လမ်းမတော်မြို့နယ်၌ ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - December 8, 2021
ရန်ကုန်၊ ဒီဇင်ဘာ ၈ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၉) ရပ်ကွက်၊ ဇော်ဂျီလမ်းတွင် ဈေးရောင်းနေသည့် မခင်နေ မျိုးဆိုသူ ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းကြောင့် သေဆုံးသွားကြောင်း ယင်းအနီးနေထိုင်သူ များထံမှ သိရသည်။
“မခင်မျိုးက ပရဟိတလုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်တယ် လှူလည်းလှူတယ်။ ဒီနေ့ မနက် အစောပိုင်းက အပစ်ခံရတာ။ ၆ နာရီလောက်မှာ သေသွားတယ်လို့ သိရပါတယ်” ဟု အနီးနေထိုင်သူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ မခင်နေမျိုးဆိုသူမှာ လမ်းမတော်မြို့နယ်၊ (၉) ရပ်ကွက်၊ ဇော်ဂျီလမ်း၊ လမ်းဓမ္မာရုံရှေ့တွင် ဈေးရောင်း ချနေရာတွင် ယနေ့ နံနက်စောပိုင်းက အမည်မသိသူတစ်ဦး သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မခင်နေမျိုးဆိုသူမှာ လည်ပင်းနှင့် ရင်ဘတ်တို့ ကျည်ထိမှန်ဒဏ်ရာရရှိကာ နေရာ၌ ပင် သေဆုံးခဲ့ပြီး၊ အနီးရှိ ဈေးသည်တစ်ဦးကိုလည်း ခြေထောက်တွင် ကျည်ဆံထိမှန်ခဲ့ကြောင်း သိရသည်။
ထိုနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အခင်းဖြစ်ပွားရာနေကို ခေတ္တပိတ်ထားကာ စစ်ဆေး ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia #လုပ်ကြံမှု
(unicode)
…………………………………………………….
Photo – Credit