• Follow Us on

Home မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအနီးရှိ ရေနံပိုက်လိုင်း မီးရှို့ဖျက်ဆီးခံခဲ့ရ

မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအနီးရှိ ရေနံပိုက်လိုင်း မီးရှို့ဖျက်ဆီးခံခဲ့ရ

Share this post

မကွေး၊ နိုဝင်ဘာ ၂၀ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဝတ်ပုတ်ကျေးရွာအနီးရှိ ရေနံပိုက်လိုင်းသည် ဖောက်ထွင်းခံ ခဲ့ရပြီးနောက် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြိုင်မြို့နယ် ဝတ်ပုတ်ကျေးရွာအနီးရှိ ပိုက်လိုင်းအမှတ် ၁၅/၇ နှင့် ၁၆/၀ ကြားရှိ ပိုက်လိုင်းသည် ဖောက်ထွင်းခံခဲ့ပြီး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

 

“ပိုက်လိုင်းကို အပေါက်လေးပေါက် ဖောက်တယ်။ နောက် မီးရှို့သွားတယ်။ ဖြစ်စဉ်က နံနက် ၁၀ နာရီမှာ ဖြစ် တာ။ ၁၀ နာရီ မိနစ် ၄၀ ခန့်မှာ ပိုက်လိုင်းပြန်လည်ပြင်ဆင်ပြီးတယ်လို့ သိရကြောင်း” ဒေသခံတစ်ဦးက ပြောပါ တယ်။

 

အဆိုပါ ရေနံပိုက်လိုင်းသည် ကျောက်ခွက်ရေနံမြေမှ အရာတော်ရေနံမြေသို့ ပို့ဆောင်သည့် ပိုက်လိုင်းဖြစ် ကြောင်း သိရပါတယ်။

 

#PeopleMedia #ရေနံပိုက်လိုင်း #မြိုင်

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post