• Follow Us on

Home အိန္ဒိယ-မြန်မာနယ်စပ်၌ Remdesivir ဆေးအတုများနှင့်အတူ ဘီဟာနယ်သားတစ်ဦး အဖမ်းခံရ

အိန္ဒိယ-မြန်မာနယ်စပ်၌ Remdesivir ဆေးအတုများနှင့်အတူ ဘီဟာနယ်သားတစ်ဦး အဖမ်းခံရ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၅ (People Media)

 

အိန္ဒိယ-မြန်မာနယ်စပ်၌ ဆေးဝါးအတုဟုယူဆရသည့် Remdesivir 100 mg  ထိုးဆေးဘူး ၄၄၁ ဘူး တရား မဝင်လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ဘီဟာနယ်သားတစ်ဦးကို အင်ဖာအရှေ့ပိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

 

လက်ထောက်စစ်ဆေးရေးမှူး အက်တာဟူစိန်ဦးဆောင်သောရဲတပ်ဖွဲ့က မဏိပူရပြည်နယ်၊ အင်ဖာအရှေ့ပိုင်း ခရိုင်လက်အောက်ရှိ ထရီဘယ်လ်ဈေးအနီး နယူးချက်ကွန်နယ်မြေ၌ စုံစမ်းရှာဖွေရာတွင် ဆေးဝါးအတုများဟု ယူဆရသည့် ဆေးဝါးများကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း အင်ဖာအရှေ့ပိုင်းခရိုင်မှ ရဲအုပ်ဟီရိုဂျစ်ဆင်းက ပြောသည်။

 

ဖမ်းဆီးရမိသူမှာ ဘီဟာပြည်နယ်၊ ဟတ်ဆန်ပါပီအက်စ်လက်အောက်ရှိ ဆမက်တီပါခရိုင်၊ ဆာဆမ်ကျေးရွာနေ အဘကွယ်လွန်သူ ဘတ်ကူးဆာ၏သားဖြစ်သူ အသက် ၅၅ နှစ်ရှိ လာလိုဆာဆိုသူဖြစ်သည်။

 

ဖမ်းဆီးခံရသူသည် ၎င်းပိုင်ဆိုင်ထားသည့်ဖမ်းဆီးရမိဆေးဝါးများနှင့်ပတ်သက်၍ ဆက်စပ်ပစ္စည်းများကို ထုတ် လုပ်နိုင်စွမ်းမရှိကြောင်း စစ်ဆေးချက်အရသိရသည်။

 

ဖမ်းဆီးရရှိထားသောဆေးဝါးများနှင့် ကုမ္ပဏီတစ်ခုတည်းမှဆေးအစစ်များကို နှိုင်းယှဉ်ကြည့်ရာတွင် အမျိုးအစား မတူသောဆေးဝါးများကိုတွေ့ရကြောင်း ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဆေးဝါးများထိန်းချုပ်ရေးမှူးနှင့်အတူ ပုံမှန်စစ်ဆေးမှုများပြုလုပ်ရာတွင်တွေ့ရှိရသည်။

 

ဆေးဝါးအတုများဟုယုံကြည်ရသည့်ဖမ်းမိထားသည့်ဆေးများမှာ ပြည်နယ်အာဏာပိုင်များရရှိထားသည့် ဆေး ဝါးများနှင့် နှိုင်းယှဉ်ကြည့်ပါက အရွယ်အစားပိုမိုကြီးမားနေသည်ကိုတွေ့ရသည်။ သို့သော် ယင်းဆေးများမှာ စက်ရုံထုတ်ဈေးနှုန်းဖြစ်သော ရင်းဂစ် ၄၄၀၀ ဈေးနှုန်းနှင့်အတူတူဖြစ်ပြီး အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဝယ်လို အားမြင့်တက်လျက်ရှိကာ စက်ရုံထုတ်ဈေးထက် နှစ်ဆမြှင့်တင်ရောင်းချနိုင်ကြောင်းသိရသည်။

 

ဖမ်းဆီးရရှိထားသည့် လာလိုဆာမှာ ဂူဝါဟတီမှ အင်ဖာသို့ အဲအေးရှလေကြောင်းလိုင်းဖြင့် ဇူလိုင်လ ၃၁ ရက် နေ့ကလာရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ဆေးဝါးအတုလုပ်ငန်း၏ခေါင်းဆောင်ဖြစ်သည်ဟုယူဆရသော အ ခြားတစ်ယောက်လည်းပါလာကြောင်း ရဲအုပ်ဟီရိုဂျစ်ဆင်းက ပြောသည်။

 

Ref: Manipur: Bihar resident caught with hundreds of fake Remdesivir tablets

 

#PeopleMedia #ဆေးအတု #အိန္ဒိယ-မြန်မာနယ်စပ်

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 


 

Ref: Manipur: Bihar resident caught with hundreds of fake Remdesivir tablets

 

#PeopleMedia #ဆေးအတု #အိန်ဒိယ-မွနျမာနယျစပျ


Share this post