• Follow Us on

Home အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး အလုံးရေနှစ်သန်း လက်ဆောင်ပေးမည်

အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး အလုံးရေနှစ်သန်း လက်ဆောင်ပေးမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉ (People Media)

အိန္ဒိယနိုင်ငံမှ လက်ဆောင်တစ်ခုအဖြစ် ဇန်နဝါရီလ ၂၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးရေနှစ်သန်း ရောက်ရှိဖွယ်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အတွင်းဝန် အဗ္ဗဒူမန်နန်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီး ဇာဟက်မာလီကွေးက ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ၏ လက်ဆောင် အဖြစ် အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း အသေးစိတ်မဖော်ပြခဲ့ပေ။

“Serum Institute of India ကနေ ကျွန်တော်တို့ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေနှစ်သန်း ရရှိမှာဖြစ်ပါ တယ်။ ဒီကာကွယ်ဆေးတွေက အိန္ဒိယနိုင်ငံ နဲ့ချုပ်ဆိုထားတဲ့ သဘောတူညီချက်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

Serum Institute of India က အောက်စဖို့တက္ကသိုလ်နှင့် ဆေးဝါးကုမ္ပဏီ AstraZeneca တို့၏ ဗိုင်းရပ်စ် ကာကွယ်ဆေးများ ထုတ်လုပ်သည်။

အိန္ဒိယနိုင်ငံ၏ “အိမ်နီးချင်းနိုင်ငံများ ပထမမူဝါဒ” အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗိုင်းရပ်စ်ကာကွယ်ဆေး များ မြန်ဆန်စွာ ရရှိမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အိန္ဒိယ ကော်မရှင်နာမင်းကြီး ဗီကရမ်ဒိုရွိုင်းဆွာမိက ပြော ကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ဝယ်ယူမည့် သဘောတူညီ ချက်တစ်ရပ် ကို အိန္ဒိယနိုင်ငံနှင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ကိုးကား – အိန္ဒိယတူဒေး

Ref; India to ‘gift’ 2 million vaccine doses to Bangladesh

(unicode)
………………………………………………….








ကိုးကား – အိန်ဒိယတူဒေး

Ref; India to ‘gift’ 2 million vaccine doses to Bangladesh


Share this post