• Follow Us on

Home ပဋိပက္ခများကိုဖြေရှင်းနေရခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ကြောင်း န-စ-ကဥက္ကဋ္ဌပြောဆို

ပဋိပက္ခများကိုဖြေရှင်းနေရခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ကြောင်း န-စ-ကဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၅ (People Media)

 

ပဋိပက္ခများကို ဖြေရှင်းနေရခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှုနောက်ကျစေမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ယနေ့ ကျရောက်သည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နေ့တွင် ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားထားသည်။

 

တိုင်းပြည်၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းအတွင်း ကြုံတွေ့ခဲ့ရသော နိုင်ငံရေးပဋိပက္ခများကို အခြေခံသည့် ရိုက်ခတ်မှုကြောင့် တိုင်းရင်းသား ညီအစ်ကို အချင်းချင်းအကြား နိုင်ငံရေးဝါဒမတူညီမှု၊ အယူအဆမတူညီမှုများနှင့် သံသယများကို တိုးပွားစေပြီး လက်နက်ကိုင် ပဋိပက္ခများကို ဖြစ်ပေါ်စေခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ထိုပဋိပက္ခများကို ဖြေရှင်းနေရခြင်းကြောင့် နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံဖြိုးတိုးတက်မှု နောက်ကျစေမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ စစ်မှန်၍ စည်းကမ်းပြည့် ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင်းသုံးပြီး ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားများအားလုံး အေးအတူ၊ ပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်ရင်း အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောင်ပေး ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့အား ချမှတ်အကောင်အထည် ဖော်လျက်ရှိရာ ရခိုင်ပြည်နယ် ပြည်သူလူထု၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ရခိုင်ပြည်နယ်၏ လုံခြုံမှု၊ တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတို့သည် များစွာတိုးတက်ဖြစ်လာခဲ့ကြောင်း၊ မိမိတို့ နိုင်ငံတွင် ကျေးလက်နေလူဦးရေ (၇၀)ရာခိုင်နှုန်းကျော်ရှိသဖြင့် စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်ချိန်တွင် ကျေးလက်နှင့် မြို့ပြ ကွားခြား ချက်များ  အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရန် လိုအပ်သည့်အတွက် ရခိုင်ပြည်နယ်ဒေသ၏ ကျေးလက် နေပြည်သူများ ဘဝတိုးတက်အောင် စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia #နစက #၄၇နှစ်မြောက်ရခိုင်ပြည်နေ့

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post