• Follow Us on

Home တောင်တွင်းကြီးမြို့နယ်၌ ကားတစ်စီးမှ ရပ်ထားသည့် ဆိုင်ကယ်နှင့် လူတစ်ချို့ကို ဝင်တိုက်မိရာ (၁) ဦး သေ ဆုံးပြီး (၅) ဦး ဒဏ်ရာရရှိ

တောင်တွင်းကြီးမြို့နယ်၌ ကားတစ်စီးမှ ရပ်ထားသည့် ဆိုင်ကယ်နှင့် လူတစ်ချို့ကို ဝင်တိုက်မိရာ (၁) ဦး သေ ဆုံးပြီး (၅) ဦး ဒဏ်ရာရရှိ

Share this post

မကွေး၊ ဒီဇင်ဘာ ၉ (People Media)

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဂွေးကုန်းကျေးရွာအနီး၌ ဒီဇင်ဘာ ၈ ရက်၊ ညနေ ၅ နာရီခွဲ အချိန်ခန့်က ကားတစ်စီးမှ ရပ်ထားသည့် ဆိုင်ကယ်အပါအဝင် လူတစ်ချို့ကို ဝင်တိုက်ခဲ့ရာမှ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေစီက သိရပါတယ်။

 

“လမ်းဘေးမှာ ဆိုင်ကယ်ပျက်လို့ ပြင်နေတာ။ အဲ့ကားက ဝင်တိုက်တာ။ အဲ့နားမှာရှိတဲ့သူတွေ အားလုံး (၇) ယောက် အတိုက်ခံရတာ။ အတိုက်ခံရတဲ့ထဲမှာ ၃ လအရွယ်သမီးလေးကတော့ ဘာမှမဖြစ်သွားဘူး။ တစ် ယောက်ကတော့ ဖြစ်တဲ့နေရာပဲ သေဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ဒီနေ့မနက်က ဆေးရုံမှာ ဆုံးတာလို့ သိရပါတယ်” လို့ ကလျာဏသုခလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးအေးမင်းထွေးက ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး (၅) ဦးမှာ ခေါင်းပေါက်ဒဏ်ရာ၊ ပေါင်ကျိုးဒဏ်ရာစတဲ့ ဒဏ်ရာတွေရရှိခဲ့တဲ့အတွက် တောင်းတွင်းကြီးမြို့နယ်ဆေးရုံကို လူမှုကူညီရေးအသင်းတွေက ပို့ဆောင်ပေး ခဲ့တယ်လို့ သိရပါတယ်။

 

ဆေးရုံကို ပို့ဆောင်ထားတဲ့ ဒဏ်ရာရရှိလူနာတွေထဲက အမျိုးသားတစ်ဦးမှာ ဒီကနေ့ မနက်ပိုင်းက ထပ်မံ သေဆုံးသွားတာဖြစ်ပြီး ယာဉ်မောင်းမှာတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ မရှိဘူးလို့ သိရပါတယ်။

 

အခင်းဖြစ်နေရာကို တောင်တွင်းကြီးမြို့မှ စိတ္တသုခလူမှုကူညီရေးအသင်း၊ ကလျာဏသုခလူမှုကူညီရေး အသင်း၊ ပုဏ္ဏဝတီဖေါင်ဒေးရှင်း၊ ဒေါ်ခင်မာရင်ဖေါင်ဒေးရှင်းတို့က မော်တော်ယာဉ်တွေက သွားရောက် ကူညီသယ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

#PeopleMedia #ယာဉ်တိုက်မှု

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post