• Follow Us on
Latest News

Home ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ်အကြီးအကျယ်ထိုးပေးမှုစတင်နေ

ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ်အကြီးအကျယ်ထိုးပေးမှုစတင်နေ

Share this post

မော်စကို၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရုရှားတွင် တနင်္လာနေ့၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအကြီးအကျယ်ထိုးပေးမှုစတင်နေပြီး ကာကွယ် ဆေးထိုးခံလိုသူများအနေနှင့် စပွတ်ညစ်-၅ နှင့် အပီဗက်ကိုရိုနာဆေး ၂ မျိုးအနက်မှတခုကိုရွေးချယ်ရ မည်ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမျာ ပူတင်က ဇန်နဝါရီ ၁၃ ရက်တွင် ကူးစက်မှုကြောင့် အထိခိုက်နိုင်ဆုံးလူအုပ်စုများကို ပမာဏအကြီးစားကာကွယ်ဆေးထိုးပေးနေရာမှ ကာကွယ်ဆေးအကြီးအကျယ်ထိုးပေးနိုင်ရန်အဖြစ် ညွှန်ကြားချက်များထုတ်ပေးခဲ့သည်။

ဇန်နဝါရီလမကုန်ခင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂.၁ သန်းဖြန့်ချိမည်ဟု ရုရှားဒုတိယဝန်ကြီးချုပ် တတ်ယာနာ ဂေါ်လီကိုဗာကပြောသည်။

ဆောင်းရာသီနှင့်နွေဦးကာလကြား ပိုမိုအေးမြသည့်အချိန်မတိုင်မီ လူအမြောက်အမြားတွင် ရောဂါခု ခံနိုင်စွမ်းရှိစေရန် ကာကွယ်ဆေးထိုးရန်လိုအပ်ကြောင်း စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့် လူ့ကောင်းကျိုးဖြစ်ထွန်းရေးဌာနအကြီးအကဲ အန်နာ ပိုပေါ့ဗာက အလေးအနက်ပြောသည်။

ယခုနှစ်အတွင်း ရုရှားနိုင်ငံ၏လူဦးရေ ၆၀ ရာခိုင်နှုန်းကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန်လိုအပ်ကြောင်း လည်း သူကပြောပြသည်။

ယခုထိုးပေးနေသည့်ဆေး ၂ မျိုးစလုံး ရုရှားနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ရထားပြီး ရုရှားသိပ္ပံအကယ်ဒမီ၏ ချူမာကော့ ရောဂါခုခံအားနှင့်ဇီဝထုတ်ကုန်များသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်စေရေးသုတေသနစင်တာ ကလည်း နောက်ထပ်ကာကွယ်ဆေးတမျိုးကို စမ်းသပ်နေသည်။ ချူမာကော့၏ဆေးသည် စမ်းသပ်ကုသသည့် အဆင့်ရောက်ရှိနေပြီဖြစ်သည်။

Ref : Mass coronavirus vaccination campaign begins in Russia

#PeopleMedia

(unicode)
…………………………………..








Ref : Mass coronavirus vaccination campaign begins in Russia

#PeopleMedia


Share this post