• Follow Us on

Home ဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူသည်ဟုဆိုကာ ရဟန်း နှစ်ပါးနှင့် လူပုဂ္ဂိုလ်များအား အမှုဖွင့် စစ်ဆေးနေ

ဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူသည်ဟုဆိုကာ ရဟန်း နှစ်ပါးနှင့် လူပုဂ္ဂိုလ်များအား အမှုဖွင့် စစ်ဆေးနေ

Share this post

ဗန်းမော်၊ ဇန်နဝါရီ -၂၀ (People Media)

ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် တစ်ခုအတွင်းတွင် ပစ္စည်းများ ဖောက်ထွင်း ခိုးယူသည် ဟု ဆိုကာ ရဟန်းနှစ်ပါး အပါအဝင် လူပုဂ္ဂိုလ်များကို အမှုဖွင့် စစ်ဆေးနေကြောင်း ဗန်းမော်မြို့မ ရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်သည် ဗန်းမော်မြို့ ဟန်းတဲ ရပ်ကွက်၊ သာသနာ့ လင်းရောင်ခြည် ကျောင်းသစ်၌ ၂၀၂၀ ဇန်နဝါရီလ ၂ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပြီး ငွေ၊ ဖုန်းနှင့် ဘုန်းတော်ကျောင်း အသုံးအဆောင်ပစ္စည်း (စောင်၊ သင်္ကန်း၊ ခေါင်းအုံး၊ အိုးခွက်၊ ပန်ကန် စသည့်) စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း လေးဆယ်ကျော်ကို ကျောင်းဝင်းတံခါးသော့၊ ကျောင်းတိုက်သော့၊ အခန်းသော့၊ မီးဖိုသော့များကို ဖျက်ဆီးဖောက်ထွင်းကာ ယူဆောင်သွားကြသူများမှာ ရဟန်း ၂ ပါး အပါအဝင် ဟန်းတဲရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အပေါင်းအပါများ ပါဝင်ကြသည်ဟုဆိုကာ အဆိုပါကျောင်းတိုက် အကျိုးတော်ဆောင်က တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဗန်းမော်မြို့မ ရဲစခန်းက (ပ)၁၄/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ – ၃၈၀ ဖြင့် အမှုဖွင့်ဆောင်ရွက်ကာ ပါဝင်ပတ်သက်သူများအား စစ်ဆေးနေကြောင်း သိရသည်။

ဗန်းမော်သုခမိန်

#PeopleMedia #ဗန်းမော်

(unicode)


Share this post