• Follow Us on

Home မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သစ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးအား တာဝန်ပေး ခန့်အပ်ကြောင်း ကမ္ဘောဒီးယားပြော

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သစ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးအား တာဝန်ပေး ခန့်အပ်ကြောင်း ကမ္ဘောဒီးယားပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၅ (People Media)

 

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန် (Samdech Techo Hun Sen) က နိုင်ငံခြားရေး ဝန်ကြီး Prak Sokhonn အား မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။

 

Sokhonn သည် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သော ဘရူနိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan bin Pehin Yusof ၏ နေရာတွင်ဆက်ခံသွားမည်ဖြစ်သည်။

 

“အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အဖြစ် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Prak Sokhonn ကိုခန့်အပ်မယ့်အကြောင်း ကျွန်တော်အတည်ပြုပါတယ်” ဟု ဖနွမ်းပင်မြို့ရှိ ဇိမ်ခံဟိုတယ်တစ်လုံး ဖွင့်ပွဲအခမ်း အနားတွင် အမှာစကားပြောကြားစဉ် ဟွန်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှု အကူအညီထောက်ပံ့ပေးရန်နှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်း စဉ်ကို အကောင်အထည်ဖော်ဆောင်ရွန်အတွက် အာဆီယံခေါင်းဆောင်များ၏ ဧပြီလတွင် ချမှတ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ သဘောတူညီချက် ၅ ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်သွားရေးကို အဆိုပါ အထူးကိုယ်စားလှယ်က လုပ်ဆောင်သွားရမည်ဖြစ်သည်။

 

ထို့ပြင် ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းသည် လာမည့် ဇန်နဝါရီ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအနေဖြင့် ကမ္ဘောဒီး ယားနိုင်ငံသည် စည်းလုံးညီညွတ်သောမိသားစုတစ်ခုအဖြစ် အာဆီယံကိုမြှင့်တင်သွားရန် အကောင်းဆုံးလုပ် ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

(ဆင်ဟွာ)

 

#PeopleMedia #မြန်မာ_အာဆီယံ_ကမ္ဘောဒီးယား

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

#PeopleMedia #မွနျမာ_အာဆီယံ_ကမ်ဘောဒီးယား


Share this post