• Follow Us on

Home အင်ဒိုနီးရှားနိုင်ငံ၌ ငလျင်နှင့် ရေဘေးကြောင့် ၉၆ ဦး သေဆုံးပြီး ၇၀၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်

အင်ဒိုနီးရှားနိုင်ငံ၌ ငလျင်နှင့် ရေဘေးကြောင့် ၉၆ ဦး သေဆုံးပြီး ၇၀၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အင်ဒိုနီးရှားနိုင်ငံတွင် အင်အားပြင်းထန်သော ငလျင်နှင့် ရေကြီးမှုများကြောင့် သေဆုံးသူ ၉၆ ဦးအထိ ရှိလာခဲ့ ပြီး လူပေါင်း ၇၀၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အင်ဒိုနီးရှား သဘာဝဘေးပတ်ဝန်ကျင်းဌာနမှ ပြော ရေးဆိုခွင့် ရှိသူ ရာဒစ်ယာဂျာတီက ယနေ့ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အပတ်အတွင်း အနောက်ဆူလာဝေစီပြည်နယ်တွင် အင်အားပြင်း ငလျင်နှစ်ခုလှုပ်ခတ်ခဲ့မှုကြောင့် လူ ပေါင်း ၈၁ဦး သေဆုံးခဲ့ပြီး ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ငလျင်များကြောင့် လူပေါင်း ၂၈၀၀၀ အား အနောက်ဆူလာဝေဆီပြည်နယ် ခရိုင်များတွင်ရှိသည့် ကယ်ဆယ် ရေးစခန်း ၂၅ ခုတွင် ခိုလှုံနေရသည်။

ထို့အပြင် ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၄၀၀၀၀ နီးပါးမှာ တောင်ပိုင်း ကာလီမင်တန်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေခဲ့ရကြောင်း သူကဆိုသည်။

ငလျင်ကြောင့် ခရိုင်အတွင်းရှိ အိမ်ပေါင်း ၁၁၅၀ ပျက်စီးခဲ့သည့်အပြင် စာသင်ကျောင်း ငါးကျောင်းပျက်စီးခဲ့ ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား – ဆင်ဟွာ

Ref; At least 96 killed, nearly 70,000 displaced as quake, floods hit Indonesia

#PeopleMedia

(unicode)
……………………………………………………….








Ref; At least 96 killed, nearly 70,000 displaced as quake, floods hit Indonesia

#PeopleMedia


Share this post