• Follow Us on

Home ရှမ်းမြောက်ဒေသ ကြူကုတ်ပန်ဆိုင်းမြို့အနီး မြန်မာ-တရုတ်နယ်စပ်၌ တရုတ်အစိုးရမှ ၎င်းဘက်ခြမ်းတွင်  လူအင်အားများစွာ အသုံးပြု၍ ခြံစည်းရိုး တည်ဆောက်နေ

ရှမ်းမြောက်ဒေသ ကြူကုတ်ပန်ဆိုင်းမြို့အနီး မြန်မာ-တရုတ်နယ်စပ်၌ တရုတ်အစိုးရမှ ၎င်းဘက်ခြမ်းတွင်  လူအင်အားများစွာ အသုံးပြု၍ ခြံစည်းရိုး တည်ဆောက်နေ

Share this post

နေပြည်တော်၊ သြဂုတ် ၁၉ (People Media)

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကြူကုတ်ပန်ဆိုင်းမြို့အနီးရှိ မြန်မာ-တရုတ်နယ်စပ်၌ တရုတ်နိုင်ငံက ၎င်းဘက်ခြမ်းတွင် အင်အားများစွာ အသုံးပြု၍ ခြံစည်းရိုးကို တည်ဆောက်လျက်ရှိသည်။

 

အဆိုပါ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့ ကြူကုတ်-ပန်ဆိုင်းမြို့အနီး၌ တိုက်ပွဲများကြောင့် အနီးနားရွာ ၇ ရွာမှ ဒေသခံများသည် စစ်ဘေးရှောင်များ နေထိုင်လျက်ရှိခြင်းကြောင့် တရုတ်ဘက်မှ ယခုလိုခြံစည်းရိုးတည်ဆောက် နေခြင်းဖြစ်ကြောင်း သိရသည်။

 

မူဆယ်မြို့နယ် ကြူကုတ်-ပန်ဆိုင်းမြို့အနီး၌ ယခုရက်ပိုင်းများတွင် တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)တို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသခံများမှ ယင်းနယ်စပ်အနီးသို့ ထွက်ပြေးတိမ်းရှောင်ကာ နေထိုင်လျက်ရှိသည်။

 

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကျေးသီးစသည့် မြို့နယ်များတွင် ပြီးခဲ့သည့် လပိုင်းတွင် RCSS ရှမ်းတောင်ပိုင်းအဖွဲ့၊ SSPP ရှမ်းမြောက်ပိုင်းနှင့် TNLA တအာင်း(ပလောင်)ပူးပေါင်းအဖွဲ့တွေ အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး မြန်မာ-တရုတ်နယ်စပ်အနီး၌ ဒေသခံပြည်သူများ ထောင်နှင့်ချီ တိမ်းရှောင် နေထိုင်လျက်ရှိရာ ၎င်းတို့မဝင်ရောက်နိုင်ရန် တရုတ်အစိုးရက လူအင်အားများစွာအသုံးပြု၍ ခြံစည်းရိုး တည် ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

#PeopleMedia #မူဆယ် #တရုတ် #မြန်မာ #ခြံစည်းရိုး

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post