• Follow Us on

Home မွန်ပြည်နယ်တွင် ဇူလိုင်လ ၁၅ ရက်နေ့ တစ်ရက်ထဲ ကိုဗစ်လူနာ ၁၁ ဦး၊ သံသယလူနာ ၃ ဦး စုစုပေါင်း ၁၄ ဦးအထိ သေဆုံး

မွန်ပြည်နယ်တွင် ဇူလိုင်လ ၁၅ ရက်နေ့ တစ်ရက်ထဲ ကိုဗစ်လူနာ ၁၁ ဦး၊ သံသယလူနာ ၃ ဦး စုစုပေါင်း ၁၄ ဦးအထိ သေဆုံး

Share this post

နေပြည်တော်၊ ဇူလိုင် ၁၆ (People Media)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဇူလိုင်လ ၁၅ ရက်နေ့ တစ်ရက်ထဲ ကိုဗစ်လူနာ ၁၁ ဦး၊ သံသယလူနာ ၃ ဦး သေဆုံးသူစုစုပေါင်း ၁၄ ဦးအထိ သေဆုံးမှုရှိခဲ့တယ်လို့ မော်လမြိုင်မြို့ လူမှုကူညီရေးအသင်းများထံက သိရ ပါတယ်။

 

ယမန်နေ့က သေဆုံးသူ ၁၁ ဦးဟာ မော်လမြိုင်ဆေးရုံကြီး Isolation Ward-1 နှင့် Isolation Ward-3 တို့မှာ ကုသမှုခံယူနေသည့် Positive လူနာများဖြစ်ပြီးတော့ ကျန်လေးဦးဟာ မော်လမြိုင်မြို့ ရပ်ကွက်အတွင်းက ဖြစ်တယ်လို့လည်း သိရပါတယ်။

 

အဆိုပါ သေဆုံးသူ အသက်အပိုင်းအခြားများအဖြစ် အသက် ၇၀ ကျော်အရွယ်ရှိ ကျားမ ၅ ဦး၊ အသက် ၆၀ ကျော်အရွယ် ကျားမ ၃ ဦး၊ အသက် ၅၀ ကျော်အရွယ် ကျားမ ၂ ဦးနှင့် အသက် ၃၀ ကျော်မှ ၄၀ ကျော်အထိ ကျားမ ၄ ဦးအထိ ပါဝင်တယ်လို့လဲသိရပါတယ်။

 

လက်ရှိ မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၄၀၀ ကျော်ရှိပြီး သေဆုံးသူဦးရေသည် ၈၀ အထိ မြင့်တက် နေကြောင်း မော်လမြိုင်မြို့ လူမှုကူညီရေးအသင်းများထံက သိရပါတယ်။

 

#PeopleMedia #မော်လမြိုင်

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post