂိုဏ်း ဖော်ထုတ်ဖမ်းဆီးရမိ ……………………………………………
ရန်ကုန်၊ ဒီဇင်ဘာ – ၂၃ အယုံလွယ်သူများထံ ယုံကြည်အောင်ပြောဆို၍ Online မှတစ်ဆင့်ဆက်သွယ်ပြီး ဘဏ်သို့ ငွေလွှဲစေကာ MPU ကတ်များအသုံးပြုပြီး လိမ်လည်ရယူသူ နိုင်ငံခြားသားများပါဝင်ပတ်သက်သည့် ဂိုဏ်းတစ်ခုအား ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ပါ သည်။ ဖြစ်စဉ်ခြေရာခံမိသည့် အခြေအနေမှာ မန္တလေးမြို့နေ၊ Tin Yan Naing Facebook Account သို့ Eve Garden Facebook Account အသုံးပြုသည့် အမျိုးသမီးတစ်ဦးမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် စတင်မိတ်ဖွဲ့ လာခဲ့ပြီး Facebook ပေါ်၌ ခင်မင်ချိန် (၂)ပတ်ခန့်အတွင်း ၎င်းသည် အမေရိကန်နိုင်ငံသူ၊ ကိုးရီးယား လူမျိုးတစ်ဦး ဖြစ်ကြောင်း၊ ဆီးရီးယား စစ်မြေပြင်တွင် ငြိမ်းချမ်းရေး တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ချိန် အမေရိကန် ဒေါ်လာ (၇၄၀၀၀၀)နှင့် ရွှေချောင်းများရရှိခဲ့ကြောင်း၊ Covid-19 ရောဂါကာလအတွင်း ထိန်းသိမ်းရန် အခက်အခဲဖြစ်သဖြင့် ယခု Account ပိုင်ရှင်ထံ ယုံကြည်သောကြောင့် အပ်နှံထားလိုကြောင်း၊ Delivery နည်းလမ်းဖြင့် ပစ္စည်းများ ပေးပို့မည် ဖြစ်ကြောင်း ပြောဆိုကာ ပစ္စည်းထုပ်များ၊ ဒေါ်လာများ၏ ဓာတ်ပုံများပေးပို့လာခဲ့ကြောင်း၊ (၂)ရက်ခန့်အကြာတွင် အမျိုးသမီးတစ်ဦး၏အသံဖြင့် ၎င်းအမျိုးသားထံသို့ ဖုန်းဆက်သွယ်လာခဲ့ပြီး ရန်ကုန်လေဆိပ်ပစ္စည်း လက်ခံဌာနမှ ဖြစ်ကြောင်း၊ ပြည်ပမှပို့လိုက်သည့်ပစ္စည်းများ ရန်ကုန်လေဆိပ်သို့ရောက်နေကြောင်း၊ ပစ္စည်းထုတ်ယူရန် အမေရိကန် ဒေါ်လာ (၁၂၅၀)(မြန်မာငွေ ၁၆၉၀၀၀၀ ကျပ်) ကို Bank Accountသို့ လွှဲပေးရန် (၁)ကြိမ်အပါဝင်၊ ပစ္စည်းထုတ်ယူရန် အကြောင်းအမျိုးမျိုးဖြင့် ငွေ (၃)ကြိမ်ကို Bank Account (၃)ခုသို့ ငွေကျပ်စုစုပေါင်း သိန်း (၁၇၀၀)ကျော် လွှဲပေးခဲ့ ကြောင်းသိရှိရပါသည်။ ၎င်းလွှဲပေးသည့် ဘဏ်နှင့် Account များကို ခြေရာခံ၍ သက်ဆိုင်ရာဘဏ်များနှင့် ပူးပေါင်းပြီး ငွေလာ ထုတ် ချိန် ဘဏ်၏ CCTV မှတ်တမ်းများ၊ Bank Account ပိုင်ရှင်များကိုဖော်ထုတ်ရာ လှိုင်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်နေ အသက် (၂၀)ကျော်ဝန်းကျင်ရှိ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၁)ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ကြောင်း၊ ၎င်းတို့ (၃)ဦးကို စိစစ်ဖော်ထုတ်ချက်အရ ၎င်းတို့သည် သာမန်လက်လုပ်လက်စားများဖြစ်ကြောင်း၊ ၎င်းတို့ကို (၁၀၀၀၀)ကျပ်စီ ပေး၍ ၎င်းတို့၏ အမည်၊ နေရပ်၊ မှတ်ပုံတင်နံပါတ်များကိုအသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးမှ MPU ကတ်များ ဘဏ်အသီးသီး၌ ပြုလုပ်စေပြီး ပြုလုပ်ပြီးချိန် ၎င်းပုဂ္ဂိုလ်မှ MPU ကတ်များ ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆက် ထပ်မံစိစစ်ချက်အရ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်နေ၊ အမျိုးသား တစ်ဦး၊ ၎င်း၏ ဇနီးနှင့် ဇနီး၏ ယခင်အိမ်ထောင်နှင့်ရသည့် (၂၃)နှစ်အရွယ်သားတစ်ဦး၊ စုစုပေါင်း (၃)ဦးအား ခြေရာခံ ဖော်ထုတ် ရမိပြီး ၎င်းတို့မှ သာမန်လက်လုပ်လက်စားများထံမှ MPU ကတ်များကို (၁၀၀၀၀)ကျပ်ဖြင့် ဝယ်ယူခဲ့ကြောင်း၊ ဝယ်ယူ ရရှိသည့် MPU ကတ်များကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်၊ (င/က)ရပ်ကွက်နေ နိုင်ဂျီးရီးယားနိုင်ငံသား EZIEFULE (ခ) ABIAZIEN WISDOM နှင့် ၎င်း၏ ဇနီး မြန်မာနိုင်ငံသူ ဒေါ်စိုးစိုးစံ(ခ)နန်းစန္ဒီတို့ထံ MPU တစ်ကတ်လျှင် တစ်သိန်း ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်းသိရှိရသဖြင့် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့ကို ဒီဇင်ဘာ (၁၆)ရက်နေ့က ဖမ်းဆီးရမိခဲ့ပါသည်။ နိုင်ဂျီးရီးယားနိုင်ငံသားအား စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းနှင့်အတူ သူငယ်ချင်းဖြစ်သူ အခြားနိုင်ဂျီးရီးယား နိုင်ငံသား(၁)ဦးတို့ ပူးပေါင်းဆောင်ရွက်ကြောင်း၊ ၎င်း၏ သူငယ်ချင်းဖြစ်သူသည် ဒီဇင်ဘာလ (၅) ရက်နေ့က Relief Flight ဖြင့် ရန်ကုန်မှ မလေးရှားသို့ ထွက်ခွာသွားကြောင်း၊ ရဲတပ်ဖွဲ့မှ လေဆိပ် ဝင်/ထွက် မှတ်တမ်းများ စိစစ်ချက်အရ ထွက်ခွာသွားသည်မှာ မှန်ကန်ကြောင်း၊ လိမ်လည်ပုံ စိစစ်ချက်အရ Online မှတစ်ဆင့် ၎င်းတို့သည် ယုံကြည် လွယ်သူ ပစ်မှတ်များ ရှာကြောင်း၊ ယခု အကြောင်းပြဖြစ်စဉ်အပါအဝင် အကြောင်းအရာအမျိုးမျိုးဖြင့် ယုံကြည်အောင် စည်းရုံးပြောဆိုကြောင်း၊ ဖုန်းဆင်းကတ်အမျိုးမျိုးဖြင့် နံပါတ်အမျိုးမျိုးတို့ကို အသုံးပြုကြောင်း၊ တစ်ဖက်သူ ယုံကြည်လာ လျှင် ၎င်းတို့ လက်ဝယ်ရှိ MPU ကတ်နံပါတ်များနှင့် သက်ဆိုင်ရာ ဘဏ်များသို့ ငွေလွှဲခိုင်းကြောင်း၊ အမျိုးသမီး ဖြစ်သူ ဒေါ်စိုးစိုးစံ(ခ)နန်းစန္ဒီက အမျိုးသမီးအသံများဖြင့် ဖုန်းဆက်သွယ်ပြောဆိုကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ ကနဦး စိစစ်ချက်များအရ ၎င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း (၁၅)ဦး၊ ဇူလိုင်လ အတွင်း (၁၈)ဦး၊ ဒီဇင်ဘာလအတွင်း (၁၈)ဦးတို့ကို ပစ်မှတ်ထားကာ ဆောင်ရွက်ခဲ့ကြောင်း၊ အချို့ ငွေလွှဲပေးသူများရှိသလို လွှဲမပေး သူများလည်းရှိကြောင်း၊ ယုံကြည်၍ငွေလွှဲပေးပြီးနောက် လိမ်လည် ခံရသူများမှ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်ထားမှုများကို ရဲတပ်ဖွဲ့မှတ်တမ်းများအရ စိစစ်ရာ နေပြည်တော်၌ (၁)မှု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ (၁)မှု၊ တနင်္သာရီတိုင်းဒေသကြီး၌ (၁)မှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ (၁)မှု၊ ကချင်ပြည်နယ်၌ (၂)မှု၊ မန္တလေးတိုင်းဒေသကြီး (၂)မှု၊ မွန်ပြည်နယ် (၂)မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင်(၁၀)မှု၊ ရှမ်းပြည်နယ်တွင် (၅)မှု ရှိကြောင်း တွေ့ရှိရ ပါသည်။ ၎င်းတို့ကို ဖမ်းဆီးချိန်၌ နေအိမ်အတွင်းမှ ဘဏ်ပြေစာ (၄၁)ရွက်၊ ဘဏ်စာအုပ်မျိုးစုံ (၂၅)အုပ်၊ MPU ကတ်မျိုးစုံ (၅၇)ကတ်၊ ဖုန်း (၉)လုံး၊ Laptop (၁)လုံး၊ ငွေကျပ်သိန်း (၁၀၀)ကျော်၊ လေယာဉ် လက်မှတ် (၁)စောင်၊ လေယာဉ် Booking စာရွက် (၃)ရွက်နှင့် Memory Stick (၃)ခုတို့ သိမ်းဆည်း ရမိခဲ့ပြီး လိမ်လည်ရရှိငွေများကို လက်ရှိအချိန်၌ ခွဲဝေသုံးစွဲပြီးဖြစ်ကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဆိုင်ခန်းငှားရမ်း၍ ဒေါ်စိုးစိုးစံ(ခ)နန်းစန္ဒီ မှ စတိုး ဆိုင်တစ်ခု တည်ထောင်ရင်းနှီးထားကြောင်း ပေါ်ပေါက်ခဲ့ပြီး နိုင်ဂျီးရီးယားနိုင်ငံသားများ ပါဝင်ပတ်သက်နိုင်သည့် အလားတူဂိုဏ်းများလည်း ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့ကသံသယရှိသဖြင့် ဆက်လက်စစ်ဆေးနေကြောင်းနှင့် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုဖော်ထုတ်ရရှိသည့်ဖြစ်စဉ်တွင် ငွေလွှဲခိုင်းသူတရားခံမှ MPU ကတ်၏ Account နံပါတ်ကို ဖော်ပြပေး ပို့ကာ ၎င်း Account သို့ ငွေလွှဲထည့်ခိုင်းကြောင်း၊ နစ်နာသူတရားလိုမှ ၎င်း လွှဲပေးသည့် Account နံပါတ်၊ ရက်စွဲများ ကို တိကျစွာပြောဆိုပူးပေါင်းပါဝင်နိုင်သဖြင့် စုံစမ်း ဖော်ထုတ်နိုင်မှု မြန်ဆန်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ပြည်သူလူထုအနေဖြင့် ဖြစ်စဉ်အခြေအနေကိုသိရှိထားပြီး ဆင်ခြင်သုံးသပ်နိုင်ပါရန် အသိပေး ဖော်ပြအပ်ပါ သည်။ သတင်း၊ ဓါတ်ပုံ(မြန်မာနိုင်ငံရဲတပ်ဖွဲ)
#PeopleMedia

Share this post